စစ်တွေမြို့အနီးရွှေပြည်သာရပ်ကွက် နှင့် ကျေးတောရွာမှ ဒေသခံများကို စစ်ကောင်စီက အတင်းအကျပ်ဖယ်ရှားပြီး ရွာအတွင်း တပ်စွဲလိုက်သည်။
ထိုနှစ်နေရာမှ ဒေသခံများကို စက်တင်ဘာလဆန်းတွင် စတင်ဖယ်ရှားခိုင်းပြီး စက်တင်ဘာလ ၁၅ ရက်နောက်ဆုံးထားပြောင်းရွှေ့ခိုင်းခြင်းဖြစ်ကြောင်းဒေသခံတစ်ဦးကသည်။
“အကုန်မြို့ ပြေးလာကြတာ။တစ်ယောက်မှ မကျန်အောင် နှင်ထုတ်တာ။ မထွက်ချင်ဘူးပြောရင် ဖမ်းချုပ်တာ” ဟု စစ်တွေမြို့ခံတစ်ဦးကပြောသည်။
ထို့ကြောင့် ရွှေပြည်သာရပ်ကွက် နှင့် ကျေးတောရွာရှိ အိမ်ထောင်စု ငါးရာခန့်မှ ဒေသခံ ၁၀၀၀၀ ကျော်သည် စစ်တွေမြို့ရှိ ဘုန်းကြီးကျောင်းများ၌ ခိုလှုံနေကြရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန်လမှစ၍ စစ်တွေမြို့ ၊ ဗျိုင်းဖြူ ၊ အောင်တိုင်၊ ရေချမ်းပြင် ၊ တံငါပြင်၊ ပျားလည်ချောင်း၊ ပါဒလိတ်၊ ကြွီတဲ၊ ပိုက်ဆိပ်ကြီး၊ပလ္လင်ပြင်၊ အုန်းရေဖော်၊ ကြက်တောပြင်တို့မှ ဒေသခံများကို အတင်းအကြပ်ဖယ်ရှားခဲ့သည်။
စစ်ကောင်စီတပ်သည် အာရက္ခတပ်တော် (AA) က လာရောက်တိုက်ခိုက်မည်ကိုစိုးရိမ်နေသောကြောင့် စစ်တွေမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများကို ရှင်းလင်းနေခြင်းဟု ဒေသခံများကပြောသည်။ AA တပ်ဖွဲ့ဝင်များ မဝင်လာစေရန်ဟုဆိုကာ စစ်တွေမြို့ ကမ်းနားတလျှောက်ကိုလည်း စစ်ကောင်စီက ခြံစည်းရိုးခတ်ထားသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၉ရက်က စစ်တွေမြို့ ၊အမြင့်ကျွန်းနှင့် ဝါဘိုကျေးရွာကြားတွင် စစ်ကောင်စီ စစ်ကြောင်းကို AAက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး ၏စစ်ကောင်စီဘက်မှ ၃၀ ဦးထက်မနည်းသေဆုံးခဲ့သည်။
AA က ရခိုင်ပြည်နယ်တွင် ပေါက်တော ၊ မြောက်ဦး ၊ကျောက်တော် ၊ မင်းပြား ၊ရသေ့တောင် ၊ပုဏ္ဏားကျွန်း ၊မြေပုံ ၊ဘူးသီးတောင် ၊ ၊ရမ်းဗြဲ ၊ သံတွဲ စသည့်မြို့နယ်များကိုသိမ်းပိုက်ထားသည်။
မောင်တောမြို့နယ် နှင့် ဂွမြို့နယ်ာကို အပြီးသတ်သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်နေပြီး ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ် မကျန်အောင် ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်မည်ဟု AA ကကြေညာထားသည်။