Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNU ကွန်ဂရက်အောင်မြင်စွာ ကျင်းပနိုင်မှုအပေါ် NUG ဝမ်းမြောက်ကြောင်း သဝဏ်လွှာပို့

KNU (၁၇)ကြိမ်မြောက် ကွန်ဂရက်ကို ဧပြီ ၂၄ ရက်မှ မေလ ၄ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး အဖွဲ့၏ ဗဟိုအမြဲတမ်းကော်မတီဝင် ၄၅ဦး၊ ဥက္ကဋ္ဌ အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၁၁ဦး၊ ဌာနဆိုင်ရာတာဝန်ခံများ ကို ရွေးချယ်ခဲ့သည်။ ဥက္ကဋ္ဌသစ်မှာ ယခင်ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ရွေးကောက်ခံရခြင်းဖြစ်သည်။

(၂၀၁၉က ထိုင်း - မြန်မာနယ်စပ်တစ်နေရာတွင် ကျင်းပသည့် နှစ်(၇၀)ပြည့် ကရင့်လွတ်လပ်ရေးနေ့ အခမ်းအနားတွင် မြင်တွေ့ရသော KNU တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - အေအက်ပီ)
(၂၀၁၉က ထိုင်း - မြန်မာနယ်စပ်တစ်နေရာတွင် ကျင်းပသည့် နှစ်(၇၀)ပြည့် ကရင့်လွတ်လပ်ရေးနေ့ အခမ်းအနားတွင် မြင်တွေ့ရသော KNU တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - အေအက်ပီ)

▪️မဟာမိတ်ဆက်ဆံရေး ပိုမိုခိုင်မာအားကောင်းစေလျက် ဖက်ဒရယ်ဒီမိုကရေစီရေး လက်တွဲဆောင် ရွက်နိုင်ရန် မျှော်လင့်ကြောင်း ဖော်ပြ

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ (၁၇) ကြိမ်မြောက် ကွန်ဂရက်အောင်မြင်စွာ ကျင်းပပြီးစီးခြင်းအား ဂုဏ်ယူဝမ်းမြောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဝဏ်လွှာပေးပို့သည်။

NUGနှင့် KNUအကြား တည်ဆောက်ရရှိထားပြီးသော မဟာမိတ်ဆက်ဆံရေးကို ယခုထက်ပိုမိုခိုင်မာအားကောင်းစေလျက် တော်လှန်ရေး အင်အားစုများနှင့်လက်တွဲကာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် စုပေါင်းခေါင်းဆောင်မှုဖြင့် အတူတကွဆက်လက်လက်တွဲ ဆောင်ရွက်သွားနိုင်ရန် ယုံကြည် မျှော်လင့် ကြောင်းလည်း သဝဏ်လွှာ၌ ဖော်ပြသည်။

စတင်ဖွဲ့စည်းတည်ထောင်ချိန်မှစတင်၍ ယနေ့အထိ တော်လှန်ရေးသမိုင်းကြောင်း အစဉ်အလာကြီးမားခဲ့သောKNU၏ သမိုင်းပေးတာဝန်ကို လက်ဆင့်ကမ်းရယူရန် ယုံကြည် စွာ တာဝန်ပေးအပ်ခြင်းခံရသည့် ရွေးကောက်ခံ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ခေါင်းဆောင်ကြီးများ အနေဖြင့် KNU ၏ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိနိုင်ရေးအတွက် ကိုယ်စိတ်နှလုံးသုံးပါး ကျန်းမာစွာဖြင့် ဦးဆောင်ဦးရွက်ပြုနိုင်ပါစေဟုလည်း NUGက သဝဏ်လွှာပေးပို့ခဲ့သည်။

KNU (၁၇)ကြိမ်မြောက် ကွန်ဂရက်ကို ဧပြီ ၂၄ ရက်မှ မေလ ၄ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး အဖွဲ့၏ ဗဟိုအမြဲတမ်းကော်မတီဝင် ၄၅ဦး၊ ဥက္ကဋ္ဌ အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၁၁ဦး၊ ဌာနဆိုင်ရာတာဝန်ခံများ ကို ရွေးချယ်ခဲ့သည်။ ဥက္ကဋ္ဌသစ်မှာ ယခင်ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ရွေးကောက်ခံရခြင်းဖြစ်သည်။

KNU ၏ (၁၇)ကြိမ်မြောက်ကွန်ဂရက်ကလည်း မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေး၊ ကရင်အမျိုးသားများတို့၏ ရသင့်ရထိုက်သော အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ ရရှိရေးအတွက် ကရင်တမျိုးသားလုံးနှင့်အတူ ရပ်တည်လုပ်ဆောင်သွားရန် သံဓိဌာန် ပြုကြောင်း ထုတ်ပြန်ထားသည်။ ထိုသို့ လုပ်ဆောင်ရာတွင် တိုက်ပွဲဝင်နေသည့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ ၊ ဒီမိုကရေစီအင်အားစုများ၊ လူထုလူတန်းစား အသီးသီးနှင့်အတူ လက်တွဲညီစွာ ပူးပေါင်းကြိုးပမ်းမည်ဟု အသိပေးထားသည်။