close
Connect with us

Hi, what are you looking for?

သတင်း

မုံရွာနှင့် မြင်းမူမြို့အဝင်ရှိ စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာနှင့် မြင်းမူမြို့အဝင်များရှိ စစ်ကောင်စီတပ်အား PDF ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

မုံရွာမြို့အဝင် စစ်ကောင်စီဂိတ်စခန်းအား PDFများ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်စဥ်။ဓာတ်ပုံ-File Video

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာနှင့် မြင်းမူမြို့အဝင်များရှိ စစ်ကောင်စီတပ်အား PDF ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ် ၃၀ရက် ညနေ ၅ နာရီခွဲခန့်က မုံရွာမြို့အဝင် နယူးဒေးဆီဆိုင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား ၄၀မမ တစ်လုံးနှင့် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်အမှတ် (၂၂)တပ်ရင်း၏ ခေါင်းဆောင် ဗိုလ်နတ်ဆိုးက ပြောသည်။

Public Service Announcement

Public Service Announcement

“အထိအခိုက်ကတော့ မသိရသေးဘူး။ ဘန်ကာတွေပေါက်ပြဲသွားတော့ အထိအခိုက်ရှိနိုင် တယ် “ဟု မုံရွာခရိုင်အမှတ် (၂၂)တပ်ရင်း၏ ခေါင်းဆောင် ဗိုလ်နတ်ဆိုးက ဆိုသည်။

အလားတူ ယမန်နေ့(သြဂုတ် ၃၁ရက်) နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့်ကလည်း မြင်းမူမြို့အဝင်၌ ခရီးသွားများအား ငွေညှစ်နေသည့် အင်အား၃၀ခန့်ရှိ စစ်ကောင်စီတပ်နှင့်ရဲများကို M9 လက်နက်ကြီး ၂လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force-MNRF အဖွဲ့၏ခေါင်းဆောင် ကိုမိုးညိုက ပြောသည်။

“မီတာ ၃၀၀လောက်ပဲကွာတယ်။ ကပ်ပစ်ခဲ့တာ။ M9ကွဲတဲ့အချိန် ကွဲသံနားပဲ သေနတ်သံသုံးချက်လောက်ထွက်ပြီး တခါတည်းကားတွေနဲ့မြို့ထဲဝင်ပြေးတာပဲ။”ဟု ကိုမိုးညိုက ပြောသည်။

အနီးကပ်ပစ်ခတ်ခြင်းဖြစ်၍ စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိနိုင်ကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့် မကြာခဏ ရမ်းသမ်းပစ်ခတ်နေပြီး ပြီးခဲ့သည့် ဩဂုတ် ၁၃ရက်ကလည်း မုံရွာမြို့အဝင် မအူဂိတ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ မုံရွာ-အမြင့်လမ်းဘေး ထနောင်းတောတောင်ရွာစျေးအတွင်း ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁၁ဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တိုင်းရင်းသားတပ်ဖွဲ့များ၏ ၁၀၂၇ စစ်ဆင်ရေး အပါအဝင် စစ်အာဏာရှင်ချုပ်ငြိမ်းရေး စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးအင်အားစု လက်နက်ကိုင်အဖွဲ့အားလုံးနှင့်အတူတသားတည်း ရပ်တည်ကြောင်း ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံသပိတ်က ဆန္ဒထုတ်ဖော်ပြသခဲ့သည်။

သတင်း

မန္တလေးတိုင်းရှိ စဥ့်ကူး၊ သပိတ်ကျင်းနှင့် နွားထိုးကြီးမြို့နယ်တို့တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ဒေသခံပြည်သူ ၇ ဦး သေဆုံးပြီး ၄ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

စစ်​ကောင်စီက ပို့ကုန်ရငွေတင်ပြမှသာ ဆေးဝါးသွင်းကုန်လိုင်စင်ချပေးမည်ဟုဆိုကာ ဆေးဝါးကုမ္ပဏီ ၁၀၀ကျော်၏ ဆေးဝါးတင်သွင်းခွင့်လိုင်စင်များကို စစ်ကောင်စီထိန်းချုပ်ထားသည့် ကုန်သွယ်ရေးဦးစီးဌာနက ပယ်ဖျက်လိုက်သည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ပိုင်းစစ်ဒေသနယ်မြေတွင် ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့များ၏ အကြမ်းဖက် လုပ်ရပ်များကြောင့် အရပ်သား ပြည်သူ သေဆုံးထိခိုက်မှု၊ ဖမ်းဆီးခံရမှုများရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက ယနေ့ထုတ်ပြန်သည်။