Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကာင်စီတပ်သံချပ်ကာယာဉ်ဆုံးရှုံးမှုများခဲ့သော ခမရ (၄၃၇)တပ်ရင်းသိမ်းတိုက်ပွဲ

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မိုးမောက်၌ နောက်ဆုံးကျန်နေသည့် ခမရ(၄၃၇)တပ်ရင်း အား တိုက်ခိုက်သိမ်းပိုက်သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သံချပ်ကာ ယာဉ် ၃စီးအထိ တိုက်ခိုက် ဖျက်ဆီး သိမ်းပိုက်နိုင်ခဲ့သည်ဟုကို စစ်ရေးသတင်းရင်မြစ်က မှတ်တမ်းများဖော်ပြထားပြီး CDM အရာရှိ တစ်ဦးကလည်း သံချပ်ကာယာဉ် ၃စီးရသည်ဟု ခန့်မှန်းထားသည်။

“အာဏာသိမ်းပြီးနောက် Type 92 သံချပ်ကာယာဉ် ပထမဦးဆုံးအကြိမ် ဆုံးရှူံးတာကို မှတ်တမ်းတင်နိုင်တဲ့ ဓါတ်ပုံဖြစ်ပါတယ်”

−Tactical Raptor

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မိုးမောက်၌ နောက်ဆုံးကျန်နေသည့် ခမရ(၄၃၇)တပ်ရင်း အား တိုက်ခိုက်သိမ်းပိုက်သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သံချပ်ကာ ယာဉ် ၃စီးအထိ တိုက်ခိုက် ဖျက်ဆီး သိမ်းပိုက်နိုင်ခဲ့သည်ဟုကို စစ်ရေးသတင်းရင်မြစ်က မှတ်တမ်းများဖော်ပြထားပြီး CDM အရာရှိ တစ်ဦးကလည်း သံချပ်ကာယာဉ် ၃စီးရသည်ဟု ခန့်မှန်းထားသည်။

ခမရ(၄၃၇)တပ်ရင်းဌာနချုပ်ကို KIAက ဩဂုတ် ၁၉ ရက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တပ်စခန်းကို သိမ်းပိုက်နိုင်ရန် အကြိမ်ကြိမ် ထိုးစစ်ဆင်ခဲ့ရပြီး ရက်ရှည် တိုက်ခိုက်ခဲ့ရခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

တပ်ရင်းဌာနချုပ်အား သိမ်းပိုက်အပြီး ထွက်ပေါ်လာသည့် ရုပ်သံနှင့် ဓာတ်ပုံမှတ်တမ်းများအရ စစ်ကောင်စီတပ်၏ သံချပ်ကာ ၃ စီးကို KIAက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ကိုတွေ့ရသည်။ ပထမ တစ်စီးမှာ ခမရ(၄၃၇) တပ်ရင်းဟု ယူဆရသည့် အဆောက်အဦးများ ရှိရာနေရာ၌ အမိုးပါသည့် သံချပ်ကာယာဉ် ကို တွေ့ရခြင်းဖြစ်သည်။ အဆိုပါ သံချပ်ကာယာဉ်အား KIAတပ်ဖွဲ့ဝင်အချို့ လိုက်ပါစီးနင်း မောင်းနှင်နေသည့် ရုပ်သံကိုလည်း စစ်ရေးသတင်းရင်းမြစ်က ဩဂုတ် ၂၆ရက်တွင် ဖအသိ​ပေးသည်။

ထို့ပြင် လမ်းဘေး တစ်နေရာ၌ ပျက်စီးနေသည့် သံချပ်ကာယာဉ်တစ်စီးကို တွေ့ရပြီး ယင်း သံချပ်ကာယာဉ်ပေါ်မှ စက်သေနတ်နှင့် ကျည်များကို KIA ရဲဘော်များက ဖြုတ်နေသည့် မှတ်တမ်းဖြစ်သည်။ ယင်းသံချပ်ကာယာဉ် အတွင်းပိုင်း၌ လူလိုက်ပါနိုင်သည့် အခြေအနေကိုလည်း တွေ့ရသည်။

နောက်ထပ် တစ်စီးမှာ KIA သတင်းပြန်ကြားရေးဌာနက ခမရ(၄၃၇) တပ်ရင်း သိမ်းပိုက်မှု ကချင်ဘာသာဖြင့် ထုတ်ပြန်စဉ်ဖော်ပြခဲ့သည့် ဓာတ်ပုံဖြစ်ပြီး ယင်းသံချပ်ကာယာဉ်သည် မီးလောင်ပျက်စီးနေသည်ကိုတွေ့ရသည်။

အဆိုပါ သံချပ်ကာယဉ်နှင့်အတူ အခြား စစ်သုံးယာဉ်များ မီးလောင်ပျက်စီးနေသည်ကိုလည်း ဓာတ်ပုံမှတ်တမ်း၌ တွေ့ရသည်။

