close
Connect with us

Hi, what are you looking for?

သတင်း

ဆော့လော်ဒေသရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်စခန်းကို KIA သိမ်းပိုက်

ကချင်ပြည်နယ် ဆော့လော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်သိမ်းပိုက်ခဲ့ဟု KIAနှင့် ဒေသ စစ်ရေးသတင်းရင်းမြစ်တို့က ပြောသည်။

ကချင်ပြည်နယ် မိုးမောက်မြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုအား သိမ်းပိုက်ပြီးနောက် တွေ့ရသော KIA ရဲဘော်များ။ ဓာတ်ပုံ - The Kachin Net

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဆော့လော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်သိမ်းပိုက်ခဲ့ဟု KIAနှင့် ဒေသ စစ်ရေးသတင်းရင်းမြစ်တို့က ပြောသည်။

KIA သတင်းပြန်ကြားရေးဌာန၏ ကချင်ဘာသာ သတင်းဖော်ပြချက်တွင် KIA တပ်မဟာ(၇) တပ်ရင်း(၄၆)တပ်ဖွဲ့များက လန်ယန်းဒေသနှင့် ဆော့လော်ကြားရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်များ ပူးပေါင်းတပ်စွဲထား

Public Service Announcement

Public Service Announcement

သည့် စခန်းတစ်ခုသိမ်းပိုက်ခဲ့ဟု အသိပေးထားသည်။

အဆိုပါတပ်စခန်းကို ဩဂုတ် ၂၉ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဩဂုတ် ၃၀ရက် နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟုဆိုသည်။

ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဆော့လော်ဒေသတွင် စစ်ကောင်စီ ခလရ(၁၀၅)၊ ခလရ(၂၉၈)နှင့် ပြည်သူ့စစ်အင်အား ၈၀ခန့်ရှိ စခန်းကို ဩဂုတ် ၃၀ရက် မွန်းလွဲပိုင်းတွင်

KIA တပ်မဟာ(၇)က သိမ်းပိုက်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

အဆိုပါတပ်စခန်းသိမ်းပိုက်နိုင်မှုကို အခြားသတင်းရင်းမြစ်တစ်ဦးက အတည်ပြုသော်လည်း တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးနှင့် လက်နက်ခဲယမ်း၊ စစ်သုံ့ပမ်းရရှိမှု အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ရေးအခြေအနေများနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်ခဲ့ရာ အဆက်အသွယ်မရသေးပေ။

KIAအနေဖြင့် မိုးမောက်မြို့နယ် ခမရ(၄၃၇) တပ်ရင်းဌာနချုပ်ကို ဩဂုတ် ၁၉ရက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မိုးမောက်၊ မံစီဒေသများ၌ စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သည်။

(ကချင်ပြည်နယ် မိုးမောက်မြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုအား သိမ်းပိုက်ပြီးနောက် တွေ့ရသော KIA ရဲဘော်များ။ ဓာတ်ပုံ – The Kachin Net)

ဆက်စပ်သတင်းများ

သတင်း

NLD ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန် ပါတီဝင်များကို နှုတ်ဆက်စကားပြော

သတင်း

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းဗျူဟာစခန်းတိုက်ပွဲသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။

သတင်း

ပြည်သူလူထုနေအိမ်ပျက်စီး၊ မင်းတပ်(၂၇၄) တပ်ရင်းကို လေကြောင်းမှ ရိက္ခာပစ္စည်းထုပ်များ ထပ်မံ ဖြည့်တည်း

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းထပ်မံတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ပျက်စီးကြောင်း ဒေသခံများက ပြောသည်။