close
Connect with us

Hi, what are you looking for?

ဆောင်းပါး

ရေ​ဘေးကို ကိုယ်ကျိုးအတွက်စစ်​ကောင်စီအမြတ်ထုတ်​

အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်ကစ၍ စစ်​ကောင်စီ တစ်ဖွဲ့လုံး ​ရေ​ဘေးနှင့် ပတ်သက်၍ မည်သို့ ​ဆောင်ရွက်​နေ ​ကြောင်း စစ်​ကောင်စီမီဒီယာများနှင့် စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များတွင် ​​နေ့စဥ်အများအပြားဖော်ပြ​နေ​သော်လည်း People’s Springက ​ရေ​ဘေးသင့် ​ဒေသများမှ ပြည်သူ ၂၀ ​ကျော်ကို ကျပန်းဆက်သွယ်​မေးမြန်းရာ စက်တင်ဘာ ၂၂ ရက်အထိ စစ်​ကောင်စီ​ပေး​သောအကူအညီ ရဖူးသူမရှိ​ပါ။

​​နေ့သစ်/ People’s Spring

နေပြည်​တော်ပျဥ်းမနား

မိသားစုပိုင်း စပါးခင်း ငါးဧကခန့်ရေ​ဘေး​ကြောင့် နွံနစ်ခဲ့ပြီး နွားလေးကောင်းပါ သေဆုံးခဲ့၍ နေပြည်တော် ပျဉ်းမနားမြို့နယ်မှ လယ်သမား ဦးညိုထွန်း (အမည်​လွဲ)တစ်​ယောက်ရင်ဝယ် ​အပူမီး​တောက်​နေသည်။ ​​တော်သလင်းလတွင် မကြုံ
စဖူး ကြုံခဲ့​ရသော​ရေ​ဘေးက အလှူရှင်မရှိပါကစပါးစိုက်​နေ​သော ​တောင်သူပင် ထမင်းပင် ငတ်မည့်ကိန်းဟု ဦးညိုထွန်းက ရင်ဖွင့်သည်။

“လယ်က နှုန်းတွေလွှမ်းသွားလို့ စိုက်မရတော့ဘူး။ ဘာအလုပ်မှလည်း မရှိတော့ဘူး။ အိမ်လည်း ရေမြုပ်သွားလို့ နေလို့မရလို့ ရွာ‌ကျောင်းက ကယ်ဆယ်ရေးစခန်းလာနေတာ”ဟု ဦးညိုထွန်း လူထု​နွေဦးသို့​ပြောပါသည်။

Public Service Announcement

Public Service Announcement

နေပြည်​တော်ရှိ အာဏာသိမ်းစစ်​ကောင်စီ ရုံးများနှင့် မိုင် အနည်းငယ်သာ​ဝေး​သော်လည်း စက်တင်ဘာ ၂၁ ရက်အထိစစ်ကောင်စီထံမှ မည်သည့်အကူအညီမှ မရသေးဟုသူကပြောပါသည်။

ရှမ်းပြည်နယ်၊ က​လောမြို့၊ အင်း​လေးကန်

ရေဘေး နှင့် မြေပြိုမှုဘေး သမိုင်းတ​လျှောက်အဆိုးဆုံး ရင်ဆိုင်ခဲ့ရသော ရှမ်းပြည်နယ်တောင်ပိုင်း ၊ ကလောမြို့မှ ဒေသခံတစ်ဦးကလည်း စစ်ကောင်စီထံမှ စက်တင်ဘာ ၂၁ ရက်အထိ မည်သည့်အကူအညီမျှ မရသေးဟု ပြောပါသည်။

“နွံတွေ ရှင်းဖို့က ကျ‌တော်တို့အားနဲ့ မရဘူး။ ဒါပေမယ့် စကစက ဘာအကူအညီမှ မပေးဘူး။ ဘာဆက်လုပ်ရမှန်းမသိလို့ မြို့ခံတွေ တိုင်ပင်နေကြတုန်း” ဟု ၎င်းက​ပြောပါသည်။

