Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းကွန်းတိုက်ပွဲ နှစ်ဘက်ထိခိုက်မှုရှိ

စစ်တပ်က ပြည်သူနှစ်ဦးကို PDFဟုစွပ်စွဲသတ်ဖြတ်

မင်းကွန်းမြသိန်းတန်ဘုရား၌ တပ်စွဲထားသော စစ်အုပ်စုအားPDFများ တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ-File Video

ဇေအောင်/People’s Spring

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသတွင် တိုက်ပွဲဖြစ်ပွားပြီး နှစ်ဘက်ထိခိုက်မှုရှိကြောင်း သတင်းရရှိသည်။

သြဂုတ် ၂၂ ရက် နံနက် ၉နာရီခန့်က စစ်ကိုင်းမြို့နယ်၊ မင်းကွန်းမြသိန်းတန်ဘုရား၌ တပ်စွဲထားသည့် အင်အား ၃၀ခန့်ရှိ စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲမှာ တနေကုန်နီးပါး ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦး သေဆုံးကာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်မှ ရဲဘော်၂ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့၏ တာဝန်ခံ Someday က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ ဘန်ကာဂိတ်စခန်းကို သိမ်းပိုက်နိုင်ခဲ့သော်လည်း မြသိန်းတန်ဘုရားပေါ်မှ အကာအကွယ်ယူကာ ပစ်ခတ်နေသောကြောင့် အပြီးသတ်မသိမ်းပိုက်နိုင်ခဲ့ဘဲ ​ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၏ တာဝန်ခံ Someday က ပြောသည်။

“ဘုရားစေတီမှာ ဘန်ကာဆောက်ပြီးနေတာက တစ်ဖွဲ့။ အရှေ့မုခ်မှာ လမ်းပေါ် ငွေညှစ်တာက တစ်ဖွဲ့။ အရှေ့မုဒ် လမ်းပေါ်က ဂိတ်ကိုသိမ်းနိုင်ခဲ့ပေမဲ့ စေတီပေါ်က တစ်ဖွဲ့ကို တိုက်ဖို့ လုပ်ချိန် ကိုယ့်ဘက်က ရဲဘော်နှစ်ဦး ထိခိုက်ခဲ့လို့ ပြန်ဆုတ်ခဲ့ရတာပါ။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

အထိနာသွားသော စစ်ကောင်စီတပ်က စစ်ရှောင်ပြည်သူအမျိုးသားနှစ်ဦးကို PDF ဟုစွပ်စွဲကာ သတ်ဖြတ်ခဲ့ကြောင်း ၎င်းက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ခရီးသွားပြည်သူများနှင့် ဧည့်သည်များကို ငွေညှစ်လေ့ရှိကြောင်း ​ဒေသခံများထံမှ သိရသည်။

စစ်ဆင်ရေးကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ တောဒေါင်းနီ၊people servent force၊ဗိုလ်ကျားကြီး ဝက်လက်၊Acid Local Defend Force (ဝက်လက်)၊နဂါးနီ၊Royal Falcon Guerrilla Force၊Phoenix SGG၊ People Defend Force Mingunတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် အင်အားပြန်ဖြည့်၍ တပ်စွဲထားပြီး အနီးနားရှိ ဘုန်းကြီးကျောင်းများနှင့် ပြည်သူများ​၏ နေအိမ်များ ဖောက်ထွင်းခိုးယူနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၃ရက်ကလည်း မင်းကွန်းတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၍ အထိနာပြီးနောက် မင်းကွန်းရွာနှင့် ရှားစောင်းရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၃၀ ကျော် ပျက်စီးခဲ့သည်။

မင်းကွန်းဒေသသည် စစ်ကိုင်းမြို့၏ မြောက်ဘက် ၁၃ မိုင်ခန့်အကွာတွင်တည်ရှိပြီး မင်းကွန်းပုထိုးတော်ကြီး၊ ခေါင်းလောင်းကြီး၊ မြသိန်းတန်စေတီ အစရှိသည့် သမိုင်းဝင်ရှေးဟောင်းစေတီပုထိုးများ များစွာရှိသည့် ဒေသတစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားနယ်မြေရဲစခန်းအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီကလေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော် - ဒီးမော့ဆို ပြည်ထောင်စုလမ်းမကြီး၌ တိုက်ပွဲဖြစ်ပွားနေပြီး ဒီးမော့ဆိုမြို့နယ်သို့ စစ်ကောင်စီက ဝင်ရောက်ရန်ကြိုးပမ်းနေကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်း စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ဟု တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ယမန်နေ့က တိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်းမှ ဗိုလ်မှူးတစ်ဦးအပါအဝင် ရုပ်အလောင်း ၅လောင်းနှင့် ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိကြောင်း Earthquak People's Pefence Force အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။