close
Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီဒုတပ်ကြပ်တစ်ဦး လက်နက်ဖြင့် အလင်းဝင်လာ၍ ကျပ်သိန်း ၅၀ချီးမြှင့်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းနှင့် အလင်းဝင်လာ၍ ကျပ်သိန်း ၅၀ဆုချီးမြှင့်ခဲ့ကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်သည်။

အလင်းဝင်ဒုတပ်ကြပ်အား တွေ့ရစဥ်။ဓာတ်ပုံ-တန့်ဆည်ပကဖ

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းနှင့် အလင်းဝင်လာ၍ ကျပ်သိန်း ၅၀ဆုချီးမြှင့်ခဲ့ကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်သည်။

တန့်ဆည်မြို့နယ်တွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်တစ်ဦးသည် MA 1 တစ်လက်နှင့် ကျည်များယူဆောင်လာကာ အလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်း တန့်ဆည်ပကဖက ယနေ့(စက်တင်ဘာ ၄ ရက်) အသိပေးသည်။

Public Service Announcement

Public Service Announcement

အလင်းဝင်လာသော ဒုတပ်ကြပ်အား ကျပ်သိန်း ၅၀ဆုချီးမြင့်ခဲ့ပြီး ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း တန့်ဆည်ပကဖက ထပ်မံအသိပေးသည်။

အလင်းဝင်လာသော ဒုတပ်ကြပ်နှင့်ပတ်သက်၍ တန့်ဆည်ပကဖထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

အလားတူ ပြီးခဲ့သည့် သြဂုတ် ၂၀ရက်ကလည်း တန့်ဆည်မြို့မရဲစခန်းမှ ရဲဒုတပ်ကြပ်တစ်ဦး Freedom Revolution Force (FRF) နှင့် မင်းကင်းရင်း (၂)ပူးပေါင်းအဖွဲ့ထံသို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာပြီး PDFနှင့်ပူးပေါင်း၍ စစ်ကောင်စီအား ဆက်လက်တော်လှန်နေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီက တအာင်းတပ်မတော် (PSLF/TNLA) အုပ်ချုပ်နေသည့် နမ့်ဆန်၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ မန်တုံမြို့နယ်များရှိ ပြည်သူများကိုထိခိုက်စေရန် ရည်ရွယ်ပြီး မကြာခဏ လေကြောင်းတိုက်ခိုက်လျက်ရှိကြောင်း TNLAက ယနေ့ ထုတ်ပြန်သည်။

သတင်း

လူမှောင်ခိုမှုတွေအပါအဝင် ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး စုံစမ်းစစ်ဆေး ခံနေရတဲ့မ​လေးရှား ဒုတိယ ဝန်ကြီး​ဟောင်း တစ်ဦးဟာ မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခရီးစဉ်တစ်ခု သွားရောက်နေကြောင်း မလေးရှား ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA)က ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းကတည်းက သိမ်းပိုက်ထားသည့်မန်တုံမြို့ကို စစ်ကောင်စီက ယမန်နေ့ စက်တင်ဘာ ၃ရက်ညပိုင်း၌ လေကြောင်း တိုက်ခိုက်ခဲ့ရာ အရပ်သားထိခိုက်မှုနှင့် အဆောက်အဦးပျက်စီးမှုများရှိခဲ့ကြောင်းတအာင်းအမျိုးသမီးအဖွဲ့(TWO)က သတင်းထုတ်ပြန်သည်။

သတင်း

သေဆုံးသူများတွင် ဒုချုပ်စိုးဝင်း၏ ကိုယ်ရေးအရာရှိ ဗိုလ်မှုးကြီးပါဝင်ဟုဆို

Facebook