Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KIA သိမ်းပိုက်လိုက်သည့် ခမရ (၄၃၇)သည် ဗန်းမော်မြို့အတွက် အဓိက လုံခြုံရေးစခန်းဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူပြော

လက်နက်ခဲယမ်းများစွာရရှိဟု စစ်ရေးသတင်းရင်းမြစ်ပြော

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော တင့်ကားနှင့် KIA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-ကချင်​တောင်တန်း)

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် မိုးမောက်မြို့နယ်၌ နောက်ဆုံးကျန်နေသည့် စစ်ကောင်စီ၏ ခမရ(၄၃၇)တပ်ရင်းဌာနချုပ်သည် ဗန်​မော်မြို့အတွက် အဓိကလုံခြုံ​ရေးစခန်းဖြစ်​ကြောင်း KIAKIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောကြားသည်။

“အဲဒါကတော့ ဗန်းမော်ရဲ့ အဓိက လုံခြုံရေး ယူထားတဲ့စခန်းဖြစ်ပါတယ်။ နောက်မိုးမောက်မြို့နယ်ကိုလည်း ထိန်းထားတဲ့ စခန်းကြီးဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

အမှတ် ၄၃၇ ​ခြေမြန်တပ်ရင်း(ခမရ ၄၃င)ကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သြဂုတ် ၁၉ ရက်​နွေ မွန်းလွဲပိုင်း၌ အပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်ပြီး လက်နက်ခဲယမ်းများစွာ ရရှိခဲ့​ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

၂၀၂၄ မတ်လ ၇ရက်တွင် KIAက ထိုးစစ်အရှိန်မြှင့်တင်ပြီး စစ်ကောင်စီတပ်စခန်းများစွာ သိမ်းပိုက်သည့် စစ်ဆင်ရေးဆင်နွှဲခဲ့ရာ မိုးမောက်မြို့နယ်ရှိ တပ်ရင်းဌာနချုပ်နှင့် တပ်စခန်းများစွာကို သိမ်းပိုက်ထားနိုင်ခဲ့သည်။ မေလတွင် မိုးမောက်မြို့ကို KIA သိမ်းပိုက်ပြီးနောက် ​နောက်ဆုံးကျန်နေသည့် ခမရ(၄၃၇)စခန်းကို ဆက်လက်တိုက်ခိုက်ခဲ့သော်လည်း သိမ်းပိုက်နိုင်ခြင်းမရှိ၍ အကြိမ်ကြိမ်ထိုးစစ်ဆင်ခဲ့ရာ ဇူလိုင်လကုန်ပိုင်းတွင် ထပ်မံ၍ ထိုးစစ်အရှိန်မြှင့်ပြီး စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့သည်။

ဇူလိုင် ၂၄ရက်တွင် တကြော့ပြန် ထိုးစစ်ဆင်ခဲ့ရာ တစ်လနီးပါးအကြာမှ သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လ ထိုးစစ်ဆင် KIA၊ KPDFနှင့် ရက္ခိုင့်တပ်တော်(AA) တို့ ပါဝင်သည့် ပူးပေါင်းတပ်က ရက်ရှည် တိုက်ပွဲဆင်နွှဲပြီးနောက် ဩဂုတ် ၁၉ရက်တွင် ခမရ(၄၃၇)ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီက လေကြောင်း ပစ်ကူအကြိမ်ကြိမ်ပေး ခုခံနေသည့်ကြားမှ စခန်းသိမ်းနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

“မိုးမောက်မြို့နယ်တစ်ခုလုံး စခ ကင်းစင်သွားပြီ။ မိုးမောက်အလုံးစုံ Sold Out။ ဒီနေ့ ၃နာရီ ၁၀မိနစ်မှာ ခမရ(၄၃၇) တပ်ရင်းဌာနချုပ်ကို KIAနဲ့ ပူးပေါင်းတပ်က အပြီးသတ် သိမ်းပိုက်လိုက်တာပါ။ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း ရေတွက်မကုန်ပါ” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်

ခမရ(၄၃၇) တပ်ရင်းဌာနချုပ် သိမ်းပိုက်သည့် စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဘက်က တပ်ဖွဲ့ဝင် ၂၀၀ ကျော်သေဆုံးခဲ့ကြောင်းလည်းစစ်ရေးသတင်းရင်းမြစ်က ပြောကြားပြီး သီးခြားအတည်ပြုချက်မရသေးပေ။

ခမရ(၄၃၇)ကို သိမ်းပိုက်နိုင်ခြင်းကြောင့် ဗန်းမော်ကို ဆက်ပြီး ဖိအားပေးနိုင်သည့် အနေအထား၊ လမ်းပွင့်သွားပြီဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ ဒီတကြော့ပြန်တိုက်တဲ့အချိန် ကျနော်တို့လည်း လက်နက်ကြီးနဲ့ပစ်တာပေါ့။ သူတို့လည်း ဗန်းမော်ကနေ နီးတော့လက်နက်ကြီး လေကြောင်း ဒရုန်းနဲ့ မျိုးစုံပေါ့ တော်တော်များများ တုန့်ပြန်တဲ့အနေအထားကို ခံလိုက်ရတာဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ခမရ(၄၃၇)ကို ခက်ခဲစွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့မှုကို ပြောပြသည်။

စစ်ကောင်စီတပ်မှ စစ်ဆင်ရေးမှူးများ ယနေ့(သြဂုတ်၁၉) မနက်တွင်ထွက်ပြေးသွားကြောင်း၊ စစ်သုံ့ပမ်း၊ လက်နက်ခဲယမ်းရရှိမှု သတင်းများ မရသေးဘဲ KIA သတင်းပြန်ကြားရေးဌာန အနေဖြင့်လည်း အဆိုပါ အချက်အလက်များကို ဖော်ပြလေ့မရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

သို့​သော် ထပ်မံရရှိ​သောသတင်းအရ ခမရ ၄၃၇ စခန်းသိမ်းတိုက်ပွဲနှင့် စစ်ကူစစ်​ကြောင်းများကိုဖြတ်​တောက်တိုက်ခိုက်​သောစစ်ဆင်​ရေးတွင်KIA က စစ်တပ်မှ တင့်ကာတစ်စီးသိမ်းည်းရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လက်နက်ခဲယမ်းများစွာရရှိဟု စစ်ရေးသတင်းရင်းမြစ်ပြော ၊ တင့်ကားတစ်စီးကိုလည်းသိမ်းဆည်းရရှိ

သတင်း

ဗန်းမော်မြို့ နှင့် မိုးမောက်မြို့ကြားရှိ အမှတ် ၄၃၇ ခြေမြန်တပ်ရင်း (ခမရ ၄၃၇) ဌာနချုပ်အား ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ဦး​ဆောင်​သော ပူးပေါင်းတပ်များက ယနေ့အပြီးသတ်သိမ်းပိုက်လိုက်နိုင်ပြီဖြစ်သည်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ၏ တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက)-၁၃ တပ်ကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်လျက်ရှိပြီး ယနေ့နံနက်တွင် အဆိုပါ တပ်ကိုသိမ်းပိုက်နိုင်မည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

သတင်း

မြို့ပေါ်တိုက်ပွဲအတွက် ပြည်သူများပြင်ဆင်ထားရန် ကချင်စစ်ရေးရင်းမြစ်ပြော