Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကနီမြို့နယ်တွင်​လေပြင်းတိုက်ပြီး မိုးသီး​ကြွေကျ၍​နေအိမ်အချို့ပျက်စီး

ကနီမြို့အခြေစိုက်ကျောက်လုံးကြီး KLGPDFပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ” အခုထိ လေမရပ်သေးဘူး။ အပျက်အစီးတွေရှိတယ်လို့ ကြားပေမယ့် မနက်မှ သိရမယ်”ဟု ပြောသည်။

(က​နီမြို့နယ်တွင် ​လေပြင်းတိုက်ခတ်ပြီး မိုးသီးများ​ကြွေကျပြီး​နောက် ​​နေအိမ်အချို့ပျက်စီး​နေစဥ်။ဓါတ်ပုံ-CJ)
(က​နီမြို့နယ်တွင် ​လေပြင်းတိုက်ခတ်ပြီး မိုးသီးများ​ကြွေကျပြီး​နောက် ​​နေအိမ်အချို့ပျက်စီး​နေစဥ်။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ယနေ့ညနေ ၅နာရီခန့်မှ ညပိုင်းအထိ ရုတ်တရက်လေပြင်းတိုက်ခတ်ပြီး မိုးသီးများလည်း ကြွေကျခဲ့သောကြောင့် နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့ကြောင်းဒေသခံများကပြောသည်

“မိုးသီးတွေကြွေတယ်။ လေပြင်းလည်းတော်တော်တိုက်တယ်။ အိမ်တွေအမိုးလန်တယ်။ ဓာတ်တိုင်တွေလဲကျလို့ မီးတွေပါ ပြတ်နေတယ်”ဟု ကနီမြို့နယ်ချင်းတွင်းမြစ်ကမ်း​ဘေးကျေးရွာတစ်ရွာမှ ဒေသခံတစ်ဦးကပြောသည်။

(က​နီမြို့နယ်တွင် ​လေပြင်းတိုက်ခတ်ပြီး မိုးသီးများ​ကြွေကျပြီး​နောက် ​​နေအိမ်အချို့ပျက်စီး​နေစဥ်။ဓါတ်ပုံ-CJ)
(က​နီမြို့နယ်တွင် ​လေပြင်းတိုက်ခတ်ပြီး မိုးသီးများ​ကြွေကျပြီး​နောက် ​​နေအိမ်အချို့ပျက်စီး​နေစဥ်။ဓါတ်ပုံ-CJ)

မိုးသက်လေပြင်းကျ‌ရောက်ချိန် သစ်ပင်သစ်ကိုင်းများ ကျိုးကျ၍ လူနှစ်ဦးနှင့် အိမ်‌မွေးတိရိစ္ဆာန်အချို့ ထိခိုက်ခဲ့ကြောင်း သတင်းကြားရသော်လည်း အသေးစိတ်အတည်မပြနိုင်‌သေးပေ။

ယနေ့ ညနေ ပိုင်း လေပြင်းကြောင့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ကျေးရွာဆယ်ရွာထက်မနည်းတွင် နေအိမ်များအမိုးအကာများလန်ပြီးပျက်စီးခဲ့သည်ဟု ကနီမြို့ခံတစ်ဦးကပြောသည်။

ကနီမြို့အခြေစိုက်ကျောက်လုံးကြီး KLGPDFပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ” အခုထိ လေမရပ်သေးဘူး။ အပျက်အစီးတွေရှိတယ်လို့ ကြားပေမယ့် မနက်မှ သိရမယ်”ဟု ပြောသည်။

လက်ရှိကာလသည် နွေရာသီဖြစ်ပြီး ဒေသအများစု၌ နေ့အပူချိန်များ မြင့်တက်နေပြီး အချိန်အခါမဟုတ်မိုးရွာခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီး ကြွေခြင်း၊ တခါတရံ စိုက်ဆင်းလေပြင်းကျခြင်းကဲ့သို့သော မိုးတိမ်တောင်ဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိသည်။ စစ်‌ကိုင်းတိုင်းသည် နှစ်စဉ် လေပြင်းဒဏ် အများဆုံးခံရသောဒေသတွင်ပါဝင်သည်။ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်က နေအိမ်အများအပြား မီးရှိုဖျက်ဆီးနေသလို ဒေသခံများသည် လေပြင်းဘေး ကြိုတင်ကာကွယ်ရေးလည်း မလုပ်နိုင်ကြတော့ပေ။

(က​နီမြို့နယ်တွင် ​လေပြင်းတိုက်ခတ်ပြီး မိုးသီးများ​ကြွေကျပြီး​နောက် ​​နေအိမ်အချို့ပျက်စီး​နေစဥ်။ဓါတ်ပုံ-CJ)
(က​နီမြို့နယ်တွင် ​လေပြင်းတိုက်ခတ်ပြီး မိုးသီးများ​ကြွေကျပြီး​နောက် ​​နေအိမ်အချို့ပျက်စီး​နေစဥ်။ဓါတ်ပုံ-CJ)

” လေပြင်းကလာပြီ။ စစ်ခွေးတွေ လိုက်မောင်းနေရတာနဲ့တင်အိမ်တွေလေပြင်းဒဏ်သက်သာအောင် လုပ်ချိန်တောင်မရဘူး” ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

မြန်မာနိုင်ငံဒေသအများစုတွင် အပူချိန်မြင့်တက်နေကြောင်းနှင့် စစ်ကိုင်းတိုင်းတွင် ဧပြီ ၁၇ရက်မှ ၂၃ရက်အတွင်း မိုးသက်လေပြင်းကျရောက်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။