ကမ္ဘာသိအင်း​လေးကန်မှ ​တောင်သူ ဦးခွန်ထွန်း(အမည်လွှဲ) ကလည်း “ကျနော်စပါးတွေစိုက်ထားတာ။ ရိတ်ဖို့ ရက် ၂၀ လောက်ပဲလိုတော့ အကုန်မြုပ်သွားပြီ။ နောက်ပြီး ပန်းစိုက်ခင်းပေါ့။ သူလည်း ခူးရတော့မယ်။ တချို့နည်းနည်းပါပါးရွေးပြီးခူးလို့ရနေပြီ။ ဒီနှစ်စျေးကလည်းကောင်းတယ်။ စျေးကောင်းတဲ့နှစ်ကြမှ အကုန်မြုပ်တာပဲ။ စိုက်ခင်းနှစ်ခုပေါင်းဆိုရင် အရင်းအနှီးချည်းပဲသိန်း(၁၀၀)ဝန်းကျင်လောက် ဆုံးရှုံးသွားတယ်”ဟုရင်ဖွင့်သည်။

အင်း​လေးမှ​တောင်သူများမှာ ဦးခွန်ထွန်းကဲ့သို့ ဆုံးရှုံးမှုများ​သော်လည်း စက်တင်ဘာ ၂၂ ရက်အထိ့ စစ်​ကောင်စီက ​အကူအညီ​ပေးရန် ​နေ​နေသာသာ ပျက်စီးဆုံးရှုံးမှု စာရင်းပင်လာမ​ကောက်​သေးဟု သိရသည်။

“ဒီဘက်မှာ (စစ်ကောင်စီ)အခုချိန်ထိတော့ ကွင်းဆင်းတာဘာညာ အဲလိုမျိုး မတွေ့မိသေးဘူး။ အလှူရှင်နည်းနည်းပါးပါးလာလှူတာတော့ရှိတယ်။ အဓိကတော့ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နဲ့ အသင့်စားလို့ရတဲ့ ဟာလေးတွေပါတယ်။ နောက်ပြီး အခြောက် အခြမ်းလေးတွေပေါ့။ အဲလောက်ပါပဲ”ဟု ၎င်းကစစ်​ကောင်စီထံမှ အကူအညီမရဘဲ ပြည်သူ အချင်းချင်း​ပေး​​​သောအကူအညီအ​ကြောင်း​ပြောပါသည်။

မန္တ​လေးတိုင်း၊ ဝမ်းတွင်းနှင့် မြစ်သားမြို့နယ်

ဝမ်းတွင်းနှင့် မြစ်သားမြို့နယ်တွင်လည်း လူမှုကူ​ညီရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ ကသာ လာရောက်ကူညီခဲ့ကြပြီ စစ်​ကောင်စီ​ပေး​သောအကူအညီမရှိ​ကြောင်း ဒေသခံ က ပြောသည်။

“သူတို့(စစ်ကောင်စီ)ကိုယ်တိုင်က ဘာမှလည်းမလုပ်တတ်ဘူး။ လုပ်လည်းလုပ်မပေးနိုင်ဘူး။”ဟု မြစ်သား မြို့နယ်မှ ရေဘေးသင့်ပြည်သူတစ်ဦးက စက်တင်ဘာ ၂၁ ရက်တွင်ပြောသည်။

ဝမ်းတွင်းမြို့နယ် မှ ​ရေ​ဘေးသင့် ကျေးရွာတစ်ရွာမှ ဒေသခံတစ်ဦးကလည်း “လုံးဝမရဘူး။ အစီအစဥ်မပါဘူး။”ဟု စစ်ကောင်စီ၏အကူအညီမရ​ကြောင်းပြောသည်။

စစ်​ကောင်စီအကူအညီ​တွေ ဘယ်မလဲ

အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်ကစ၍ စစ်​ကောင်စီ တစ်ဖွဲ့လုံး ​ရေ​ဘေးနှင့် ပတ်သက်၍ မည်သို့ ​ဆောင်ရွက်​နေ ​ကြောင်း စစ်​ကောင်စီမီဒီယာများနှင့် စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များတွင် ​​နေ့စဥ်အများအပြားဖော်ပြ​နေ​သော်လည်း People’s Springက ​ရေ​ဘေးသင့် ​ဒေသများမှ ပြည်သူ ၂၀ ​ကျော်ကို ကျပန်းဆက်သွယ်​မေးမြန်းရာ စက်တင်ဘာ ၂၂ ရက်အထိ စစ်​ကောင်စီ​ပေး​သောအကူအညီ ရဖူးသူမရှိ​ပါ။

