Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဟုမ္မလင်းတိုက်ပွဲစစ်‌ကောင်စီဘက်မှ ၁၅ ဦး​သေ၊ငါးဦးကို အရှင်ဖမ်းမိပြီး ​သေနတ် ၁၀ လက်ရ

PDF တပ်ဖွဲ့ဝင် သုံးဦးကျဆုံး

စစ်​ကောင်စီတပ်မှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ နှင့် စစ်တပ်လက်​​အောက်ခံ-SNA တပ်ဖွဲ့ဝင် ၅ ဦးကိုစစ်သုံ့ပန်းအဖြစ်ဖမ်းဆီးထားစဥ်။ဓါတ်ပုံ-အမှတ် (၁)စစ်​ဒေသ

မိထက်/People’s Spring

ဟုမ္မလင်းမြို့နယ်တွင် ဩဂုတ်လ ၂၀ရက်မှ ၂၄ရက်အတွင်း ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်‌ကောင်စီဘက်မှ ၁၅ ဦး သေဆုံးကာ ၂၁ ဦး ဒဏ်ရာရပြီး ငါးဦးကို အရှင်ဖမ်းမိထားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ်(၁)စစ်ဒေသက ယနေ့(ဩဂုတ်လ ၂၆ ရက်) နေ့လယ်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီခမရ-၃၀၉၊ စစ်တပ်လက်​​အောက်ခံ ရှမ်းနီတပ်- SNA၊ ပျူစောထီး အင်အား ၁၀၀ ကျော်ပါ ဖလက်ခွံ (၁) စီး၊စစ်သင်္ဘော (၂) စီးဖြင့် ဩဂုတ်လ (၂၁) ရက်နေ့တွင် စတင်ကာဟုမ္မလင်းမြို့နယ်၊ရွှေပြည်အေးမြို့ အထက်ပိုင်းရှိ လောင်းမင်းရွာကို ထိုးစစ်ဆင်လာရာမှ တိုက်ပွဲစတင်ဖြစ်ပွားခြင်းဖြစ်သည်။

” ရွာကို သူတို့နှစ်ရက် တပ်စွဲခဲ့တယ်။ ပူးပေါင်းအဖွဲ့တွေက ပြန်တိုက်တာ ၂၄ ရက်က ပြန်ထိန်းချုပ်နိုင်ခဲ့တယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဩဂုတ်လ (၂၄) ရက်‌နေ့တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကူလာသည့်ကသည်းတပ်ဖွဲ့ အင်အား (၇၀) ခန့်ကိုပါ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ခန္တီးခရိုင် တပ်ရင်း-၂၊ အထူးလှုပ်ရှား တပ်ရင်း (၂၊ ၈) နှင့် မော်လိုက်ခရိုင် တပ်ရင်း-၃ နှင့် တိုက်နယ်လေး ပကဖ ပူးပေါင်းအဖွဲ့တို့တိုက်ခိုက်ပြီး လောင်းမင်းရွာအား ပြန်လည် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

စစ်​ကောင်စီတပ်မှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ နှင့် စစ်တပ်လက်​​အောက်ခံ-SNA တပ်ဖွဲ့ဝင် ၅ ဦးကိုစစ်သုံ့ပန်းအဖြစ်ဖမ်းဆီးထားစဥ်။ဓါတ်ပုံ-အမှတ် (၁)စစ်​ဒေသ

ထိုတိုက်ပွဲ၌ စစ်ကောင်စီဘက်မှ အလောင်း (၁၀) လောင်းရရှိပြီး ၁၁ ဦး ဒဏ်ရာရ၍စစ်​ကောင်စီလက်​အောက်ခံ ရှမ်းနီတပ်- SNAတပ်ဖွဲ့ဝင်၅ ဦး ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ စစ်​ကောင်စီတပ်ထံမှ သေနတ် ၁၀ လက်၊ ကျည်မျိုးစုံ ၁၁၈၄ တောင့်၊ ဗုံးသီး (၆) လုံး၊ ကျည်အိမ် (၂၁) ခု သိမ်းဆည်းရမိခဲ့သည်ဟုအမှတ်(၁)စစ်ဒေသက က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူ လေး ဦးသေဆုံးခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ထို့အပြင် ဩဂုတ်လ (၂၂) ရက်နေ့ကလည်း ဟုမ္မလင်းမြို့နယ်၊ ဆပ်ကယားရွာသို့ စစ်‌ ကောင်စီတပ်၊SNA တပ် နှင့် ကသည်းတပ်ဖွဲ့ ပူးပေါင်းအင်အား ၅၀ ခန့် ထိုးစစ်ဆင်လာသဖြင့် ခန္တီးခရိုင် တပ်ရင်း (၁၊ ၃)၊အထူးလှုပ်ရှား တပ်ရင်း (၈၊ ၉) ပူးပေါင်းအဖွဲ့က တိုက်ခိုက်ရာ စစ်​ကောင်စီတပ်ဘက်မှ ၅ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အမှတ်(၁)စစ်ဒေသက က သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲများအတွင်း ကာကွယ်ရေးရဲဘော်သုံးဦးကျဆုံးခဲ့ပြီး ထိုထဲမှတစ်ဦးကို စစ်ကောင်စီတပ်က ခေါင်းဖြတ်သတ်သွားသည်ဟု အမှတ်(၁)စစ်ဒေသက က သတင်းထုတ်ပြန်ထားသည်။

ရွှေ ပြည်အေးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက ၂၀၂၃ ခုနှစ်မှ နိုဝင်ဘာလတွင် တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ဟုမ္မလင်းမြို့နယ်နှင့် ဆက်စပ် နေသော တမူးခရိုင်မှ မြို့သစ်မြို့နှင့် ခါမ်းပါတ်မြို့ကိုလည်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားသည်။

PDF ၊ပကဖ ၊ABSDF နှင့် မဟာမိတ် တပ်များကသြဂုတ်လတတိယပါတ်မှစ၍ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ဖြစ်​သောပင်လယ်ဘူး၊ အင်းတော်၊ ထီးချိုင့်မြို့တို့ရှိ စစ်တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲ​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်း(မူး)မြို့နယ်အတွင်း စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်၍ သံဃာတစ်ပါး ပျံလွန်တော်မူပြီး ကိုရင်နှင့်ကျောင်းသား၊ကျောင်းသူများ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မိုးမောက်၌ နောက်ဆုံးကျန်နေသည့် ခမရ(၄၃၇)တပ်ရင်း အား တိုက်ခိုက်သိမ်းပိုက်သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သံချပ်ကာ ယာဉ် ၃စီးအထိ တိုက်ခိုက် ဖျက်ဆီး သိမ်းပိုက်နိုင်ခဲ့သည်ဟုကို စစ်ရေးသတင်းရင်မြစ်က မှတ်တမ်းများဖော်ပြထားပြီး CDM အရာရှိ တစ်ဦးကလည်း သံချပ်ကာယာဉ် ၃စီးရသည်ဟု ခန့်မှန်းထားသည်။

သတင်း

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီ၏ ခမရ(၅၅၇)တပ်ရင်း၊ မြို့ဝင်ဂိတ်နှင့် စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ပူးပေါင်းစစ်ကြောင်း(၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ မုံလှကျေးရွာကို စစ်ကောင်စီက တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။