close
Connect with us

Hi, what are you looking for?

သတင်း

ရေဘေးကြောင့် လယ်စိုက်ခင်းပျက်စီးခဲ့ရသည့် လယ်သမားများအား KNUက မျိုးစပါးများ ပေးအပ်

ရေဘေးကူညီရေးအဖွဲ့များအား ဟန့်တားသည့် စစ်ကောင်စီလုပ်ရပ် ပြင်းထန်စွာရှုတ်ချကြောင်း မုန်းမြို့နယ် ကယ်ဆယ်ရေးကော်မတီ ထုတ်ပြန်

ရေဘေးကြောင့် လယ်စိုက်ခင်းပျက်စီးခဲ့ရသည့် လယ်သမားများအား KNUက မျိုးစပါးများ ပေးအပ်နေစဉ်။ ဓာတ်ပုံ - KNU

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်အတွင်း ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့ရသည့် လယ်ယာများတွင် ပြန်လည်စိုက်ပျိုးမည့် လယ်သမားများအား ခရိုင် လယ်ယာစိုက်ပျိုးရေးဌာမှမျိုးစပါးများ ပေးအပ် ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

နိုင်ငံတဝန်းရေကြီးမှုကြုံရသည့်နည်းတူ KNU ညောင်လေးပင်ခရိုင်တွင်လည်း ရေးဘေးကြုံခဲ့ရသည်။ ဇူလိုင်လလယ်မှစ၍ ပထမအကြိမ်ရေကြီးမှုကြောင့် ခရိုင်းအတွင်း ကျေးရွာ ၂၆၀ကျော် ရေလွှမ်းမိုးခံရပြီး လယ်သမား ၄ထောင်ကျော်၏ လယ်များ ပျက်စီးခဲ့သည်ဟု ဆိုသည်။ လယ်ဧက ၃၉,၀၀၀ ကျော်ရှိရာ ထက်ဝက်ကျော် ဖြစ်သည့် ဧက ၂သောင်းကျော်ပျက်စီးခဲ့ဟု အသိပေးထားသည်။

ပျက်စီးသွားသောလယ်ယားများအား ပြန်လည်စိုက်ပျိုးမည့် လယ်သမားများကို ခရိုင် လယ်ယာစိုက်ပျိုးရေးဌာနကစာရင်းပြုစုခဲ့ရာ ဧက ၄၀၀ ကျော်ရှိပြီး ယင်းအတွက်မျိုးစပါး တင်း ၁,၂၀၀ ကျော်နှင့် စက်သုံးဆီ ဂါလံ ၈၀၀ကျော်လိုအပ်နေ၍ စက်တင်ဘာ ၁၉ရက်မှစပြီး လယ်သမားများအား မျိုးစပါးများစတင်ပေးအပ်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၁၀ရက်မှစသည့် ဒုတိယအကြိမ်ရေဘေးတွင်လည်း ပထမအကြိမ်ထက်လယ်စပါး စိုက်ခင်းပျက်စီးမှု ပိုခဲ့၍ ပျက်စီးသည့် လယ်ဧကများကို စာရင်းပြုစုလျက်ရှိကြောင်း အသိပေးသည်။

တစ်ဖက်တွင်လည်း KNU ညောင်လေးပင်ခရိုင် မုန်း(မူး)မြို့နယ် ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီက စက်တင်ဘာ ၂၀ရက် က သဘောထား ထုတ်ပြန်ခဲ့ရာ ရေးဘေးကြုံနေရသည့်ကျေးရွာများအား အရပ်ဖက်ကူညီရေးအဖွဲ့များက လာရောက် ကူညီမှုကို စစ်ကောင်စီက တားဆီးခြင်း၊ ခြိမ်းခြောက်ခြင်း ပစ္စည်းများ သိမ်းယူဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိပြီး ယင်းလုပ်ရပ်အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ဖော်ပြသည်။ မည်သည့်ဒေသ၌ ဖြစ်ပွားခဲ့သည့် ဆိုသော အသေးစိတ် ဖြစ်စဉ်များကိုထုတ်ပြန်ချက်၌ ဖော်ပြမထား၍ အသေးစိတ် အချက်အလက်များ မေးမြန်းရန် အဆိုပါ ကော်မတီသို့ဆက်သွယ်ထားဆဲဖြစ်သည်။

ကော်မတီ၏ထုတ်ပြန်ချက်တွင် ရေးဘေးကြုံနေရ၍ ဒေသခံများလူသားချင်းစာနာမှု ဆိုင်ရာ အကူအညီများစွာ အရေးတကြီးလိုအပ်နေချိန်ဖြစ်၍ ပြည်တွင်းပြည်ပရှိသက်ဆိုင်ရာ လူမှုအကျိုးပြု အဖွဲ့များ၏ အကူအညီများပံ့ပိုးရန် တောင်းဆိုကြောင်း ဖော်ပြထားသည်။

မုန်းမြို့နယ် ကရင်အရေးပေါ် ကယ်ဆယ်ရေးကော်မတီသည် အာဏာရှင်စနစ်ကို ကျင့်သုံးသောမည်သည့်အဖွဲ့အစည်းမဆိုလက်ခံမည်မဟုတ်ဘဲ ပြည်သူနှင့်အတူ ယှဉ်တွဲ၍ အမှန်တရားဘက် အမြဲရပ်တည်သွားမည်ဟုလည်း သဘောထား ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန် - မန္တလေးအမြန်လမ်းတွင် ရမည်းသင်းရေဘေးလှူဒါန်းပြီး ပြန်လာသည့်သံဃာတော်များ၏ ကားတစ်စီး တိမ်းမှောက်ခဲ့ရာ ကားပေါ်ပါ သံဃာတော်များ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ရေဘေးသင့်စစ်‌ဘေးရှောင်တွေကို ကူညီဖို့လေလံ တင် ရောင်းချတဲ့ အဆိုတော် ကျားပေါက်ရဲ့ ပန်းချီကားက အမေရိကန်ဒေါ်လာ တစ်သောင်းနဲ့ လေလံအောင်ခဲ့ပါတယ်။

သတင်း

ရေဘေးကြောင့် ဒုက္ခရောက်နေသည့် မြန်မာပြည်သူများကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီများအား တိုင်းရင်းသားအဖွဲ့အစည်းများ၊ မြေပြင်တွင် အမှန်တကယ်လုပ်ဆောင်နေသော အဖွဲ့အစည်းများနှင့်ချိတ်ဆက်လုပ်ဆောင်ရန် နိုင်ငံတကာသံတမန်များနှင့် ကုလသမဂ္ဂအေဂျင်စီအရာရှိများကို NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက တိုက်တွန်းပြောကြားသည်။

သတင်း

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ကန်ဘဲ့ကျေးရွာတွင် ရေကြီးမှုဖြစ်စဉ်အတွင်း အမွှာညီအကိုနှစ်ဦးအပါအဝင် မိသားစုဝင် လေးဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

Facebook