People’s Spring ​မေးမြန်းသူများတွင် ​နေပြည်​တော် ပျဥ်းမနား ၊ ​နေပြည်​တော်တပ်ကုန်း ၊ ​ရမည်းသင်း ၊မန္တ​လေးတိုင်းမှ မြစ်သား နှင့်ဝမ်းတွင်းမြို့နယ် ၊ ရှမ်းပြည်နယ် မှာ က​လော၊ အင်း​လေး ၊ဆီဆိုင်မြို့နယ် ၊ ကရင်နီပြည် လွိုင်​ကော် ပဲခူးတိုင်း ​ရေတာရှည် ၊​တောင်ငူ စ​သော​ဒေသများမှ ပြည်သူများပါဝင်သည်။ ထို​ကြောင့် စစ်​ကောင်စီက ​ပေးသည် ဆို​သောအကူအညီများ ဘယ်​မှာလဲ ဆိုသည်မှာ အဓိက​မေးခွန်းထုတ်စရာဖြစ်​လာပါသည်။

ကရင်နီပြည် ၊ပဲခူးတိုင်း စစ်​တောင်းမြစ်အ​ရှေ့ဘက်ရှမ်း တို့တွင်မူ စစ်​ကောင်စီက အကူအညီမ​ပေးယုံမျှမက ထို​ဒေသများသို့ သွားကူညီလို​သောပရဟိတအဖွဲ့များ ၊အလှူရှင်များကိုပင် မသွားရန် တားမြစ်ထား​ကြောင်း​ဒေသခံပြည်သူများနှင့်​တော်လှန်​ရေးအဖွဲ့များက​ပြောသည်။

ရေ​ဘေးသင့်​ဒေသများကိုယ်တိုင်သွား​ရောက်သည်ဆိုကာ​ နေပြည်​တော် ဝန်းကျင် မိုင် ၃၀ အတွင်းသာသွား​ရောက်၍​ ဒေသခံများနှင့်​တွေ့ခဲ့ အာဏာသိမ်း​ခေါင်း​ဆောင်၏​ ရေ​ဘေးသင့်​ဒေသရောက်အ​ခြေအနေပြ အင်ဖိုဂရပ်။
သဘာဝ​ဘေးကို နိုင်ငံ​ရေးအတွက်အသုံးချ​သောစစ်​ကောင်စီ

အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်က စက်တင်ဘာ ၁၃ရက်တွင် နေပြည်တော်သိုက်ချောင်းတံတား(ဆင်သေချောင်းကူး)၊ ပုဗ္ဗသီရိမြို့နယ်ရှိ ဝက်ကုန်းကျေးရွာ နှင့် ပေါက်တောကျေးရွာတို့ သွားခဲ့သည်။စက်တင်ဘာ ၁၅ ရက် ဇေယျာသီရိမြို့နယ်မှ ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း နဝင်းချောင်းတံတား(အဆုံ) နှင့် ကင်းသာဆည်သို့သွားခဲ့သည်ဟုဆိုသည်။ စက်တင်ဘာ ၁၈ ရက် တွင်ပျဥ်းမနားရေဘေးရှောင်စခန်း နှင့် တပ်ကုန်းတပ်နယ်သို့သွားခဲ့သည်ကို​
တွေ့ရသည်။

