Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နောင်ချိုမှာ ၄ ရက်ဆက်တိုက်ပွဲပြင်းထန်​နေ

တိုက်ပွဲ​တွေ​ကြောင့် အနီးဝန်းကျင်က ​ကျေးရွာ​တွေကပြည်သူ​တွေဟာ​ဘေးလွတ်ရာထွက်​ပြေးတိမ်း​ရှောင်​နေကြသလို ၊ PDF ​တွေက ဧပြီ ၃ ရက်ကတည်းက​ဒေသခံပြည်သူ​တွေကို တိုက်ပွဲ​တွေဖြစ်နိုင်လို့ ​ဘေးလွတ်ရာတိမ်း​ရှောင်ကြဖို့ ကြိုတင်​တိမ်း​ရှောင်ခိုင်တာလည်းရှိတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

(မန္တ​လေးPDF တပ်ဖွဲ့ဝင်များနှင့် ​နောင်ချိုမြို့နယ်အနီးတစ်ဝိုက်ကို Google Map တွင်​တွေ့ရမှု။ဓါတ်ပုံ-MPDF)
(မန္တ​လေးPDF တပ်ဖွဲ့ဝင်များနှင့် ​နောင်ချိုမြို့နယ်အနီးတစ်ဝိုက်ကို Google Map တွင်​တွေ့ရမှု။ဓါတ်ပုံ-MPDF)

ရှမ်းပြည်နယ် ​နောင်ချိုမြို့နယ်မှာ ​လေးရက်ဆက်တိုက်ပွဲ​တွေပြင်းထန်​နေတယ်လို​ဒေသခံ​တွေက ​ပြောပါတယ်။

​နောင်ချိုမြို့နယ် ဟိုခို ၊သံဘို နဲ့ သုံဆယ်ရွာ​တွေဘက်မှာ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး)-MPDF တပ်ရင်းတပ်ဖွဲ့​တွေကို စစ်​ကောင်စီတပ်​တွေအင်အားအများအပြားနဲ့ဧပြီ ၅ ရက်​နေ့ည​နေကစပြီးထိုးစစ်ဆင်တိုက်ခိုက်လာတာ​ကြောင့်တိုက်ပွဲ​တွေ အပြင်းအထန်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

စစ်တပ်ကလက်နက်ကြီး​တွေနဲ့ အချက်​ရေများစွာရမ်းသမ်းပစ်ခတ်မှု​တွေ​ကြောင့်ပြည်သူ့အချို့ ထိခိုက်​​သေဆုံးမှု​တွေရှိ​နေပါတယ် ။

(မန္တ​လေးPDF တပ်ဖွဲ့ဝင်များနှင့် ​နောင်ချိုမြို့နယ်အနီးတစ်ဝိုက်ကို Google Map တွင်​တွေ့ရမှု။ဓါတ်ပုံ-MPDF)
(မန္တ​လေးPDF တပ်ဖွဲ့ဝင်များနှင့် ​နောင်ချိုမြို့နယ်အနီးတစ်ဝိုက်ကို Google Map တွင်​တွေ့ရမှု။ဓါတ်ပုံ-MPDF)

“နောင်ချိုမြို့နယ်က ဟိုခို၊ သုံးဆယ်ရွာဘက်တွေမှာ ၅ရက်နေ့လောက်က တိုက်ပွဲစဖြစ်တယ်။ အဲဒီဘက်မှာတော့ သုံးဆယ်က ဆိုင်တွေ ပိတ်ထားတယ်။ ဟိုခိုရွာထဲမှာ ၆ရက်နေ့က လက်နက်ကြီးကျလို့ ကလေးနှစ်ယောက်နဲ့ သုံးယောက်ဆုံးသွားတယ် ပြောတယ်။ နောင်ချိုနယ်မှာတော့ အခု ငါးရက်တစ်စျေးတွေ ပိတ်ထားတယ်။ မနေ့ကလည်း လက်နက်ကြီးတွေနဲ့ စစ်တပ်ဘက်က ပစ်နေတယ်ပြောတယ်”လို့နောင်ချိုမြို့ဒေသခံတစ်ဦး People’s Spring သတင်းဌာနကို ဧပြီ ၈ ရက်​နေ့မှာ ​ပြောပါတယ်။

တိုက်ပွဲ​တွေ​ကြောင့် အနီးဝန်းကျင်က ​ကျေးရွာ​တွေကပြည်သူ​တွေဟာ​ဘေးလွတ်ရာထွက်​ပြေးတိမ်း​ရှောင်​နေကြသလို ၊ PDF ​တွေက ဧပြီ ၃ ရက်ကတည်းက​ဒေသခံပြည်သူ​တွေကို တိုက်ပွဲ​တွေဖြစ်နိုင်လို့ ​ဘေးလွတ်ရာတိမ်း​ရှောင်ကြဖို့ ကြိုတင်​တိမ်း​ရှောင်ခိုင်တာလည်းရှိတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

တိုက်ပွဲ အစမှာ စစ်တပ်က လက်နက်ကြီး​တွေအများအပြားနဲ့ အ​ဝေးက​နေပစ်ခတ်ခဲ့ပြီး​တော့ ၊အဲဒီ​နောက်မှာ​တော့ စစ်တပ်နဲ့ PDF ​တွေဟာ ရင်ဆိုင်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားကြတာလို့​ဒေသခံအချို့က​ပြောပါတယ် ။စစ်တပ်က တိုက်ပွဲမှာ တိုက်ခိုက်​ရေးရဟတ်ယာဥ်​တွေကိုလည်းအသုံးပြုခဲ့​ပေမယ့် PDF ​တွေကလည်း စနစ်တကျခုခံတိုက်ခိုက်​နေတယ်လို့သိရပါတယ်။ ဧပြီ ၈ ရက်အထိ့ ၄ ရက်ဆက် တိုက်ပွဲ​​တွေအပြင်းအထန်ဖြစ်ပွား​နေပြီး တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှု အ​ခြေအ​နေကို​တော့မသိရ​သေးပါဘူး။

