close
Connect with us

Hi, what are you looking for?

သတင်း

ပေါ်တာဆွဲခံရပြီး စစ်သင်တန်းတက်​ရောက်ရကာ​ရှေ့တန်း​စေလွှတ်ခံရ​သောစစ်သားသစ်တစ်ဦး တနင်္သာရီ(ပကဖ)ထံ အလင်းဝင်

တနင်္သာရီမြို့နယ်သို့ စစ်ကြောင်းထိုးဝင်ရောက်လျှက်ရှိသော စစ်ကောင်စီတပ်လှုပ်ရှားစစ်ကြောင်းတစ်ခုမှ တပ်သားတစ်ဦး တနင်္သာရီမြို့နယ်(ပကဖ)ထံ ခိုလှုံလာကြောင်း ပကဖ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလင်းဝင်လာ​သော စစ်​ကောင်စီတပ်သား နှင့်ယူ​​ဆောင်လာ​သောလက်နက်။ ဓါတ်ပုံ- တနင်္သာရီပကဖ

ကျော်ဇော/People’s Spring

တနင်္သာရီမြို့နယ်သို့ စစ်ကြောင်းထိုးဝင်ရောက်လျှက်ရှိသော စစ်ကောင်စီတပ်လှုပ်ရှားစစ်ကြောင်းတစ်ခုမှ တပ်သားတစ်ဦး တနင်္သာရီမြို့နယ်(ပကဖ)ထံ ခိုလှုံလာကြောင်း ပကဖ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စက်တင်ဘာ ၁ ရက်နေ့ညနေ ၄ နာရီခန့်က တနင်္သာရီမြို့နယ်၊ ဇဝဲရွာအခြေစိုက် ခမရ – ၅၅၆ တပ်ရင်းအနီးရောက်ရှိလာသော စစ်ကောင်စီတပ်စစ်ကြောင်းမှ တပ်သားမင်းခန့်သည်ရှေ့ တန်းတစ်‌နေရာမှထွက်ပြေးလွတ်မြောက်ကာ တနင်္သာရီ

Public Service Announcement

Public Service Announcement

(ပကဖ)ထံ အလင်းဝင်လာခြင်း ဖြစ် သည်။၎င်းသည် ​စစ်တပ်က ​ပေါတာဆွဲခံရပြီး စစ်သင်တန်းတက်​ရောက်​စေပြီး သင်တန်းအပြီး၌ ​တနင်္သာရီ​ရှေ့တန်းသို့​စေလွှတ်လိုက်ခြင်းဖြစ်​ကြောင်းသိရသည်။

“ဒေသခံတွေကတဆင့် ဆက်သွယ်လာတာ။ သူတို့စစ်ကြောင်းက အင်အား ၁၅၀ လောက်ရှိမယ်။ အခုလက်ရှိ အဲစစ်ကြောင်းက ဇဝဲဘက်မှာပဲ ရှိသေးတယ်”ဟု တနင်္သာရီ(ပကဖ) မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ တပ်သားမင်းခန့်သည် ဧရာဝတီ တိုင်း၊ ဟင်္သာတမြို့နယ်၊ ဇရပ်ကွင်းအုပ်စုတွင်နေထိုင်သူဖြစ်ပြီး လမ်းခရီးတစ်နေရာ၌ စစ်ကောင်စီ၏ ပေါ်တာဆွဲအဓမ္မဖမ်းဆီးခြင်းကို ခံခဲ့ရသူဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်က ကိုမင်းခန့်အားတပ်သားသစ်အဖြစ်စာရင်းသွင်း၍ ဟင်္သာတရှိ စကက(၆)၌ စစ်သင်တန်း ၆ လတက်စေပြီး ယခုနှစ်(၂၀၂၄)ဇူလိုင်လ ၂၆ ရက်တွင်စစ်မှုထမ်းအပတ်စဉ်(၂)သင်တန်းဆင်းခဲ့ကြောင်း တပ်သားမင်းခန့်အားမေးမြန်းစစ် ဆေးချက်အရ သိရှိရသည်ဟု တနင်္သာရီ (ပကဖ)မှ အသိပေးသည်။

ယင်းအပြင် နှစ်လနီးပါးကြာ တာဝန်ထမ်းဆောင်ခဲ့ရပြီးစစ်ကောင်စီ(၁၀၁)တပ်ရင်းမှတပ်သားအသစ်အဖြစ် ရှေ့တန်းပို့ခြင်းခံရခြင်းဖြစ်သည်။ယခုစက်တင်ဘာလဆန်းတွင် ရှေ့တန်းစစ်‌မြေပြင်တစ်နေရာမှ အခွင့်အ​ရေးရသည့်နှင့် ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဟု ဖော် ပြသည်။

“လောလောဆယ်တော့ (စစ်ဆေးမှုမလုပ်ဘဲ) အနားပေးထားတယ်။ အားလုံးပြီးစီးမှ ဘာဆက်လုပ်မလဲ ဆုံးဖြတ်ရမှာပေါ့”ဟု အလင်းဝင်တပ်သားနှင့်စပ်လျဥ်းပြီး တနင်္သာရီ (ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အထက်ပါ စစ်မှုထမ်းအပတ်စဥ်(၂)သင်တန်း ဆင်း တပ်သားမင်းခန့်နှင့်အတူ ၈၁ လက်နက် ကြီးကျည်နှစ်လုံးနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ ယူဆောင်လာကာ ပကဖထံအပ်နှံခဲ့ကြောင်း အသိပေးထားသည်။

စစ်ရေးရှုံးနိမ့်မှုများ ဘင်ပေါင်းစုံမှ ရင်ဆိုင်လာနေရသည့် စစ်ကာင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို ယခုနှစ်(၂၀၂၄) ဖေဖော်ဝါရီ ၁၀ ရက်နေ့မှစ၍ အသက်ဝင်ပြီဖြစ်ကြောင်းကြေညာပြီးနောက် နိုင်ငံတစ်ဝှမ်း တပ်သား သစ်စုစောင်းခြင်း၊ ပေါ်တာဆွဲဖမ်းဆီးခြင်းများ ဆက်တက်လုပ်ဆောင်လျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် စစ်ကောင်စီတပ် ပေါ်တာဆွဲခံရသည့် လူငယ်နှစ်ဦးအား ကျပ်သိန်း ၁၃၀ဖြင့် ပြန်လည်ရွေးခဲ့ရပြီး အချို့ဒေသတွင် စစ်မှုထမ်းရန် တိမ်ရှောင်သူများအား မိသားစုဝင်များ အစားထိုးခေါ်ယူနေကြောင်း ဖြစ်စဥ်နှင့်ဆက်စပ်သူများက ပြောသည်။

သတင်း

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့်စစ်သားများ ပေါ်တာဆွဲသွားရန် ပြင်ဆင်နေစဥ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Black Dragon GBK-PDF မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

သတင်း

ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)-တွန်းဇံ ထံစစ်ကောင်စီတပ်သားတစ်ဦး အလင်းဝင်လာကြောင်း CDF တွန်းဇံက ချင်းဘာသာဖြင့် ထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မရဲစခန်းမှ ရဲတပ်သား တစ်ဦး လက်နက်ခဲယမ်းများယူလာပြီး အလင်းဝင်လာ၍ ကျပ်သိန်း ၅၀ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း (၂၈)ဓါးမဆိုင်းတပ်မတော်မှ တာဝန်ရှိသူ ဗိုလ်စွမ်းက ပြောသည်။