ယင်းသို့ သံချပ်ကာ ယာဉ်များ တိုက်ခိုက်ဖျက်ဆီး သိမ်းပိုက်နိုင်ခဲ့မှု အခြေအနေကို KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ မေးမြန်းရန် ဆက်သွယ်နေဆဲဖြစ်သည်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးကမူ စစ်ကောင်စီ၏ခမရ(၄၃၇)တပ်ရင်းကို တိုက်ခိုက်နေစဉ်ကာလအတွင်း ဗန်းမော်ဘက်က စစ်ကူလာသည့် စစ်ကောင်စီ စစ်ကြောင်းများကို KIA က ကြားဖြတ်တိုက်ခိုက်မှု ဖြစ်စဉ်များအတွင်း သံချပ်ကာယာဉ် အချို့ကိုပါဖျက်ဆီးနိုင်ခဲ့ကြောင်း တိုက်ပွဲကာလအတွင်း၌ ဖြေကြားထားသည်။

CDM အရာရှိ ဗိုလ်ကြီးဇင်ယော်က လည်း မိုးမောက်တိုက်ပွဲ၌ သိမ်းရသည့် သံချပ်ကာယာဉ် ၃ စီးဟု ခန့်မှန်းသည်။

“မြင်ရတဲ့ အနေအထားအရ သုံးစင်းပေါ့။ ဒါပေမဲ့ တချိန်တည်း တပြိုင်တည်းမှာ ပဲရတာလား၊ ဒါမှ မဟုတ် နောက်တစ်နေရာက ရတာလားဆိုတာ ပြောရခက်တယ်။ ဒါက စကခ(၂၁)ထဲကနေ ထွက်လာတဲ့ ဗန်းမော်ဘက်အခြမ်းပေါ့။ ဗန်းမော်ဘက်မှာ သံချပ်ကာ တစ်တပ်ရှိသေးတာကိုး။ အဲဒီ သံချပ်ကာ တပ်က ထွက်လာတာ သူတို့ စုဖွဲ့ရင်တော့ သုံးစီး တစ်အုပ်နဲ့ စုဖွဲ့တာဖြစ်လိမ့်မယ်” ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။

စစ်ကောင်စီအနေဖြင့် သံချပ်ကာယာဉ်များ ထုတ်သုံးနေပြီး ခြေလျင်၊တင့် ပူးပေါင်းစစ်ဆင်ရေးကို အားထားနေကြောင်း ၎င်းကဆိုသည်။

“ခြေလျင်၊ တင့် ပူးပေါင်းစစ်ဆင်ရေးတွေကို ဗိုလ်လောင်းအဆင့်လောက်က စပြီးသင်တယ်။ သင်ပေမယ့်ခြေလျင်-တင့် ပူးပေါင်းစစ်ဆင်ရေးဆိုတာ မြေပြင်မှာ တခါမှ မလုပ်ဖူးဘူး။ ၂၀၁၆ တိုက်ပွဲတွေမှာ ခြေလျင်-တင့် ပူးပေါင်းစစ်ဆင်ရေးလုပ်ခဲ့တယ် မှတ်မှတ်ရရ ဒီ ကချင်လွတ်မြောက်ရေးတပ်မတော်စခန်း ပွိုင့် ၁၁၀၃ ဂီဒွန်စခန်းတုန်းက ခြေလျင်-တင့် ကြည်းပူးပေါင်းစ်စဆင်ရေးလုပ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီမှာတုန်းက တင့်တွေက ပစ်အားပေးဌာနအဖြစ်သုံးတာ။ အခုလိုမျိုး ခြေလျင်နှင့်တင့် ရောထွေးချီတက်ခြင်းဆိုတဲ့ သင်ခန်းစာမှာ သူတို့ နားမလည်ဘူး။ နားမလည်ဘူးဆိုတာ အကျွမ်းတဝင်မရှိဘူးပေါ့။ အခုနောက်ပိုင်းမှာ သံချပ်ကာ ကားတွေ ထုတ်လာတာတွေ့ရတယ်။ ဒါပေမဲ့သူတို့သည် ခြေလျင်-တင့် ပူးပေါင်းစစ်

ဆင်ရေး အနေအထား မှာ အကျွမ်းတဝင်ရှိတာမျိုးမဟုတ်တဲ့အတွက် ကြားဖြတ်တိုက်ခိုက်မှုတွေနဲ့ သံချပ်ကာကားတွေက ခဏခဏ အခုပြောနေတဲ့ စကားနဲ့ဆို အကင်ခံရအုံးမှာပေါ့”ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။

ကရင်၊ ရခိုင်၊ ရှမ်းမြောက် ၊ကရင်နီ၊ ချင်း စစ်မျက်နှာများ၌လည်း တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုအောက်တွင် စစ်ကောင်စီ၏ သံချပ်ကာနှင့် တင့်ကားများ ထိခိုက်ဆုံးရှုံးမှုများကြုံခဲ့ရသည့် ဖြစ်စဉ်များစွာ ရှိခဲ့သည်။

