Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာ့အရေးဆွေးနွေးမှုမှာ ပတ်သက်ဆက်နွှယ်သူအားလုံးကို ချိတ်ဆက်နေတယ်လို့ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားဆို

အင်ဒိုနီးရှားအစိုးရဟာပြီးခဲ့တဲ့လတုန်းကလည်းကုလသမဂ္ဂလုံခြုံရေး ကောင်စီရဲ့ မြန်မာ့အရေး တံခါးပိတ် ဆွေးနွေးမှုမှာ နောက်ဆုံး အခြေအနေတွေကို ပါဝင် တင်ပြခဲ့ပါတယ်။

(အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တ်နိုမာဆူဒီ ဧပြီ ၅ ရက် သတင်းစာရှင်းလင်းပွဲတွင် ​တွေ့ရစဥ်။ ဓါတ်ပုံ-Aprillio Akbar/Jakarta Globe)
(အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တ်နိုမာဆူဒီ ဧပြီ ၅ ရက် သတင်းစာရှင်းလင်းပွဲတွင် ​တွေ့ရစဥ်။ ဓါတ်ပုံ-Aprillio Akbar/Jakarta Globe)

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကိုကူညီ ဖြေရှင်းဖို့အတွက် အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားဟာပတ်သက်ဆက်နွှယ်သူ အားလုံးနဲ့ ချိတ်ဆက်ဖို့ ကြိုးစားနေဆဲလို့ နိုင်ငံခြားရေးဝန်ကြီးရက်တ်နိုမာဆူဒီက ဒီက​​နေ့ပြောပါတယ်။

အင်ဒိုနီးရှားဟာ အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန် ကတည်းက အာဆီယံ အဖွဲ့ဝင် မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကို ကူညီ ဖြေရှင်းဖို့ ကြိုးစားနေပါတယ်။ အင်ဒိုနီးရှားဟာ မြန်မာ့အရေးကို ကိုင်တွယ်ရာမှာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကနေ ချော်ထွက်သွားဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူးလို့ မာဆူဒီက ဆိုပါတယ်။ အဲဒီ ဘုံသဘောတူညီချက်တွေဟာ လက်တွေ့ အောင်မြင် တိုးတက်မှုတွေနဲ့ ဝေးကွာနေကြောင်း ဝေဖန် ခံနေရပါတယ်။

အင်ဒိုနီးရှားဟာ အဲဒီ ဘုံသဘောတူညီချက်တွေထဲက တစ်ခုဖြစ်တဲ့ မြန်မာ့အရေးအတွက် ပတ်သက် ဆက်နွှယ်သူ အားလုံးနဲ့ ထိတွေ့ ဆွေးနွေးနိုင်ရေးကို ချိတ်ဆက် လုပ်ဆောင်နေပြီး အလွန်အကျွံ အင်အားသုံးမှုတွေ၊ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းရေးအတွက် စဉ်ဆက်မပြတ် တိုက်တွန်း တောင်းဆိုနေကြောင်း မာဆူဒီက ပြောပါတယ်။

ဒါ့အပြင် မြန်မာ့ ပြည်တွင်းရေး ပဋိပက္ခကြောင့် အရပ်သားတွေကြားညပ် သေဆုံးမှုတွေ တစ်စထက်တစ်စ တိုးပွားလာတာကိုလည်း စိုးရိမ်ကြောင်း သူက ဧပြီ ၅ ရက် သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

အင်ဒိုနီးရှား အနေနဲ့ မြန်မာနိုင်ငံကဘယ်သူဘယ်ဝါ၊ဘယ်ပုဂ္ဂိုလ်တွေနဲ့ ချိတ်ဆက် ဆွေးနွေးနေသလဲ ဆိုတာကိုတော့ မာဆူဒီက တိတိကျကျ မှတ်ချက် မပေးခဲ့ပါဘူး။

အခုဆိုရင် အင်ဒိုနီးရှားဟာ ဘုံသဘောတူညီချက် ၅ ရပ်ထဲက တစ်ခုဖြစ်တဲ့ လူသားချင်း စာနာမှု အထောက်အပံ့တွေကို ပဋိပက္ခ နယ်မြေတွေဆီ ပို့ဆောင်နိုင်ရေးဖိအားပေး တောင်းဆိုမှုတွေမှာ တိုးတက်မှုတချို့ ရရှိနေပြီလို့လည်း သူက ဆိုပါတယ်။

အင်ဒိုနီးရှားအစိုးရဟာပြီးခဲ့တဲ့လတုန်းကလည်းကုလသမဂ္ဂလုံခြုံရေး ကောင်စီရဲ့ မြန်မာ့အရေး တံခါးပိတ် ဆွေးနွေးမှုမှာ နောက်ဆုံး အခြေအနေတွေကို ပါဝင် တင်ပြခဲ့ပါတယ်။

ဒါ့အပြင် အာဆီယံရဲ့ ဥက္ကဋ္ဌ အနေနဲ့ အင်ဒိုနီးရှားဟာ မြန်မာ့အရေး ဆွေးနွေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ မြန်မာ့ အိမ်နီးချင်းတွေ အပါအဝင် နိုင်ငံတချို့နဲ့ ပထမဆုံးအကြိမ် အလေးအနက် တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ ဖော်ပြချက်အရ စစ်အုပ်စုအာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်ရဲ့ အင်အားသုံး ဖြိုခွင်းမှုတွေကြောင့် လက်ရှိ အချိန်ထိ မြန်မာနိုင်ငံမှာ အရပ်သားပြည်သူ ၃၂၁၂ ဦးထိ သေဆုံးခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

ကိုးကား- Jakarta Globe