Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်သားတစ်ဦး CDF ဟားခါးထံ အလင်းဝင်

ချင်းပြည်နယ် ဟားခါးမြို့အခြေစိုက် စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင် လာကြောင်း ဟားခါးမြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF-Hakha)က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ - CDF ဟားခါး

ဟန်နွေ/People’s Spring

ချင်းပြည်နယ် ဟားခါးမြို့အခြေစိုက် စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင် လာကြောင်း ဟားခါးမြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF-Hakha)က သတင်းထုတ်ပြန်သည်။

ဟာခါးမြို့အခြေစိုက် စစ်ကောင်စီတပ်သားသည် အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် တာ၀န်ထမ်းဆောင်လိုခြင်း မရှိတော့၍ ဩဂုတ် ၂၄ရက်တွင် CDF ဟားခါးထံ သေနတ်တစ်လက်ယူဆောင်ကာ အလင်းဝင်လာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အလင်းဝင်လာသူကို ဆုငွေပေးအပ်ခဲ့ပြီး လုံခြုံသည့် နေရာသို့ ပိုပဆောင်ပေးခဲ့ကြောင်း CDF ဟားခါးက အသိပေးထားပြီး စစ်ကောင်စီလက်အောက်ခံအဖွဲ့၀င်များအနေဖြင့် ပြည်သူ့တော်လှန်ရေး၌ ပူးပေါင်းပါ၀င်လိုပါက ဆက်သွယ်နိုင်ကြောင်း ဖိတ်ခေါ်ထားသည်။

CDF ဟားခါးသည် ချင်းပြည်ကောင်စီအဖွဲ့ဝင် ဒေသကာကွယ်ရေးတပ်ဖြစ်ပြီး လတ်တလောတွင် ဟားခါးမြို့အနီး၊ ဟားခါး-ထန်တလန်ကြား ရှိ စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ဩဂုတ် ၁၂ရက်က ဟားခါး-ထန်တလန် လမ်းရှိ စစ်ကောင်စီတပ်စခန်း တစ်ခုကို သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်ထံမှ လက်နက် ၁၁လက်နှင့် ခဲယမ်း၊ကျည်များ သိမ်းရခဲ့ကြောင်း CDFဟားခါးက အသိပေးထုတ်ပြန်ထားသည်။

CDF ဟားခါးအနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေး တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း ဆက်လက် တိုက်ပွဲ ဖော်ဆောင်သွားမည်ဖြစ်၍ ပြည်သူများကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံထားသည်။

CDF ဟားခါး ပါဝင်စုဖွဲ့ထားသည့် ချင်းပြည်ကောင်စီတပ်ပေါင်းစုသည် ထန်တလန်မြို့သိမ်း စစ်ဆင်ရေးကို ဇူလိုင် ၂၂ရက်မှစတင်ဆင်နွှဲလျက်ရှိပြီး ဟားခါး-ထန်တလန်ကြားနှင့် ထန်တလန်မြို့ပေါ်ရှိစစ်ကောင်စီ စခန်း၈ခုထက်မနည်း သိမ်းပိုက်ရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားနယ်မြေရဲစခန်းအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီကလေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA) သိမ်းပိုက်ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုဆက်လက်ပြုလုပ်ခဲ့ကြောင်း MNDAAက သတင်းထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ပေါ်ကို စစ်ကောင်စီက ယနေ့(ဩဂုတ် ၂၅ရက်) ‌နေ့လည် ၁နာရီခန့်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်ရာ အရပ်သားတစ်ဦးသေဆုံးခဲ့ပြီး လက်နက်ကြီးကြောင့် အရပ်သားသေဆုံးမှု နှစ်ရက်ဆက်ဖြစ်လာသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အား စစ်ကောင်စီတပ်က ပြန်လည်ဝင်ရောက်ပြီးနောက် စစ်ကြောင်းထိုးရာ ကျေးရွာ ၃ရွာ မီးရှို့ခံရကြောင်း ဒေသခံများက ပြောသည်။