Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နေပြည်တော် လယ်ဝေးမြို့ လေဆင်နှာမောင်းကျပြီး ရွာ ၂ ရွာ ပျက်စီး

ရွာလုံးကျွတ်နီးပါး ပျက်စီးသွားတဲ့ အဲဒီ ၂ရွာမှာ မီးသတ်ရဲ့စာရင်းအရ သေဆုံးသူ ၆ ဦး နဲ့ ဒဏ်ရာရသူ ၁၀၉ ဦးထိရှိနေပါတယ်။

ဓာတ်ပုံ − Hlai Minn Ht/FB ၊ ဒို့လယ်ဝေးပရဟိတလူငယ်များအသင်း ၊မီးသတ်
ဓာတ်ပုံ − Hlai Minn Ht/FB ၊ ဒို့လယ်ဝေးပရဟိတလူငယ်များအသင်း ၊မီးသတ်

သေဆုံးသူ ၆ ဦးထိရှိလာပြီး ဒဏ်ရာရသူ ၁၀၀ ကျော်ရှိနေ

နေပြည်တော် ၊ လယ်ဝေးမြို့ထဲက တံတားဦးရွာနဲ့ အောင်မြင်ကုန်းရွာတွေမှာ ဒီနေ့ ညပိုင်း ၆ နာရီဝန်းကျင်က လေဆင်နှာမောင်းတိုက်ခတ် လို့ ရွာလုံးကျွတ်နီးပါး ပျက်စီးသွားပါတယ်။

ရွာလုံးကျွတ်နီးပါး ပျက်စီးသွားတဲ့ အဲဒီ ၂ရွာမှာ မီးသတ်ရဲ့စာရင်းအရ သေဆုံးသူ ၆ ဦး နဲ့ ဒဏ်ရာရသူ ၁၀၉ ဦးထိရှိနေပါတယ်။

ဒဏ်ရာရသူ ၁၀၀ ကျော်ထဲမှာ စိုးရိမ်ရသူ ၁၆ ဦးရှိတယ်လို့ လည်းမီးသတ်က ဆိုပါတယ်။

သေဆုံးသူ ၆ ဦးဟာ အမျိုးသား၂ ဦးနဲ့အမျိုးသမီး ၄ ဦးဖြစ်ပါတယ်။

ဒါအပြင် တံတားဦးရွာမှာ အိမ်ခြေ ၇၇ လုံး ၊အောင်မြင်ကုန်းရွာမှာ အိမ်ခြေ ၁၅၅ လုံး ပျက်စီးသွားတယ်လို့သိရပါတယ်။