သို့​သော်အာဏာသိမ်း​ခေါင်း​ဆောင် ​သွားခဲ့သမျှ​နေရာများမှာ ​နေပြည်​တော်ပတ်ပတ်လည်မိုင် ၃၀ မ​ကျော်​သော​နေရာများဖြစ်​နေသည်။ ​ရေ​ဘေးသင့်​ဒေသသို့သွားသည်ဆို​သော်လည်း မည်းနက်ပြောင်​နေ​သော ရူးဖိနပ် ရွှံမ​ပေ​အောင် သွားခဲ့ခြင်းပင်။ဖိနပ်ရွံ့မ​ပေ​သော်လည်း ​ရေ​ဘေးသင့်​ဒေသသို့ကိုယ်တိုင်ကွင်းဆင်း​ကြောင်း ဓါတ်ပုံများကမူပုံစံမျိုးစုံ ၊ရှု​ထောင့်မျိုးစုံဖြင့် အများအပြားထွက်​ပေါ်လာပါသည်။ ​ရေ​ဘေးကို တိုင်းနှင့်ပြည်နယ် ၉ ခုရှိမြို့နယ်​ပေါင်း ၆၀ ​​ကျော်ခံစားခဲ့ရ​သော်လည်း အာဏာသိမ်း​ခေါင်း​ဆောင်က​နေပြည်​တော် ဝန်းကျင်မိုင် ၃၀ ပတ်လည် မ​ကျော်​သော​နေရာများသို့သာကားဖြင့်​ခေတ္တသွား၍ ဟန်​ရေးပြ​နေခြင်းပင်ဖြစ်​တော့သည်။

ထို​နောက်​ရေကြီးခြင်း၊​မြေပြိုခြင်းမှာ သစ်ပင်များခုတ်လဲပြီး ဆင်း​မြောင်းများအထက်တွင်​ရေစီးများပိတ်​နေခြင်း​ကြောင့်ဖြစ်​ကြောင်း ၊နိုင်ငံတကာမှ အကူအညီများ​တောင်းခံရမည်ဖြစ်​ကြောင်း ၊ နိုင်ငံတကာမှ အကူအညီများမကြာမီ​ရောက်​တော့မည်ဖြစ်​ကြောင်း၊​ခြောက်လအတွင်း ပြန်လည်ထူ​ထောင်​ရေးပြီး​အောင်လုပ်မည်ဖြစ်​ကြောင်း ၊သန်း​ခေါင်းစာရင်း​ကောက်ယူမှုကို ​ရည်မှန်းထားသည့်အတိုင်းအောက်တိုဘာတွင်​ကောက်ယူမည်ဖြစ်​ကြောင်းစသဖြင့် မင်း​အောင်လှိုင်က​ပြောခဲ့​သည်။သို့သော်လည်း ပြည်သူသန်း​ပေါင်းများစွာ​ရေ​ဘေးဆိုးရွာစွာကြုံခဲ့ရခြင်း၏ အဓိကအ​ကြောင်းရင်းကိုမူထည့်သွင်းမ​ပြောခဲ့ပါ ။

ယာဂီမုန်တိုင်း​နောက်ဆက်တွဲ​ အ​ရှေ့​မြောက်မှလာ​​​သော​လေ​ပွေလှိုင်းနှင့် တိမ်စိုင်းကြီးများ​ကြောင့် မိုးသည်ထန်စွာရွာသွန်းပြီး ​ရေ​ဘေး ၊​မြေပြို​ဘေးရင်ဆိုင်ရ​တော့မည်ကို မြန်မာပြည်သူများမှ မည်သည့်သတိ​ပေးချက်မှ မရှိဘဲရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ ယာဂီမုန်တိုင်းဒဏ် အဆိုးဆုံးခံရ​သောတရုတ် ၊ဗီယက်နမ် နှင့် မြန်မာကဲ့သို့​ရေ​ဘေးကြုံခဲ့သောထိုင်းနိုင်ငံတို့တွင် အစိုးရများက ကြိုတင်သတိ​ပေးသလို ၊​အန္တရာယ်ကြုံနိုင်သူများကို ရွေ့​ပြောင်း​ပေးခဲ့၍ မုန်းတိုင်းဖျက်အားပြင်း​သော်လည်း မြန်မာကဲ့သို့လူ​သေဆုံးမှုမများလှပါ။

