Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘိုက​လေးမြို့နယ်ရဲစခန်းကို PDFများတိုက်ခိုက်

ဧရာဝတီတိုင်းတွင် မေလ ၅ရက်ညကလည်း ဟင်္သာတမြို့ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ တပ်ကြပ်ကြီးတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သည်။

(ဘိုက​လေးမြို့မ ရဲစခန်း။ဓါတ်ပုံ-CJ)
(ဘိုက​လေးမြို့မ ရဲစခန်း။ဓါတ်ပုံ-CJ)

ဘိုကလေးမြို့နယ်ရဲစခန်းအား PDF များကပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း​ဒေသခံအချို့နှင့် တိုက်ခိုက်ခဲ့​​​သောPDFအဖွဲ့က​ပြောသည်။

“ဘိုကလေးမှာ ဒီတခါ ပစ်ခတ်တာ တော်တော်ကြမ်းတယ်။ ပစ်ခတ်သံတွေ ဆူညံနေတာ။ PDF တွေက ရဲစခန်းကို လာပစ်သွားတာ” ဟု ဘိုကလေး​ဒေသခံတစ်ဦးကပြောသည်။

ဧရာဝတီစစ်ဒေသကွပ်ကဲရေးအဖွဲ့၏ ချိတ်ဆက်ဆောင်ရွှက်မှုဖြင့် ဧရာဝတီနန်းထိုက်အောင်စစ်ဆင်ရေးအဖြစ်ဘိုကလေးမြို့နယ်မှရဲစခန်းကိုမေ ၆ ရက် ၊ ည ၇နာရီ ၃၀မိနစ်တွင်ဧရာဝတီလင်းပိုင်မော်ကျွန်း၊ဘိုကလေးလင်းပိုင် နှင့် မော်ကျွန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး 79 ဗုံးပစ်လောင်ချာ 40mm ဗုံးသီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်​ကြောင်း Bogalay Dolphin People’s Defence Force က သတင်းထုတ်ပြန်သည်။

သို့​သော်ပစ်ခတ်မှုကြောင့် ထိခိုက်မှု‌အခြေအနေကိုမူမသိရသေးပေ။

စစ်တပ်လက်အောက်ခံဘိုကလေးမြို့နယ်စခန်းမှူးနှင့်နောက်လိုက်များသည် ပြည်သူလူထုကို နည်းမျိုးစုံဖိနှိပ်လျှက်ရှိပြီး တော်လှန်ရေးအင်အားစုများကိုဖမ်းဆီးခြင်း၊ပြည်သူများအား ဖမ်ဆီးနှိပ်စက်ပြီးငွေညှစ်ခြင်း ၊မတရားဖမ်းဆီးခံရသူ အကျဥ်းသားများကို လိင်အကြမ်းဖက်မှုများပါ ပြုလုပ်နေပြီး ဆိုးသွမ်းညစ်ပတ် ယုတ်မာနေခြင်းကြောင့်စစ်ဆင်ရေး ဆောင်ရွက်ခဲ့ခြင်းဟု ဘိုက​လေး လပိုင်PDF ကအသိ​ပေး သည်။

စခန်းမှူး ၏နောက်လိုက်များကိုလည်း ရပ်တန်းကရပ်ကြရန် သတိပေးလိုက်သည်ဟု အဖွဲ့ကဆိုသည်။

ဧရာဝတီတိုင်းတွင် မေလ ၅ရက်ညကလည်း ဟင်္သာတမြို့ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ တပ်ကြပ်ကြီးတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သည်။