close
Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် စစ်ကောင်စီဗျူဟာကုန်းကို လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ဟု KIA ပြော

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ ဆိုင်းတောင် လက်ကီးမန်းဟိုတယ်၌ စစ်ကောင်စီစစ်ကြောင်းများဆက်ရှိနေ၍ တိုက်ပွဲဆက်ဖြစ်နိုင်ဟုဆို

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဖားကန့် မြို့အခြေစိုက် စစ်ကောင်စီဗျူဟာကုန်းစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဖားကန့် ဒေသစစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူက ယနေ့ စက်တင်ဘာ ၂၀ရက် ညပိုင်းတွင် ရှင်းပြခြင်းဖြစ်သည်။

” ဒီနေ့ ဖားကန့်ဗျူဟာကုန်းဘက်ကို လက်နက်ကြီးနဲ့ KIA တွေဘက်က ပစ်တယ်ဆိုတဲ့ သတင်းကြားရပါတယ်။ နောက် စကစကလည်း လေကြောင်းနဲ့ ပြန်တိုက်တယ်ဆိုတဲ့ သတင်းလည်းကြားပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement

Public Service Announcement

ဖားကန့်ဒေသ စစ်ရေးအခြေအနေများနှင့်ပတ်သက်၍ ပြည့်ပြည့်စုံစုံသတင်းမရသေးဟုလည်း ၎င်းက ဆိုသည်။

“ဆိုင်းတောင် လက်ကီးမန်းဟိုတယ်မှာရှိနေတဲ့ နေနေတဲ့ စကစစစ်ကြောင်းတွေလည်း ဒီအတိုင်းပဲ ရှိနေတယ်တဲ့။ မဆုတ်ဘူးမထွက်ဘူး။ ဒါကြောင့် အဲဒီဘက်ကတော့ တိုက်ပွဲကတော့ ဆက်ဖြစ်ဖို့ အလားအလာတော့ ပိုများတယ်လို့ အကြောင်းကြားလာပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူကပြောသည်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ” လက်နက်ကြီးတွေနဲ့ထုနေတာ။ အခု ဖားကန့်မြို့ရှိပြည်သူများထွက်ပြေးနေတယ်”ဟု ပြောသည်။

ဖားကန့်ဒေသတွင် တိုက်ပွဲဖြစ်နေ၍ ယနေ့တွင် မိုးညှင်းမြို့တွင်လည်း စစ်ကောင်စီတပ် အင်အားအများအပြားချထားသည်ဟု မိုးညှင်းမြို့ခံတစ်ဦးက ပြောသည်။

ဖားကန့်မြို့နယ် ဆိုင်းတောင်ရှိ စစ်ကောင်စီတပ်များကို KIAနှင့် PDF ပူးပေါင်းတပ်များက စက်တင်ဘာ ၇ရက်က စတင်တိုက်ခိုက်ခဲ့ရာ စက်တင်ဘာ ၁၂ရက်တွင် ဆိုင်းတောင်ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်ကီးမန်းဟိုတယ်၌ ကျန်နေသည့် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်နေခြင်းဖြစ်သည်။

ဆိုင်းတောင်တိုက်ပွဲတွင် စစ်ကောင်စီဘက်က လေကြောင်း ၊လက်နက်ကြီးပစ်ကူပေးတိုက်ခိုက်လျက်ရှိပြီး ဒေသခံ ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်သို့ စစ်အင်အားနှင့် စက်လက်နက်ခဲယမ်းများ၊ ရိက္ခာများဖြည့်တင်းရန် ရေကြောင်းမှလာသည့် စစ်ကောင်စီ၏ ရေယာဉ်အုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တိုက်ခိုက်ဖျက်ဆီးခဲ့ရာ မီးလောင်နေသည့် ရေယာဉ်အချို့၏ မှတ်တမ်းရုပ်သံများကို စစ်ရေးသတင်းရင်းမြစ်က ယနေ့တွင် လူမှုကွန်ရက်၌ ဖော်ပြလာသည်။

သတင်း

စစ်ကောင်စီက ဖားကန့်ကို လေကြောင်းတိုက်ခိုက်

သတင်း

ရေယာဉ်အချို့ လက်နက်ကြီးထိမှန်နစ်မြုပ်ဟု ကချင်သတင်းရင်းမြစ် ပြော

သတင်း

ဆိုင်းတောင်တွင် စစ်ကောင်စီတပ် မီးရှို့၍ အိမ်ခြေ ၂၀၀ကျော် ပျက်စီး၊ လက်နက်ကြီးကြောင့် ပြည်သူအချို့ ထိခိုက်သေဆုံး

Facebook