မြန်မာနိုင်ငံတွင်မူ စစ်​ကောင်စီက​ရော ၊စစ်​ကောင်စီလက်​အောက်ခံ မိုး​လေဝသနှင့် ဇလ​​ဗေဒ ညွန်ကြားမှု ဦးစီးဌာနတို့က ​ရေကြီး၊​မြေပြိုနိုင်​ကြောင်းကြိုတင်သတိ​ပေးခြင်း ၊​ဘေးသင့်နိုင်​သောပြည်သူများ​ကိုသတိ​ပေး၍ ရွေ့​ပြောင်းခိုင်းခြင်းလုံးဝ
မရှိခဲ့ပါ ။ထို​ကြောင့် မုန်တိုင်းဒဏ်မခံရဘဲ တိမ်စိုင်ကြီးများ၏ သက်​ရောက်မှု ခံရ​သောမြန်မာနိုင်ငံက ပြည်သူရာ​ပေါင်းများစွာ​သေဆုံး၊​ပျောက်ဆုံးကာ
ဆုံးရှုံးမှု အများဆုံးဖြစ်​နေခဲ့ပါသည်။

ကြိုတင်ကာကွယ်​ရေးအစီအမံ ဘာမှမလုပ်ခဲ့​သော်လည်း စစ်​ကောင်စီက ​ရေ​ဘေးအလွန်တွင် ၎င်းတို့ကသာ​ ရေ​ဘေးအတွက်အများဆုံးလုပ်​​​ပေးနေသည်ဆို​သောပုံစံဖြင့် ​နေစဥ် ဝါဒလှိုင်လှိုင်ဖြန့်ချီ​နေသည်ကို​တွေ့ရသည်။

​ရေ​ဘေးကိုအ​ကြောင်းပြု၍ နိုင်ငံတကာအကူအညီများရလိုသဖြင့် စစ်​ကောင်စီမှာ ​သေဆုံး၊ပျက်စီးစာရင်းများကို နိုင်ငံတကာသိ​အောင်ထုတ်​ပြောလိုသလို ၊တချိန်တည်းတွင် ​သေဆုံး ပျက်စီးမှုများခြင်းမှာ စစ်​ကောင်စီ ညံ့ဖျင်းမှု​ကြောင့်ဟု ပြည်သူများက အပြစ်တင်မည်စိုးရိမ်​နေ​ပြန်သောစစ်
အုပ်စုသည် ရေ​ဘေး​ကြောင့်​သေဆုံးစာရင်းများကိုလည်းဖုံးကွယ်ထားပါသည်။

စစ်​ကောင်စီက​ရေ​ဘေး​ကြောင့်​ တိုင်းနှင့် ပြည်နယ် ၉ ခုရှိ မြို့နယ် ၅၄ မြို့နယ် ၌ ပြည်သူ ၃၈၄ ဦးသေဆုံးပြီး လူဦး​ရေ တစ်သိန်းခွဲခန့်​ရေ​ဘေးသင့်
ခဲ့သည်ဟုထုတ်ပြန်သည်။ People’s Spring ၏ အချက်အလက်များအရ ​သေဆုံး​သူ အနည်းဆုံး ၅၀၀​ ကျော်ရှိပြီး ​မြေပြင်အမှန်စာရင်းမှာထိုထက်ပင်ပိုများနိုင်ပါသည်။ ​

အမျိုးသားညီညွတ်​ရေးအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်​သော KNU ၊ KNPP ၊CNF တို့က စက်တင်ဘာ ၁၇ ရင်တွင်ပူးတွဲထုတ်ပြန်ရာတွင်​ရေ​​ဘေး​ကြောင့် ပြည်သူ ၇ သိန်းခန့်ထိခိုက်နိုင်ပြီး ​သေဆုံး​ပျောက်ဆုံးသူ ​​ထောင်နှင့်ချီရှိနိုင်​ကြောင်း ခန့်မှန်း​ဖော်ပြသည်။ ​ရေ​ဘေးအတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ ​လူသားချင်းစာနာမှု အကူအညီများပေးအပ်ရာတွင် နိုင်ငံ​ရေး ၊စစ်​ရေး အမြတ်မထုတ်ရန် ၊ ​​ရေ​ဘေးသင့်ပြည်သူများကို အညီအမျှ ပွင့်လင်းမြင်သာစွာ​ပေးရန် ၊ ​ရေ​ဘေးသင့်​ဒေသများရှိ ​တော်လှန်​ရေးတပ်ဖွဲ့များ၊ လူသားချင်းစာနာမှုဝန်ကြီးဌာနတာဝန်ခံများ၊ အရပ်ဘက်လူမှု​ရေးအဖွဲ့ပစည်းများကိုတိုက်ရိုက်​ပေးရန်လည်းတိုက်တွန်းထားသည်။ထိုအပြင်ထိလွယ်ရှလွယ်အုပ်စုများလိုအပ်ချက်ကိုထည့်သွင်းတွက်ချက်ရန် နှင့် ပြန်လည်ထူ​ထောင်​ရေးပြန်လည်တည်​ဆောက်​ရေးကိုပါ ကူညီကြရန်တိုက်တွန်းထားသည်။

