Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သီပေါမြို့ပေါ် စစ်ကောင်စီတပ်လက်နက်ကြီးပစ်၍ အရပ်သားတစ်ဦး ထပ်မံသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ပေါ်ကို စစ်ကောင်စီက ယနေ့(ဩဂုတ် ၂၅ရက်) ‌နေ့လည် ၁နာရီခန့်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်ရာ အရပ်သားတစ်ဦးသေဆုံးခဲ့ပြီး လက်နက်ကြီးကြောင့် အရပ်သားသေဆုံးမှု နှစ်ရက်ဆက်ဖြစ်လာသည်။

လက်နက်ကြီးကျည်ထိမှန်သေဆုံးသူ​၏ ရုပ်အလောင်းအား သယ်ဆောင်နေစဉ်။ ဓာတ်ပုံ - CJ

မိထက်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ပေါ်ကို စစ်ကောင်စီက ယနေ့(ဩဂုတ် ၂၅ရက်) ‌နေ့လည် ၁နာရီခန့်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်ရာ အရပ်သားတစ်ဦးသေဆုံးခဲ့ပြီး လက်နက်ကြီးကြောင့် အရပ်သားသေဆုံးမှု နှစ်ရက်ဆက်ဖြစ်လာသည်။

သီပေါမြို့ အနောက်ရပ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အသက် (၅၀)ကျော် အရွယ် အမျိုးသားတစ်ဦးသေဆုံးခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

“စစ်တပ်ကုန်းကနေ ဆက်တိုက်ပစ်နေတာ”ဟု မြို့ခံတစ်ဦးက ပြောသည်။

ယမန်နေ့(ဩဂုတ်၂၄ရက်) နံနက် ၈နာရီခန့်က သီပေါမြို့ဘုရားကြီးကုန်းပေါ်သို့ စစ်ကောင်စီ​၏ ခလရ(၂၃)မှ လက်နက်ကြီး ပစ်ခတ်ရာအမျိုးသားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့သည်။

သီပေါမြို့နယ်အတွင်း စစ်ကောင်စီက အရပ်သားများရှိရာဦးတည်ပြီး လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်နေပြီး ဩဂုတ် ၁ရက်မှ ၂၄ရက်အထိ အရပ်သား ၁၇ဦး သေဆုံးပြီး ၅၇ဦး ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က သတင်းထုတ်ပြန်ထားသည်။

သီပေါမြို့ရှိ စစ်ကောင်စီစခန်းများကို TNLAနှင့် မဟာမိတ်များက ဩဂုတ် ၁၀ရက် နံနက်အစောပိုင်းမှစ၍ တိုက်ခိုက်ခဲ့သည်။သီပေါမြို့မရဲစခန်း၊ ထွေအုပ်ရုံးအပါအဝင် စစ်ကောင်စီစခန်းများရှိ စစ်ကောင်စီတပ်များထွက်ပြေးသွားပြီးနောက် ခလရ(၂၃)၊ ခမရ (၅၀၃)၊ ခမရ(၅၀၄)အတွင်းသို့ ဆုတ်ခွာသွားသည်။

သီပေါ်မြို့ကို TNLAက အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ရေးကြိုးပမ်းနေသည်။

ထို့အပြင် သီပေါမြို့ကို TNLAက အရေးပေါ် ကာလအခြေအနေ ကြေညာထားပြီး ညမထွက်ရ အမိန့်အပါအဝင် အချက်(၈)ချက် သတိပေးထားသည်။ ည ၇ နာရီကနေ မနက် ၅ နာရီအထိ အပြင်မထွက်ရန်၊ အိမ်ရှင်မသိဘဲ နေအိမ်အတွင်း မဝင်ရန်၊ အစိုးရဌာနပိုင်ရုံးများနှင့် အများပြည်သူဆိုင်ရာနေရာများကို မဝင်ရန်၊ ကိုယ်ပိုင်ပစ္စည်းမဟုတ်ဘဲ ယူဆောင်သိမ်းဆည်းထားခြင်းမလုပ်ရန်၊ စစ်အသုံးအဆောင်ပစ္စည်းလက်နက်ခဲယမ်းများ လက်ဝယ်ကိုင်ဆောင်ခြင်းမလုပ်ရန်၊ အရေးပေါ်ကိစ္စအတွက် ရပ်ကွက်အုပ်မှူးမှ တဆင့် တာဝန်ရှိသူများထံ အကူအညီတောင်းခံသွားရန်၊ ဒုစရိုက်ရာဇဝတ်မှုတွေ မကျူးလွန်ရန်နှင့် စားသောက်ကုန်များ စျေးနှုန်းအဆမတန်စျေးမြှင့် ရောင်းချခြင်းမပြုလုပ်ရန် ထုတ်ပြန်ထားသည်။

သီပေါ်မြို့ဝန်းကျင်၌ တိုက်ပွဲဆက်လက်ဖြစ်နေပြီး စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ(၁၄၇) နှင့် ယင်းနေရာပတ်ဝန်းကျင်ရှိ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်စခန်းများကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)က ဩဂုတ် ၂၁ရက်တွင် သိမ်းယူထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားနယ်မြေရဲစခန်းအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီကလေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA) သိမ်းပိုက်ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုဆက်လက်ပြုလုပ်ခဲ့ကြောင်း MNDAAက သတင်းထုတ်ပြန်သည်။

သတင်း

ချင်းပြည်နယ် ဟားခါးမြို့အခြေစိုက် စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင် လာကြောင်း ဟားခါးမြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF-Hakha)က သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အား စစ်ကောင်စီတပ်က ပြန်လည်ဝင်ရောက်ပြီးနောက် စစ်ကြောင်းထိုးရာ ကျေးရွာ ၃ရွာ မီးရှို့ခံရကြောင်း ဒေသခံများက ပြောသည်။