Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးမောက် ခမရ(၄၃၇)တပ်သိမ်းပိုက်မှု တင့်ကားအပါအဝင် လက်နက်အများအပြားရ

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း ခမရ(၄၃၇)ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က ယနေ့ ညနေပိုင်း၌ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ရာ လက်နက်ခဲယမ်းများစွာ ရရှိခဲ့ရာသိမ်ဆည်းရရှိသည့် လက်နက်များ၏ မှတ်တမ်းဓာတ်ပုံနှင့် ရုပ်သံတို့ကို သတင်းရင်းမြစ်က ပြသသည်။

မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း ခမရ(၄၃၇)မှ သိမ်းပိုက်ရရှိသော တင့်ကားနှင့် လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - ကချင်တောင်တန်း

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း ခမရ(၄၃၇)ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က ယနေ့ ညနေပိုင်း၌ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ရာ လက်နက်ခဲယမ်းများစွာ ရရှိခဲ့ရာသိမ်ဆည်းရရှိသည့် လက်နက်များ၏ မှတ်တမ်းဓာတ်ပုံနှင့် ရုပ်သံတို့ကို သတင်းရင်းမြစ်က ပြသသည်။

ဩဂုတ် ၁၉ရက် ညနေပိုင်းက ဗန်းမော်မြို့ လုံခြုံရေးအတွက် အဓိကကျသည့် ခမရ(၄၃၇) တပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ၏ တင့်ကားတစ်စီးကိုပါရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါတပ်စခန်းမှ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများထဲမှ အချို့ကို သတင်းရင်းမြစ်က အသိပေးရော လက်နက်ကြီးများ၊RPG၊ စက်သေနတ်၊ လက်နက်ငယ်များစွာ စုစုပေါင်း အလက် ၁၀၀ကျော်ကို ရုပ်သံမှတ်တမ်း၌ တွေ့ရသည်။ သိမ်းပိုက်ထားသည့် တင့်ကားပေါ်၌ KIA ရဲဘော်တစ်ဦး တက်ရောက်နေသည့် ဓာတ်ပုံကိုလည်း တွေ့ရသည်။

ယခု ရုပ်သံပါ လက်နက်အရေအတွက်သည် သိမ်းပိုက်ရရှိခဲ့သည့်လက်နက်စုစုပေါင်း၏ ၄ပုံ ၁ပုံသာဖြစ်ပြီး ကျန်လက်နက်များရှိသေးဟု သတင်းရင်းမြစ်က ပြောသည်။

ယခုနှစ်မတ်လက စတင်ထိုးစစ်ဆင်နေသည့် မိုးမောက် ခမရ(၄၃၇) စစ်ကောင်စီစခန်းကို ဇူလိုင် ၂၄ရက်တွင် တကြော့ပြန်တိုက်ခိုက်ခဲ့ရာ တစ်လနီးပါးအကြာတွင် သိမ်းနိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် ခုခံခဲ့သော်လည်း ဗန်းမော်မြို့ လုံခြုံရေးအတွက် အဓိကကျသည့် စခန်းကို သိမ်းနိုင်ခဲ့ခြင်းဖြစ်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မိုးမောက် ခမရ(၄၃၇)တပ်ရင်းတိုက်ပွဲတွင် ဗန်းမော်အခြေစိုက် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁) ဒုစကခမှူး ဦးစီးကာ တပ်ရင်း ၁၁ရင်းမှ စစ်သည်အင်အား ၅၀၀ခန့်ဖြင့် KIA ၏ ထိုးစစ်ကို ခုခံခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက အသိပေးထားသည်။

မတ်လ ၇ရက်က စတင်ခဲ့သည့် KIA၏ ထိုးစစ်တွင် မိုးမောက်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းနှင့် တပ်ရင်းဌာနချုပ်များစွာကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ သိမ်းပိုက်ခံရသည့် စစ်ကောင်စီစခန်းများမှ တပ်ဖွဲ့ဝင်များသည် ခမရ(၄၃၇)တွင် ပြန်လည်စုစည်း ခုခံခဲ့၍ စခန်းသိမ်းတိုက်ပွဲသည် ကြာမြင့်နေခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောပြထားသည်။

ယခု ခမရ(၄၃၇)တပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် စခက(၂၁)အခြေစိုက်ရာ ဗန်းမော်မြို့ကို ဖိအားပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကချင်သတင်းရင်းမြစ်တစ်ဦး၏ ဖော်ပြချက်ရ ဗန်းမော်မြို့တွင် စကခ(၂၁)ဌာနချုပ် အပါအဝင် တပ်ရင်းတပ်ဖွဲ့ ၁၅ခုထက်မနည်းရှိသည်ဟု ဆိုသည်။

ဗန်းမော်အခြေစိုက်တပ်များမှာ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁)၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်စု(စရဖ-စု)၊ ခလရ-၄၇၊ ခလရ-၂၃၆၊ ခလရ-၂၃၇၊ အမှတ်(၉၃၃)ထောက်ပံ့ပို့ဆောင်ရေးတပ်(ထပရ-၉၃၃)၊ အမှတ်(၁၁)စစ်မြေပြင်ဆေးတပ်ရင်း(မဆရ-၁၁)၊ အမှတ်(၅)ဆက်သွယ်ရေးတပ်(ဆသရ-၅)၊ အမှတ်(၃၁၄)အမြောက်တပ်(အမတ-၃၁၄)၊ အမှတ်(၃၆၆)အမြောက်တပ်(အမတ-၃၆၆)၊ အမှတ်(၅၀၁၄)တင့်ကားတပ်ရင်း(တကရ-၅၀၁၄)၊ အမှတ်(၇၀၀၆)သံချပ်ကာတပ်ရင်း(သတရ-၇၀၀၆)၊ အမှတ်(၉၁၄)စစ်အင်ဂျင်နီယာတပ်(စအရ-၉၁၄)၊ အမှတ်(၉၄၄)ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ(ဆလအခွဲ-၉၄၄)၊ အမှတ်(၈၈)တပ်မအောက်တပ်ရင်း(၃)ရင်းခန့် ရှိကြောင်း ကချင်သတင်းရင်းမြစ်က လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရဲစခန်းအား PDF များ သိမ်းပိုက်ပြီး သေနတ် ၉ လက်နှင့် စစ်သုံ့ပန်း ၉ဦး ဖမ်းဆီးရရှိခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM)မှ ကိုနွေဦး(မြောင်)က ပြောသည်။

သတင်း

ဗန်းမော်မြို့ နှင့် မိုးမောက်မြို့ကြားရှိ အမှတ် ၄၃၇ ခြေမြန်တပ်ရင်း (ခမရ ၄၃၇) ဌာနချုပ်အား ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ဦး​ဆောင်​သော ပူးပေါင်းတပ်များက ယနေ့အပြီးသတ်သိမ်းပိုက်လိုက်နိုင်ပြီဖြစ်သည်။

သတင်း

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးကျေးရွာရဲစခန်းအား ပြည်သူ့ကာကွယ်ရေးတပ် (PDF)များ သိမ်းပိုက်ထားပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နှင့် ခင်ဦးမြို့နယ်ကြားရှိ စစ်ကောင်စီ၏အဓိက စခန်းဖြစ်သော မဒေါင်းလှရွာစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ (ဩဂုတ် ၁၈ရက်) နံနက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည်။