close
Connect with us

Hi, what are you looking for?

သတင်း

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ​၏ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး အလင်းဝင်လာကြောင်း ချင်းပြည်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ နေ့လည်က ထန်တလန်မြို့ပေါ်မှ အလင်းဝင်လာသည့် ရဲသုံးဦးနှင့် လက်နက်ခဲယမ်းများကိုတွေ့ရစဥ်။ ဓာတ်ပုံ - CR News

ရဲခေါင်/People’s Spring

ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ​၏ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး အလင်းဝင်လာကြောင်း ချင်းပြည်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ယနေ့( စက်တင်ဘာ ၁၆ ရက်) နေ့လည်ပိုင်းတွင် သေနတ် ၄လက်နှင့် ကျည်များ ယူလာပြီး ချင်းအမျိုးသားတပ်မတော်(CNF/CNA)ထံ အလင်းဝင်လာခဲ့ခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“အလင်းဝင်တဲ့ရဲတွေက ထန်တလန်မြို့ပေါ်က Lai Villa တည်းခိုခန်းအဆောက်အအုံမှာ ခြေကုပ်ယူတပ်စွဲထားတဲ့သူတွေ”ဟု ချင်းပြည်နယ်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Lai Villa၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို CNA က ယမန်နေ့တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

CNAက ထန်တလန်မြို့သိမ်းပိုက်နိုင်ရေး Tilim Operation-4 စစ်ဆင်ရေးကို ဇူလိုင်၂၂ ရက်ကစတင်နေခြင်းဖြစ်ပြီး ထန်တလန်မြို့ပေါ်မှ စစ်ကောင်စီအမာခံတပ်ကုန်းနှင့် ဟားခါး-ထန်တလန်ကြားရှိ စစ်ကောင်စီ စခန်း ၈ခုကို သိမ်းပိုက် ထားသည်။

ထို့အပြင် စက်တင်ဘာ ဒုတိယပတ်အတွင်း ထန်တလန်မြို့တိုက်ပွဲများအတွင်း စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးသေဆုံးကြောင်း CNAပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အသိပေးထားသည်။

ထန်တလန်မြို့တွင် စစ်ကောင်စီ၏ ခလရ(၂၆၉ ) တပ်ရှိပြီး မြို့ပေါ်နေရာလေးခုခန့်တွင်လည်း တပ်စွဲထားကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ် ထန်တလန်မြို့ရှိ စစ်ကောင်စီ တပ်ဖွဲ့များကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်က တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီး အားပြု၍ ခုခံလျက်ရှိ​ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။

သတင်း

စစ်ကောင်စီ လေကြောင်း၊ လက်နက်ကြီးဖြင့် ခုခံ

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် ရဲတပ်သားတစ်ဦး တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ထံ လက်နက်ခဲယမ်းများယူလာပြီး အလင်းဝင်လာသည်။

သတင်း

ချင်းပြည်နယ် ထန်တလန်မြို့သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် တပ်မှူးများကို ချင်းပြည်ကောင်စီ​၏ ပြည်နယ်ဝန်ကြီးချုပ် ပူးပါထန်းနှင့် အဖွဲ့ သွားရောက်တွေ့ဆုံခဲ့ကြောင်းသတင်းထုတ်ပြန်သည်။

Facebook