Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆားလင်းကြီးတွင် စစ်ကောင်စီလက်နက်ကြီးထိမှန်၍ ကလေးငယ်တစ်ဦး ခြေတစ်ဖက်ဖြတ်ရ၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးတစ်ဦး ထိမှန်ကာ ခြေတစ်ဖက်ဖြတ်လိုက်ရပြီး အမျိုးသမီးတစ်ဦး လည်းထိမှန်ပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း ဒေသခံများက ပြောသည်။

လက်နက်ကြီးထိ၍ နေအိမ်ပျက်စီးမှုအား တွေ့ရစဥ်။ ဓာတ်ပုံ-ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးတစ်ဦး ထိမှန်ကာ ခြေတစ်ဖက်ဖြတ်လိုက်ရပြီး အမျိုးသမီးတစ်ဦး လည်းထိမှန်ပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း ဒေသခံများက ပြောသည်။

သြဂုတ် ၂၃ ရက် နေ့လယ် ၁နာရီ၁၅မိနစ်ခန့်က မုံရွာမြို့၊ ညောင်ပင်သာစစ်တပ်ဂိတ်စခန်းမှ ၁၂၀မမ လက်နက်ကြီးဖြင့် လေးလုံးဖြင့် ချင်းတွင်းမြစ်အနောက်ဘက် ကျေးရွာများသို့ ပစ်ခတ်ခဲ့သည်။

လက်နက်ကြီး နှစ်လုံးမှာ ဖောင်းကတာကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ၆တန်းကျောင်းသူကလေးငယ်တစ်ဦး ပေါင်ထိမှန်ပြီး ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အသက်(၄၀)ကျော် အမျိုးသမီးတစ်ဦးလည်း ပြင်းထန်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“ကလေးက ခြေထောက်ဖြတ်ပစ်လိုက်ရတာ ။၆တန်းဆိုတော့ အသက်က ၁၃၊ ၁၄ပဲရှိဦးမယ်။ နောက်တစ်ဦးက လက်နက်ကြီးအစ ခါးကနေဖောက်ထွက်သွားတာ။ အတော်စိုးရိမ်ရတယ်။”ဟု ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် ဖောင်းကတာကျေးရွာရှိ နေအိမ်အချို့လည်း လက်နက်ကြီးထိမှန်၍ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။

မုံရွာမြို့မှ စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြစ်အနောက်ဘက်ကျေးရွာများကို လက်နက်ကြီးများ မကြာခဏ ပစ်ခတ်နေပြီး သြဂုတ် ၁၄ရက်ကလည်း ပစ်ခတ်မှုကြောင့် ကူးတို့ကုန်းကျေးရွာရှိ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်၍ ကိုယ်ဝန်ပျက်ကျခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ် ၊ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ - သံဖြူဇရပ် ကားလမ်းပေါ် က အနန်းကွင်း ရွာ အခြေစိုက်တဲ့ဗျုဟာ စခန်းကို လက်မလွှတ်ရဖို့ စစ်ကောင်စီဟာလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီး သုံးပြီး အပြင်းအထန် ခုခံနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ နန်းမြင့်တောင်စစ်ဆေးရေးဂိတ်လာသော စစ်ကောင်စီတပ်သားနှင့်ပျူစောထီးများ တိုက်ခိုက်ခံရပြီး ကားတစ်စီးထားခဲ့၍ ထွက်ပြေးသွားကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ပြောသည်။

သတင်း

TNLA ကသီပေါမြို့ကိုအရေးပေါ်အခြေအနေ ကြေငြာထားပြီး ညမထွက်ရ အမိန့်ထုတ်

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်း စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ဟု တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။