Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နဘားလမ်းဆုံကို KIA နှင့် PDFပူး​ပေါင်းတပ်များသိမ်းပိုက်

အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ရေးအရာအချက်အချာကျသော နဘားလမ်းဆုံကို KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထားပြီး အင်းတော်မြို့၌တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။

မိထက်/People’s Spring

အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ရေးအရာအချက်အချာကျသော နဘားလမ်းဆုံကို KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထားပြီး အင်းတော်မြို့၌တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။

ရွှေဘို – မြစ်ကြီးနားလမ်းပိုင်း၊ အင်းတော်မြို့လမ်းဆုံဖြစ်သည့် နဘားမြို့နယ်ခွဲရှိ နဘားလမ်းဆုံကို ဩဂုတ်လ ၂၂ရက်တွင် သိမ်းယူခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အင်းတော်မြို့ထဲသို့ ထွက်ပြေးသွားကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“KIA နဲ့ PDF တွေ အပြီးထိန်းထားတယ်။ အင်းတော်မြို့ထဲမှာတိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းကနေပစ်နေတယ်။ မြို့ထဲမှာတော့အရပ်သားတွေမရှိတော့ဘူး” ဟု PDFတစ်ဦးကပြောသည်။

နဘားလမ်းဆုံ စစ်ဆေးရေးဂိတ်သည် တပ်မ(၇၇)လက်အောက်ခံစစ်ကောင်စီတပ်ဖွဲ့ဝင်များ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက တပ်စွဲခဲ့သည့်နေရာဖြစ်သည်။ PDF နှင့် KIA ပူးပေါင်းတပ်ဖွဲ့များက အင်းတော် မြို့သိမ်းတိုက်ပွဲဆင်နွှဲစဉ် ယင်းစခန်းကို စစ်ကောင်စီကလက်လွှတ်လိုက်ရခြင်းဖြစ်သည်။

” နဘားကို ရတာက စစ်ရေးအတွက် တော်တော်လေးအကျိုးရှိတယ်။ တခြားနေရာကလာမယ့်စစ်ကူတွေကိုလည်း ဖြတ်တောက်ထားနိုင်တယ်”ဟု PDF ထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။

ဧရာဝတီ မြစ်အ​နောက်ဘက်ခြမ်းရှိ​သော နဘားမြို့သည် မြို့နယ်ခွဲဖြစ်ပြီး ကသာခရိုင် ၊အင်း​တော်မြို့နယ်အတွင်းတည်ရှိသည်။လူဦး​ရေ တစ်​ထောင်ဝန်းကျင် ရှိပြီး မန္တ​လေး-မြစ်ကြီးနားရထားလမ်း နှင့်ကားလမ်း​ပေါ်တွင် ရှိ ၍ စစ်​ရေးအရ အ​ရေးပါ​သောတည်​နေရာတွင်ရှိသည့်မြို့ဖြစ်သည်။

အမှတ် (၁ )စစ်​ဒေသ ဦး​ဆောင်မှုဖြင့် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇွန်လကတည်းက အင်း‌​တော်မြို့သိမ်းတိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ တပ်မ-၇၇ လက်အောက်ခံ ခလရ(၆)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားပြီး အင်တော်မြို့အား ကာထားသည့်နံ့သာရွာစခန်းကို ဇွန်လ ၂၈ရက်တွင် ကသာခရိုင် တပ်ရင်း-၂၊KIA နှင့် အင်းတော်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ထို့နောက် ဩဂုတ်လ တတိယလပတ်ထဲတွင် အမှတ် (၁) စစ်​ဒေသ၏ အင်းတော်၊ထီးချိုင့်၊ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲများ တပြိုင်နက်စတင်ခဲ့ပြီး လက်ရှိအချိန်အထိတိုက်ပွဲများပြင်းထန်နေသည်။

မြို့သုံးမြို့စလုံးတွင် စစ်ကောင်စီ၏စခန်းအနေဖြင့် မြို့ပေါ်၌သာ ကွက်ကွက်လေးကျန်ရှိတော့ပြီး လေကြောင်းမှအပြင်းအထန်တိုက်ခိုက်၍ ခုခံနေသည့်အနေအထားဟု စစ်ရေးသတင်းရင်းမြစ်များကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ မအူနယ်မြေရဲစခန်းအား PDFများ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

မကွေးတိုင်း၊ရေစကြိုမြို့နယ်ရှိ ဟင်္သာပျူစောထီးကျေးရွာမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ဆုတ်ခွာချိန် ကြားဖြတ်တိုက်ခိုက်ရာ ထိခိုက်မှုရှိကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့ခေါင်း​ဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

သတင်း

အင်းတော်နှင့် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲ အခြေအနေကောင်းဟု ကချင်စစ်ရေးသတင်းရင်းမြစ်ပြော

သတင်း

ပင်လယ်ဘူးတိုက်ပွဲ စစ်ကောင်စီ လေကြောင်းရမ်းသန်း ပစ်ခတ်၍ ပြည်သူထိခိုက်မှုရှိ