close
Connect with us

Hi, what are you looking for?

သတင်း

ရွှေပေါက္ကံမြို့သစ် (၂၂)ရပ်ကွက်ရုံး လက်ပစ်ဗုံးဖြင့် တိုက်ခိုက်

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ်ရှိ စစ်ကောင်စီ​၏ (၂၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် ရွှေပေါက္ကံမြို့သစ်ရှိ (၂၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

သတိုး/People’s Spring

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ်ရှိ စစ်ကောင်စီ​၏ (၂၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

“လက်ပစ်ဗုံးနှစ်လုံးကွဲအား ပြင်းတယ်။ လတ်တလော အုပ်ကြီးရှောသွားတယ်ကြားတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၁၆ ရက် ည ၈နာရီခွဲခန့်တွင် တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီက အစစ်အဆေးပြုလုပ်ခဲ့သော်လည်း ရဲဘော်များဘေးကင်းရာသို့ရောက်ရှိပြီဟု ၎င်းက ပြောသည်။

“အုံးသံကြားပြီး မီးတွေအကုန်ဖြတ်ပစ်လိုက်ပြီး ဆေးရုံကားသံတွေကြားရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိအချိန်အထိ ပေါက်ကွဲမှုဖြစ်သည့်နေရာ၌ ပျူစောထီးအင်အားအများအပြားဖြင့် ကင်းလှည့်မှုများပြုလုပ်ကာ အစစ်အဆေးလုပ်နေကြောင်း ဒေသခံတစ်ဦးကလည်း ပြောသည်။

မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် မြို့ပြစစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း တတ်နိုင်သည့်ဘက်မှ ပါဝင်ပေးရန် အထက်ပါတာဝန်ရှိသူကမေတ္တာရပ်ခံထားသည်။

မြောက်ဥက္ကလာပမြို့နယ်ပကဖ အနေဖြင့် စက်တင်ဘာ ၆ ရက်ကလည်း Yangon UG People Army နှင့်အတူ စိန်ပန်းမြိုင် ယာဉ်ထိန်းရုံးရဲတန်းလျားအား ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် စိန်ပန်းမြိုင် ယာဉ်ထိန်းရုံးကို လက်ပစ်ဗုံးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon UG People Army (YUPA)၏ တာဝန်ခံ Joe ကပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

ဗုံးပစ်တိုက်ခိုက်ခံရပြီးနောက် အခင်းဖြစ်ရာသို့ တံတားဦးဘက်မှ စစ်ကားတစ်စီးရောက်လာကြောင်း၊ ယမန်နေ့က ကျောက်ဆည်တစ်မြို့လုံး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်း

KRAအဖွဲ့သည် နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းကလည်း ကျောက်ဆည်ခရိုင်တရားရုံးအတွင်းသို့ လက်ပစ်ဗုံးတစ်လုံး အနီးကပ်ပစ်သွင်းကာ တိုက်ခိုက်ခဲ့ရာ တရားသူကြီးထိခိုက်ခဲ့သေးသည်။

Facebook