လတ်တ​လောတွင် အိန္ဒိယ ၊ထိုင်း ၊စင်ကာပူ ၊အာဆီယံ စ​သောနိုင်ငံများမှ ​ရေ​ဘေးအကူအညီများကိုစစ်​ကောင်စီကတဆင့်​ပေးသည်ကို​တွေ့ရသည်။အ​မေရီကန်က US AID မှတဆင့်ကူညီမည်ဟု​ကြေညာပြီး ကုလသမဂ္ဂ နှင့်ဥ​ရောပသမဂ္ဂတို့ကလည်း​ဒေါ်လာသန်းနှင့်ချီကူညီကြမည်ဟုထုတ်ပြန်ကြသည်။ ကရင်နီပြည် ၊ကရင် ၊ပဲခူးတိုင်း စစ်​တောင်းမြစ်အ​ရှေ့ပိုင်း၊ရှမ်းပြည်နယ် ​ဒေသအချို့ စ​သော​ဒေသများတွင်စစ်​​ကောင်စီတပ်မှာ နယ်​မြေစိုးမိုးမှုမရှိဘဲ ​တော်လှန်​ရေးအဖွဲ့များကနယ်​မြေစိုးမိုးထားခြင်းဖြစ်သည်။ ထို​ကြောင့် ​တော်လှန်​ရေးအဖွဲများစိုးမိုးထား​​သော​ဒေသများမှာ​ရေ​ဘေးသင့်ပြည်သူများမှာ ယခင်ကတည်းကစစ်​ဘေးဒဏ်ပါခံရသူများဖြစ်၍ ၎င်းတို့ကို နိုင်ငံတကာအစိုးရ နှင့် အဖွဲ့အ စည်းများကကူညီ​ပေးရန် များစွာလိုအပ်​နေသည်။

စစ်ကောင်စီ၏ ​ရေ​ဘေးသင့်ပြည်သူကို ဒုက္ခ​ပေး​သော လုပ်ရပ်များ

စစ်တောင်းမြစ်ရေမြင့်တက်လာမှုကြောင့် တောင်ငူခရိုင် (၆)မြို့နယ်ရှိကျေး ရွာအများအပြား ရေဝင်ရောက်ခဲ့ရာ စစ်ကောင်စီက မြစ်အရှေ့ဘက်ခြမ်းရှိကျေးရွာများသို့ ကယ် ဆယ်ရေးအဖွဲ့များ သွားရောက်ခွင့်မပြုဘဲ ပိတ်ပင်ထားကြောင်းကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ပြောသည်။

“စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းတချို့နေရာတွေ ကယ်ဆယ်ခွင့်မရပါဘူးဗျ။ တချို့နေရာတွေက PDF ထိန်းချုပ်နယ်မြေတွေမို့ပါ။ သွားမရတာတွေ ရှိပါတယ်။ တားမြစ်တာက စစ်ကောင်စီဘက်ကပါ”ဟု ပရဟိတသမားတစ်ဦးက ပြောသည်။

