Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သားဖြစ်သူဓာတ်လိုက်တာကို ဝင်ကယ်တဲ့မိခင်ပါ အသက်ဆုံးပါး

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် ၊ ကံသာယာရပ်ကွက်နေအိမ် မှာ ဓာတ်လိုက်နေတဲ့ သားဖြစ်သူကို မိခင်က ဝင်ကယ်ရင်းသားအမိနှစ်ဦး သေဆုံးသွားတဲ့ ဖြစ်စဉ် ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့ထံကသိရပါတယ်။

ဓာတ်လိုက်ပြီး ဆုံးပါးသွားတဲ့ သားအမိနှစ်ဦးရဲ့ရုပ်အလောင်းကို မန္တလေးဆေးရုံကြီးဆီပို့ဆောင်စဉ်

ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် ၊ ကံသာယာရပ်ကွက်နေအိမ် မှာ ဓာတ်လိုက်နေတဲ့ သားဖြစ်သူကို မိခင်က ဝင်ကယ်ရင်းသားအမိနှစ်ဦး သေဆုံးသွားတဲ့ ဖြစ်စဉ် ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့ထံကသိရပါတယ်။

အဲဒီဖြစ်စဉ်ဟာ သြဂုတ်လ ၂၄ ရက် ည ၁၀ နာရီဝန်းကျင်က ကံသာယာရပ်ကွက် ၊ အကွက် (ဗ) ၂၇ က နေအိမ်တစ်အိမ်မှာ ဖြစ်ပွားခဲ့တာပါ။

Public Service Announcement

Public Service Announcement

သား ဖြစ်သူက နေအိမ်မှာ မီးကြိုးပေါက်ပြီး လျှပ်စစ်စီးနေတဲ့သံဇကာကို သွားကိုင်မိရာကနေ ဓာတ်လိုက်ခဲ့တာဖြစ်ပါတယ်။

ဓာတ်လိုက်နေတဲ့ သားကို မိခင်ဖြစ်သူက ကယ်ဖို့ ဝင်ဆွဲရာမှာ မိခင်ပါ ဓာတ်လိုက်ပြီး နှစ်ဦးလုံး သေဆုံးခဲ့ရတာလို့ သိရပါတယ်။

သေဆုံးသွားတဲ့သား က အသက် ၂၅ နှစ်အရွယ်ရှိပြီး မိခင်ကတော့ အသက် ၅၀ ဝန်းကျင်လို့ သိရပါတယ်။ရုပ်အလောင်းတွေကို လူမှုကူညီရေးအသင်းက မန္တလေး ဆေးရုံကြီး ဆီ ပို့ဆောင်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းကလည်းမန္တလေးမှာ အခုလို အလားတူ ဖြစ်စဉ်မျိုး ဖြစ်ခဲ့ပါသေးတယ်။

အောင်မြေသာစံမြို့နယ် ၊ မင်းတဲအီကင်းရပ်ကွက်က တိုက်ခန်းမှာ ရေပြတ်လို့ ရေလှောင်ကန်မှာ သားအမိ နှစ်ဦးရေဆင်းခပ်ချိန် ရေမော်တာကြိုးကနေ ဓာတ်လိုက်ပြီး ၁၀ နှစ်အရွယ် ကလေးငယ် ကန်ထဲ ပြုတ်ကျကာအသက်ဆုံးရှုံးခဲ့ရတာပါ။

အဲဒီဖြစ်စဉ်မှာတော့ သမီးဖြစ်သူ ရေလှောင်ကန်ထဲပြုတ်ကျသွားတာကို လိုက်ဆယ်တဲ့ မိခင် ပါ ဓာတ်လိုက်ခဲ့ပြီး ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရားခံဟာ အာဘေးကို မပစ်ခတ်ခင် ဗုံးခွဲမှုတစ်ခု စီစဉ်ခဲ့ပေမယ့် မလုပ်ဖြစ်ခဲ့တာလို့လည်း ဂျပန် သတင်းဌာန NHKက ဆိုပါတယ်။ ယာမာဂါမီက သူဟာ သံမဏိ ပိုက်တွေကို အွန်လိုင်းကနေ မှာယူပြီး တိပ်တွေနဲ့ ပတ်ထားတဲ့ လက်လုပ်သေနတ်ကို ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

နိုင်ငံတကာ

တမီလ်နာဒူ ရဲတပ်ဖွဲ့က အခုဖြစ်စဉ်ကို အမှုဖွင့်ပြီး စုံစမ်း စစ်ဆေးမှုတွေ စတင်နေပါတယ်။ ဘာသာရေး စီတန်း လှည့်လည်ပွဲမှာ အသုံးပြုတဲ့ လှည်းကို ဓာတ်အားပေးနေတဲ့ မီးစက်ဟာ လမ်းကွေ့ တစ်နေရာမှာ မတော်တဆ ညပ်နေခဲ့ပါတယ်။ ဒီအခြေအနေကို ပြန်ပြင်ဆင်နေချိန်မှာ လှည်းက ဗို့အားမြင့် ဓာတ်ကြိုးနဲ့ ထိမိခဲ့တာလို့...

News

ဒီကနေ့ မတ်လ ၈ ရက်မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အတွက် ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့တာပါ။

News

"ဘာမဟုတ်တဲ့ မိန်းကလေးသေးသေးလေးတစ်ယောက်ကိုတောင်မိအောင်မဖမ်းနိုင်လို့ အမေကိုဖမ်းပြီး လာအဖမ်းခံရင်ပြန်လွှတ်ပေးမယ်ဆိုကတည်းက ဒီကောင်တွေရဲ့သတ္တိကိုစဉ်းစားသာကြည့်ပေတော့" လို့ မသီရိမိုးက ရေးသားထားတာတွေ့ရပါတယ်။