close
Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းမြို့နယ် ရွှေကျွန်းပင်ရွာ လေကြောင်းတိုက်ခိုက်မှု ပြည်သူတစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရွှေကျွန်းပင်ကျေးရွာအား စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာ ဒေသခံပြည်သူတစ်ဦးသေဆုံး၍ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ရွှေကျွန်းပင်ရွာပျက်စီးသွားသောနေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ-ရောင်နီနွေဦး

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရွှေကျွန်းပင်ကျေးရွာအား စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာ ဒေသခံပြည်သူတစ်ဦးသေဆုံး၍ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် (စက်တင်ဘာ ၂၈ရက်) ညက ရွှေကျွန်းပင်ကျေးရွာသို့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကြောင့် အသက် (၁၆)နှစ်အရွယ် ယောကျာ်းလေးတစ်ဦး သေဆုံးပြီး အသက် (၅၀)အရွယ်နှင့်အသက်(၂၉)အရွယ် အမျိုးသမီး၂ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း စစ်ရှောင်ကူညီနေသည့် ရောင်နီနွေဦးအဖွဲ့က ပြောသည်။

“ပေါင် ၃၀၀ ဗုံးတစ်လုံးကြဲချခဲ့တာပါ။ တစ်ဦးသေပြီး နှစ်ဦးက ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေကတော့ မစိုးရိမ်ရဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် နေအိမ် ၄လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

သြဂုတ် ၃၁ရက်ကလည်း သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာနှင့် စဥ့်ကူးမြို့နယ်၊ သီလှရွာ၊ ကြို့ပင်ကျေးရွာများအား စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဒေသခံပြည်သူ၆ဦး သေဆုံးခဲ့သည်။

သပိတ်ကျင်းမြို့ကို သြဂုတ် ၂၅ ရက်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းအများအပြားကိုလည်း ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်။

သြဂုတ်နှင့် စက်တင်ဘာအတွင်း သပိတ်ကျင်းမြို့နယ်အတွင်း၌ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၇ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ပြည်သူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းသပိတ်ကျင်းပကဖက ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုရန် ကာကွယ်ရန် ဗုံးခိုကျင်းများတူးထားကြရန် ကာကွယ်ရေးအဖွဲ့များက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) သိမ်းပိုက်ထားသည့် လားရှိုးမြို့တွင် ဖုန်းလိုင်းများပြတ်တောက် သွားသည့် နှစ်ရက်တာအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုလည်းမရှိကြောင်း အဆိုပါမြို့ဒေသ သတင်းရင်းမြစ်က ပြောသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားသည့် ဖာပွန်မြို့ကို စစ်ကောင်စီက ယမန်နေ့တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးခဲ့ဟု တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)သိမ်းပိုက်အုပ်ချုပ်နေသည့် အထူးဒေသ(၁) နယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိသည့် စစ်နယ်မြေမဟုတ်သော မြို့ရွာများကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ရာ သုံးလအတွင်း ဒေသခံပြည်သူ ၃၀ ဦးကျော် သေဆုံးကာ ၉၀ဦး ဒဏ်ရာရခဲ့ကြောင်း MNDAAက ယနေ့ ထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ်မှာ စက်တင်ဘာလကုန်ပိုင်းက လေကြောင်းနဲ့လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးအပါအဝင်အရပ်သား ၄ ဦးသေဆုံးတယ်လို့ ဒေသတွင်း ပရဟိတအဖွဲ့တွေ ထံကသိရပါတယ်။

Facebook