စစ်လက်နက်ပစ္စည်းများအကြောင်းဖော်ပြနေသည့် Tactical Raptor ​ဖေစ်ဘွခ်တွင်လည်း မိုးမောက်တိုက်ပွဲ၌ ထိခိုက်ပျက်စီးခဲ့သည့် သံချပ်ကာ ယာဉ်များအကြောင်းကို ရေးသားဖော်ပြထားရာ မီးလောင်ပျက်စီးနေသည့် သံချပ်ကာယာဉ်သည် Type 92 အမျိုးအစား သံချပ်ကာယာဉ်ဖြစ်​ကြောင်း ခမရ(၄၃၇) အသိမ်းခံရပြီး လွန်ခံသည့် ၅ရက်ခန့်က ရေးသားထားသည်။

“သတင်းဓါတ်ပုံတွေ ထပ်မံထွက်‌ပေါ်လာတာနဲ့အမျှ မိုးမောက်မှာစကစ တော်တော်အထိနာခဲ့ပုံရတယ်။

စကစဘက်က လူအင်အားဆုံးရှုံးတာအပြင် စစ်ကူလာတဲ့ ယာဉ်တန်းပါ ကြားဖြတ်တိုက်ခိုက်ခံရလို့ သံချပ်ကာယာဉ် ပျက်စီးတာတွေပါ တွေ့လာရပါတယ်။ ပုံထဲမှာ ပျက်စီးနေတဲ့ သံချပ်ကာယာဉ်က တရုတ်အစိုးရပိုင်ကုမ္ပဏီ Norinco ကထုတ်တဲ့ Type 92 သံချပ်ကာလူသယ်ယာဉ်ဖြစ်ပါတယ်။ ဒါက အာဏာသိမ်းပြီးနောက် Type 92 သံချပ်ကာယာဉ် ပထမဦးဆုံးအကြိမ် ဆုံးရှူံးတာကို မှတ်တမ်းတင်နိုင်တဲ့ ဓါတ်ပုံဖြစ်ပါတယ်။ဒီပုံထဲမှာ‌တော့ စစ်ကူလာတဲ့ ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး Type 92 သံချပ်ကာယာဉ်က လမ်းဘေးထိုးကျနေတယ်။ မီးလောင်းထားတာကို‌တွေ့ရပြီး ‌တိုက်ပွဲအတွင်း လက်နက်ထိပြီးပျက်စီးတာလား၊ တိုက်ပွဲပြီးတော့မှ မီးရှို့ဖျက်ဆီးခဲ့တာလား ဆိုတာတော့ မပြောနိုင်သေးပါဘူး” ဟု ရေးသားထားသည်ကို တွေ့ရသည်။

Type 92 သံချပ်ကာယာဉ်၌ ပင်မလက်နက်အဖြစ် 25mm စက်အမြောက်တပ်ဆင်ထားကြောင်း ယာဉ်အဖွဲ့သား န ဦးအပြင် စစ်သည် စ ဦး လိုက်ပါနိုင်ကြောင်းလည်း ရေးသားထားသည်။

“သံချပ်ကာအကာအကွယ်ကတော့ ‌ကောင်းလှတယ်မဟုတ်ပဲ လက်နက်ငယ်ဒဏ်ခံနိုင်တယ်၊ လက်နက်ကြီး အစအနစင်တာ ခံနိုင်တယ်။ RPG, မိုင်း, ဒရုန်းဗုံးသီး တိုက်ရိုက်ထိတဲ့ဒဏ်‌တွေ မခံနိုင်ပါဘူး။ Type 92 နဲ့ ကိုယ်ထည် chassis နီးစပ်တူညီမှုရှိတဲ့ WMA-301 သံချပ်ကာယာဉ်တွေလည်း 1027 စစ်ဆင်ရေးစကတည်းကနေ နောက်ဆုံး ရမခ ကျတဲ့အချိန်အထိ တောက်လျှောက် ဖျက်ဆီးခံရလိုက်၊ အသိမ်းခံရလိုက် ဖြစ်‌နေတာ ‌တွေ့ရမှာပါ။”ဟုလည်း Tactical Raptor က ရေးသားထားသည်။

သြဂုတ် ၂၅ ရက်​နွေတွင်လည်း နောက်ထပ် သံချပ်ကာ ယာဉ်တစ်စီး၏ ဓာတ်ပုံကို ဖော်ပြပြီး”ကချင် မိုးမောက်ဘက်မှာ စကစရဲ့ Type 92 သံချပ်ကာယာဉ်နောက်တစ်စီး ဆုံးရှူံးထားပြန်ပုံရတယ်။ ဗီဒီယိုမှာတွေ့ရတဲ့ ယာဉ်ရဲ့အခြေအနေနဲ့ ရပ်ထားတဲ့နေရာက ရှေ့ရက်တွေက ပုံတွေနဲ့တော့ မတူဘူး။ ဒါ့ကြောင့် 3 စီးမြောက် Type 92 ဆုံးရှူံးမှုဖြစ်နိုင်ပါတယ်” ဟုလည်း ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီ၏ ခမရ(၅၅၇)တပ်ရင်း၊ မြို့ဝင်ဂိတ်နှင့် စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ပူးပေါင်းစစ်ကြောင်း(၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ မုံလှကျေးရွာကို စစ်ကောင်စီက တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားနယ်မြေရဲစခန်းအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီကလေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။