close
Connect with us

Hi, what are you looking for?

သတင်း

ဒေါက်တာမီမီဝင်းဘတ်ကို East West Center ဂုဏ်ပြုလွှာပေးအပ်ချီးမြှင့်

မြန်မာနိုင်ငံတွင် စစ်တပ်အုပ်ချုပ်မှု အဆုံးသတ်ရေးနှင့် ဒီမိုကရေစီပြန်လည်ရရှိရေးကြိုးပမ်း​နေမှုများအတွက် ဒေါက်တာမီမီဝင်းဘတ်ကို အမေရိကန်အခြေစိုက် East West Center က ဂုဏ်ပြုအသိအမှတ်ပြုလွှာ ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

ဓါတ်ပုံ- Greg Knudsen

အီယိုရီ/People’s Spring

မြန်မာနိုင်ငံတွင် စစ်တပ်အုပ်ချုပ်မှု အဆုံးသတ်ရေးနှင့် ဒီမိုကရေစီပြန်လည်ရရှိရေးကြိုးပမ်း​နေမှုများအတွက် ဒေါက်တာမီမီဝင်းဘတ်ကို အမေရိကန်အခြေစိုက် East West Center က ဂုဏ်ပြုအသိအမှတ်ပြုလွှာ ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

အမေရိကန်၊ အာရှနှင့် ပစိဖိတ် နိုင်ငံများအကြား၊ ပြည်သူများအကြား ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးနှင့် နားလည်မှုများ တိုးမြှင့်လာစေရန် ဒေါက်တာမီမီဝင်းဘတ်၏ ပံ့ပိုးကူညီများအတွက် အထက်ပါဂုဏ်ပြုအသိအမှတ်ပြုလွှာကို စက်တင်ဘာ ၈ ရက်တွင် East West Center ကျောင်းသားဟောင်းဒါရိုက်တာ ခရစ္စတီနာမွန်ရိုးက ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

“အခုလိုအသိအမှတ်ပြုမှုအတွက် East West Center ကို ကျွန်မအနေနဲ့ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ တကယ့်သူရဲကောင်းတွေက လွတ်မြောက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြသူတွေ၊ ရှေ့တန်းစစ်မျက်နှာတွေမှာ သူတို့ရဲ့အသက်တွေကို စွန့်စားနေကြသူတွေဖြစ်ပါတယ်။ သူတို့ကိုယ်စား ကျွန်မ ဒီချီးမြှင့်မှုကို ကျိုးနွံ့စွာ လက်ခံတာပါ။ ဒီလိုအသိအမှတ်ပြုမှုက လျစ်လျူရှုခံထားရတဲ့ မြန်မာပြည်စစ်ပွဲအပေါ် နဲ့ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ဖိနှိပ်မှု၊ စစ်အာဏာရှင်လက်အောက်ကနေ လွတ်မြောက်ဖို့ ဆက်လက်ရုန်းကန်နေတာတွေအပေါ် နိုင်ငံတကာက ပိုမိုအာရုံစိုက်လာနိုင်အောင် ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဒေါက်တာမီမီဝင်းဘတ်က ပြောသည်။

Public Service Announcement

Public Service Announcement

မြန်မာပြည်ဖွား အမေရိကန်စစ်တပ် အငြိမ်းစားဒုဗိုလ်မှူးကြီး ဒေါက်တာမီမီဝင်းဘတ်သည် ၂၀၂၁ ဖေဖော်ဝါရီတွင် ဒီမိုကရေစီဆိတ်သုဥ်းကာ စစ်အာဏာသိမ်းချိန်မှစ၍ စစ်ကောင်စီဖယ်ရှားရေးအတွက် မြန်မာပြည်သူများ၏ အားထုတ်ကြိုးပမ်းမှုများအပေါ် စိတ်အားထက်သန်စွာ သတင်းအချက်အလက်ပေးသည့် သုံးသပ်အစီရင်ခံမှုများ ပေးစွမ်းခဲ့ကြောင်း East West Center ကျောင်းသားဟောင်းများအဖွဲ့က ထုတ်ပြန်သည်။

ဒေါက်တာမီမီဝင်းဘတ်သည် အာရှနိုင်ငံအချို့နှင့် ဒေသတွင်းနိုင်ငံများသို့ သွားရောက်ကာ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာပြည်သူများ၏ ဒုက္ခဆင်းရဲမှုများ၊ ဒီမိုကရေစီအရေးရဲရင့်ပြတ်သားစွာ တိုက်ပွဲဝင်နေမှုများနှင့် အကြမ်းဖက်ဂိုဏ်းအဆင့်ရှိ စစ်တပ်၏ ကျရှုံးနေမှုများကို ရှင်းလင်းပြောကြားခဲ့သူဖြစ်သည်။ သတင်းမီဒီယာများတွင်လည်း မကြာခဏ အထက်ပါ အချက်အလက်များကို ဒေါက်တာမီမီဝင်းဘတ်က ဖြေကြားပေးနေသူဖြစ်သည်။

ဆက်စပ်သတင်းများ

Facebook