Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်ပန်းတောင်းတွင် အုပ်ကြီးတစ်ဦး အသတ်ခံရ

မြင်းခြံခရိုင်အထူးစစ်ဆင်ရေးကြောင့် လုံခြုံရေးတိုးမြှင့်ထားသည့် ကျောက်ပန်းတောင်းမြို့နယ် တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။

သိမ်းဆည်းရမိသော စစ်သုံးပစ္စည်းအချို့အား တွေ့ရစဥ်။ဓာတ်ပုံ- Anyar Myay

အင်ကြင်း/People’s Spring

မြင်းခြံခရိုင်အထူးစစ်ဆင်ရေးကြောင့် လုံခြုံရေးတိုးမြှင့်ထားသည့် ကျောက်ပန်းတောင်းမြို့နယ် တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။

သြဂုတ် ၂၃ ရက် ညနေ ၃နာရီခန့်က ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်တံခါး(မြောက်) ကျေးရွာမှ ပြည်သူများအပေါ် အနိုင်ကျင့်၊ ခြိမ်းခြောက်၊ဒုက္ခပေးနေသော ပျူစောထီးအဖွဲ့ဝင် အုပ်ချုပ်ရေးမှူးဝင်းအောင်ဆိုသူအား ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း အညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကျောက်ပန်းတောင်း)၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“သူ့ရွာထဲမှာ ဝင်ဖမ်းပြီး လမ်းမတန်းဘေးရောက်မှာ စစ်ဆေးပြီး ရှင်းခဲ့တာဗျ။ သေနတ်ကတော့ မရဘူး။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

၎င်းအုပ်ကြီးထံမှ ကျည်ကာအင်္ကျီ တစ်ထည်၊ စစ်သုံးရေဗူး တစ်ဗူးနှင့် ဓား တစ်ချောင်းအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့တွင် သြဂုတ်လဆန်းပိုင်းကလည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့သေးသည်။ နယ်မြေချင်းထိဆက်နေသည့် မြင်းခြံခရိုင်တွင် မြင်းခြံခရိုင်အထူးစစ်ဆင်ရေးကြောင့် တိုက်ပွဲများဖြစ်ပွားနေ၍ ကျောက်ပန်းတောင်းမြို့တွင်လည်း လုံခြုံရေးတိုးမြှင့်ထားကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့တွင် ပြည်သူများကို နည်းလမ်းမျိုးစုံဖြင့် ဒုက္ခပေးနေသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၏ အချက်အလက်များ တောင်းခံသည့် "အုပ်ကြီးကမ်ပိန်း" ကို ပြုလုပ်မည် ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ​ထုတ်ပြန်သည်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ အောင်ပင်လယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် စစ်ကောင်စီအတွက် စစ်မှုထမ်းရန် လူအများအပြားစုဆောင်းပေး‌နေကြောင်း မြို့ခံများကပြောသည်။

သတင်း

ရန်ကုန်မြို့တွင် ပြည်သူများကို နည်းလမ်းမျိုးစုံဖြင့် ဒုက္ခပေးနေသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၏ အချက်အလက်များ တောင်းခံသည့် "အုပ်ကြီးကမ်ပိန်း" ကို ပြုလုပ်မည် ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက အသိပေးခဲ့သည်။

သတင်း

ပဲခူးတိုင်းအနောက်ခြမ်းတွင် (၃)ရက်အတွင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ စုံစမ်းသိရသည်။