close
Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်မြို့နယ်ကို စစ်ကောင်စီ လေကြောင်းမှ ထပ်မံတိုက်ခိုက်၊ ယမန်နေ့ တိုက်ခိုက်မှုအတွင်း အရပ်သား ၉ဦးသေဆုံး

ငါန်းဇွန်မြို့နယ်မှ ငါန်းမြာကြီးရွာကို စစ်ကောင်စီက ယနေ့ တွင် လေကြောင်းမှ ထပ်မံတိုက်ခိုက်ခဲ့ပြီးယမန်နေ့(စက်တင်ဘာ ၂၀ရက်)ညနေပိုင်းက လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ ၉ဦးသေဆုံးခဲ့ပြီး ၁၄ဦး ဒဏ်ရာရရှိခဲ့သည်။

SONY DSC

မိထက်/People’s Spring

ငါန်းဇွန်မြို့နယ်မှ ငါန်းမြာကြီးရွာကို စစ်ကောင်စီက ယနေ့ တွင် လေကြောင်းမှ ထပ်မံတိုက်ခိုက်ခဲ့ပြီးယမန်နေ့(စက်တင်ဘာ ၂၀ရက်)ညနေပိုင်းက လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ ၉ဦးသေဆုံးခဲ့ပြီး ၁၄ဦး ဒဏ်ရာရရှိခဲ့သည်။

ငါန်းမြာကြီးရွာကို စစ်ကောင်စီက ယမန်နေ့ညနေ ၅နာရီခန့်တွင် လေကြောင်းမှဗုံး ခြောက်လုံးကြဲချတိုက်ခိုက်ပြီး စက်သေနတ်ဖြင့်ပါ လှည့်ပတ်ပစ်ခတ်ခဲ့သည်။ ထို့နောက် ယနေ့(စက်တင်ဘာ ၂၁ရက်) နေ့လယ် ၁၂နာရီခွဲခန့်တွင် လေကြောင်းမှ ထပ်မံတိုက်ခိုက်ခြင်းဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

” တံတားဦးကတက်တာ ထင်တယ်။ ဘုန်းကြီးကျောင်းတွေကိုပါပစ်သွားတယ်။ အကုန် ပြေးလွှားနေရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့က တိုက်ခိုက်မှုအတွင်း ကလေးငယ်တစ်ဦး၊ အမျိုးသမီး လေးဦးအပါအဝင် အရပ်သား ကိုးဦးသေဆုံးပြီး ၁၄ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ငါန်းမြာကြီးရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ဩဂုတ် ၁၉ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ထိန်းချုပ်ထားသည်။

စစ်ကောင်စီက မြေပြင်မှထိုးစစ်ဆင်နိုင်ခြင်းမရှိ၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူရှိရာနေရာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းဟု ဒေသခံများက ပြောသည်။

” အရပ်သားတွေပဲ ရှိနေတာကို ပစ်နေတာ။ဒီစစ်မိစ္ဆာကို ဘယ်အရာကမှ မတားနိုင်ဘူးလားလို့ ကျ‌မတို့ မေးချင်တယ်”ဟု ငါန်းမြာကြီးရွာ ဒေသခံတစ်ဦးက ပြောသည်။

ငါန်းဇွန်မြို့နယ်သည် မြင်းခြံခရိုင်အတွင်းပါဝင်သည်။ ခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီး၊တောင်သာမြို့နယ်များရှိ စစ်ကောင်စီစခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဩဂုတ် ၁၀ ရက်တွင် မြင်းခြံခရိုင်အထူး စစ်ဆင်ရေး (MDSO)အနေဖြင့် တိုက်ခိုက်ခဲ့သည်။ ထို့‌နောက် ငါန်းဇွန်မြို့နယ်မှ ငါန်းမြာကြီးရွာရဲစခန်းကို လည်းဩဂုတ် ၁၉ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါမြို့နယ်များ၌ မြို့သိမ်းတိုက်ပွဲအဆင့်မရောက်ရှိသေးသော်လည်း စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားပျက်သွားပြီဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

တော်လှန်ရေးအင်အားစုများထိန်းချုပ်ထားသည့်မြို့နယ်များကို ပြန်လည်ရယူမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ပြီးခဲ့သည့်ဩဂုတ်အတွင်းပြောကြားခဲ့ပြီးနောက်ပိုင်း ရှမ်းပြည်နယ်၊စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ်တို့မှ မြို့နယ်အချို့ကို စစ်ကောင်စီကလေကြောင်းမှမကြာခဏတိုက်ခိုက်နေသည်။

အရပ်သားပြည်သူများကိုပစ်မှတ်ထား၍ လေကြောင်း တိုက်ခိုက်နေသည့် စစ်ကောင်စီ၏ လုပ်ရပ်သည် ရိုင်းစိုင်းသောလူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ကြောင်း အာရက္ခတပ်‌တော်(AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) က ပြီးခဲ့သည့်သြဂုတ်အတွင်း ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ကလေးငယ်များ၊ သူကြီးတွေကိုများနှင့်အမျိုးသမီးများအပါအဝင် အရပ်သားများအား အကြမ်းဖက်လုပ်ရပ်များ နေ့စဉ်ကျူးလွန်နေသောစစ်ကောင်စီအား လေယာဉ်ဆီနှင့်လက်နက်ခဲယမ်းရောင်းချခြင်းများရပ်တန့်ပေးရန် အရပ်ဖက်အဖွဲ့အစည်းများနှင့်တော်လှန်ရေးအင်အားစု၃၁၆ဖွဲ့က စက်တင်ဘာလ၁၂ ရက်နေ့တွင်ထုတ်ပြန်တောင်းဆိုခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​ကောင်စီ၏ စစ်မှုမထမ်းမ​နေရ ဥပဒေဖြင့်လူသစ်စု​ဆောင်းမှု အပတ်စဥ် ၅ အတွက် ရန်ကုန်တိုင်းရှိ မြို့ နယ်အချို့မှ လူငယ်များကို စစ်ကောင်စီက အိမ်တိုင်ရာရောက် လာ​ရောက်ဖမ်းဆီး​​ခေါ်​ဆောင်နေကြောင်း ဒေသခံများက လူထုနွေဦးသို့ပြောသည်။

သတင်း

ရှမ်းမြောက်ရှိ နောင်ချိုမြို့ကို စစ်ကောင်စီက ယနေ့(စက်တင်ဘာ ၂၁ရက်) နံနက်စောတွင် လေကြောင်းမှ ဗုံးငါးလုံးကြဲတိုက်ခိုက်ခဲ့ကြောင်း နောင်ချိုဒေသခံများက ပြောသည်။

သတင်း

ကလေးငယ်နှင့်အမျိုးသမီးများအပါအဝင်ဒေသခံ ၁၀ ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိ

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် CDM ကျောင်းဆရာမတစ်ဦးနှင့် ၎င်း၏မောင် မသန်စွမ်းအမျိုးသားကို စစ်ကောင်စီကဖမ်းဆီးသွားပြီး အမျိုးသားအားသတ်ဖြတ်လိုက်ကြောင်း သတင်းရရှိသည်။

Facebook