Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နေ့အပူချိန်မြင့်တက်နေချိန် မန္တလေးမှာအမျိုးသားတစ်ဦး လဲကျသေဆုံး

ဒီနေ့ နေ့ခင်းပိုင်းက မဟာအောင်မြေမြို့နယ် ၄၁ လမ်းနဲ့ ၈၂ လမ်းထောင့်မှာ အသက် ၄၀ အရွယ်အမျိုးသား တစ်ဦး လဲကျသေဆုံးသွားတာပါ။

နေ့အပူချိန်မြင့်တက်နေချိန် မန္တလေးမှာအမျိုးသားတစ်ဦး လဲကျသေဆုံး
နေ့အပူချိန်မြင့်တက်နေချိန် မန္တလေးမှာအမျိုးသားတစ်ဦး လဲကျသေဆုံး

မန္တလေးမှာ နေ့ဘက် အပူချိန်မြင့်တက်နေချိန်မှာပဲ မဟာအောင်မြေမြို့နယ်အတွင်း လူလတ်ပိုင်းအရွယ်အမျိုးသား တစ်ဦး လဲကျ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးခဲ့သူအချို့ ထံကသိရပါတယ်။

ဒီနေ့ နေ့ခင်းပိုင်းက မဟာအောင်မြေမြို့နယ် ၄၁ လမ်းနဲ့ ၈၂ လမ်းထောင့်မှာ အသက် ၄၀ အရွယ်အမျိုးသား တစ်ဦး လဲကျသေဆုံးသွားတာပါ။

“လဲကျတာကို သတင်းပေးလို့သွားသယ်တာ။ အပူရှိန်ကြောင့်ဖြစ်မယ် “လို့ အလောင်းကိုသွားရောက်သယ်ဆောင်ပေးခဲ့သူတစ်ဦးကပြောပြပါတယ်။

အဲဒီ ရုပ်အလောင်းကိုသက်ဆိုင်သူရဲ့ မိသားစု ဆန္ဒအရ နေအိမ်ကိုပဲပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။

ဒီနေ့ မန္တလေးမြို့ရဲ့အပူချိန်ဟာ ၄၃ ဒီဂရီစင်တီဂရိတ်ဝန်းကျင်ရှိပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်ကလည်း မန္တလေးမှာ အပူချိန်မြင့်တက်နေချိန် အစာအာဟာရပြတ်လပ်ပြီး သေဆုံးတယ်လို့ ယူဆရဖွယ် ပိုင်ရှင်မဲ့ အမျိုးသား ၃ ဦး ရဲ့အလောင်းတွေ ကိုလူမှုကူညီရေးအသင်းတွေက မန္တလေးဆေးရုံကြီး ရင်ခွဲရုံဆီပို့ဆောင်ပေးခဲ့ရတာရှိခဲ့ပါတယ်။