(မန္တ​လေးPDF တပ်ဖွဲ့ဝင်များနှင့် ​နောင်ချိုမြို့နယ်အနီးတစ်ဝိုက်ကို Google Map တွင်​တွေ့ရမှု။ဓါတ်ပုံ-MPDF)
(မန္တ​လေးPDF တပ်ဖွဲ့ဝင်များနှင့် ​နောင်ချိုမြို့နယ်အနီးတစ်ဝိုက်ကို Google Map တွင်​တွေ့ရမှု။ဓါတ်ပုံ-MPDF)

​နောင်ချို ​ဒေသနဲ့ ဆက်စပ်​နေတဲ့ မိုးကုတ်မြို့နယ်က လယ်ကြီး စစ်ကောင်စီ စခန်း ရယ် ၊ရဲဂိတ်​တွေရယ် နဲ့ စစ်ကူလာတဲ့ကား​တွေကို ဧပြီ ၇ ရက်က KIA ဦး​ဆောင်တဲ့ မဟာမိတ်အဖွဲ့​တွေက တိုက်ခိုက်ခဲ့တာ​ကြောင့် စစ်သား ၁၁ ​လောက်​သေဆုံးပြီး ၁၂ ဦး​လောက်ဒဏ်ရာရတယ်လို့ မိုးမိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်(KPDF)က ဒီက​နေ့ သတင်းထုတ်ပြန်ပါတယ် ။

ဧပြီ ၇ရက်မှာ မိုးကုတ် – ပြင်ဦးလွင် – ကျောက်မဲလမ်းရှိ လယ်ကြီး စစ်ကောင်စီ စခန်းနဲ့ရဲ ဂိတ်​တွေကို ကချင်လွတ်လပ်ရေးတပ်မတော်(K.I.A)၊ K- PDF ( Kachin Region ) ၊ PDF ( NUG ) ၊ ကျောင်းသားတပ်မတော် ( A.B.S.D.F ) (ရှမ်းမြောက်ဒေသ )မဟာမိတ်တပ်ပေါင်းစုတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒါအပြင် မိုးကုတ်-မိုင်းလုံလမ်း အောက်ညောင်ကုန်းရွာအနီးမှာစစ်ကူယာဉ်တန်းကိုပါ​စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။အဲဒီ တိုက်ခိုက်မှု ၂ ကြိမ်မှာစစ်တပ်က​သေဆုံးဒဏ်ရာရသူ​ပေါင်း ၂၀ ​ကျော်ရှိ​ပေမယ့် ပူး​ပေါင်းတပ်ကထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ​ဖေ​ဖော်ဝါရီ လ ၁၀ ရက်ကလည်း NUG ၊ကာကွယ်ရေးဝန်ကြီးဌာနလက်​အောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် (မန္တ​လေး)ကို စစ်တပ်က ​ကုန်​ကြောင်း၊​လေ​ကြောင်းမှ ၆ နာရီကြာ အပြင်းအထန်တိုက်ခဲ့ပါ​သေးတယ် ။အဲဒီတိုက်ပွဲမှာ စစ်သားအနည်းဆုံး ၂၅ ဦး​သေဆုံးပြီး​တော့ လက်နက်ခဲယမ်း​တွေကိုလည်းMPDF တပ်ဖွဲ့ကသိမ်းဆည်းနိုင်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ PDF နှစ်ဦးကျဆုံးခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ ကရင်ပြည်နယ် မြဝတီ ၊​ကော့ကရိတ် ၊​ရွှေကုက္ကိုလ်​ဒေသ ၊ စစ်ကိုင်းတိုင်းမှာ အင်း​တော် ၊ထီးချိုင့်၊ကသာ၊ဝက်လက် စ​တဲ့ဒေသ​တွေ၊ ရှမ်းပြည်နယ်မှာ ​နောင်ချိုမြို့နယ် ၊ ချင်းပြည်နယ်တွင် မင်းတပ် ၊ဖလမ်း ၊ဟားခါး မြို့နယ် ၊ ကရင်နီပြည်နယ်တွင် ဒီး​မော့ဆိုမြို့နယ် ၊ကချင်ပြည်နယ်မှာ ​ရွှေကူမြို့နယ်၊တနသာ်ရီ တိုင်းတွင် ပု​လောမြို့နယ်၊တနသာ်ရီမြို့နယ်၊မ​ကွေးတိုင်တွင် ​ဂန့်​ဂေါမြို့နယ် ၊ပဲခူးတိုင်း​ရွှေကျင်မြို့နယ် စ​တဲ့ဒေသများစွာမှာစစ်​ကောင်စီတပ်၊BGF နဲ့ပျူ​စောထီး​တွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​တွေ ၊​ဒေသခံကာကွယ်​ရေးတပ်​တွေ၊PDF ​တွေက ခုခံတိုက်ခိုက်​နေပြီး တိုက်ပွဲ​တွေအပြင်းအထန်ဖြစ်ပွား​နေပါတယ်။