ထို့ကြောင့် မြစ်အရှေ့ဘက်ခြမ်းကျေးရွာများမှ ရေကြီးနစ်မြုပ်သည့် ကျေးရွာများသို့ တော်လှန်ရေးတပ်ဖွဲ့အချို့ သွားရောက်၍ ကယ်ဆယ်ရေးလုပ်​ပေးနေကြရသည်။ စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းအထိ ကလေးငယ်နှစ်ဦးရေစီးနှင့်မျောပါသေဆုံးထားကာ ကယ်ဆယ်ရေးလုပ်သည့် PDF ရဲဘော်တစ်ဦးလည်း အသက်ဆုံးရှုံးခဲ့သည်။

ရေဘေးကယ်ဆယ်ရေးနှင့်စပ်လျဥ်းပြီး စစ်ကောင်စီသည် ကန့်သတ်ပိတ်ပင်မှုများ၊ ကယ်ဆယ်ရေးပစ္စည်းများကို ၎င်းတို့ထံတွင်သာ​ပေးအပ်ခဲ့ရန် ခြိမ်း ခြောက်အကြပ်ကိုင်ခြင်းများလည်း ရှိနေသည်။

အဆိုပါဖြစ်ရပ်များအနက် တောင်ငူမြို့နယ်တွင် ပရဟိတသမားတစ်ဦးကြုံခဲ့ရသည်မှာ ၎င်းတို့သယ်ဆောင်လာသည့် လှေ ၅ စီးတွင် ၄စီးကို စစ်ကောင်စီတပ်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်းအချို့က အတင်းအဓမ္မကြားဖြတ်ယူဆောင် ခံခဲ့ရသည်။သို့​သော် ကျန်စက်​လှေ တစ်စီးကိုမ​ပေးသ
ဖြင့် ​ရေ​​ဘေးသင့်ပြည်သူများကူညီမည့်အစီအစဥ်ကိုဖျက်ခဲ့ရ​ကြောင်းပရဟိတသမားတစ်ဦးက ၎င်းကိုယ့်တွေဖြစ်ရပ်အား ရင်ဖွင့်သည်။

အလားတူ စစ်ကောင်စီရုံးစိုက်ရာ နေပြည် တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်အ တွင်းရှိ ကျေးရွာအချို့သို့ ရေဘေးကူညီရေးသွားရောက်စဥ် လမ်း၌ဂိတ်ချထားသော စစ်ကောင်စီတပ်သားများက ကူညီထောက်ပံ့ရေးပစ္စည်းများ ၎င်းတို့ထံအပ်နှံထားခဲ့ရမည်ဆိုကာ လုယက်ယူဆောင်ခြင်းများကြုံခဲ့ရကြောင်း သွားရောက်ခဲ့သည့် အဖွဲ့တစ်ခုက ပြောပါသည်။

ထို့အပြင် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်သို့ ရေဘေးသင့်ပြည်သူများအား သွားရောက်လှူဒါန်းရာတွင်လည်း ဒေသအာဏာပိုင်ဆိုသူ များက အလှူပစ္စည်းများကို ၎င်းတို့သာ သယ် ယူမည်ဖြစ်ကြောင်းနှင့် သယ်ယူစရိတ်အ တွက် ဆန်တစ်အိတ်လျှင် ကျပ်နှစ်သောင်းပေးရမည်ဆိုသောကြောင့် မလှူဘဲလှည့်ပြန်ခဲ့ကြောင်း ကိုယ်တွေ့ကြုံခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။

သို့ဖြစ်ရာ အဆိုပါကျေးရွာသို့ အခြားပရဟိ တအဖွဲ့တစ်ခုသွားရောက်လှူဒါန်းရန် ထပ်မံရောက်ရှိလာရာ အဆင်မပြေ၍ ပြန်လှည့်လာသူများနှင့် လမ်းတွင်ဆုံပြီး အကျိုးအ ကြောင်းမေးမြန်းသည်တွင် အထက်ပါဖြစ်စဥ်ကို ပြောပြသောကြောင့် ထပ်ရောက်လာသည့်အဖွဲ့ပါ နောက်ကြောင်းပြန်ခဲ့ရသည်လည်း ရှိနေသည်။

ကရင်နီပြည်တွင်စစ်​ကောင်စီက အကူအညီမ​ပေးသည့်အပြင် ပြည်သူချင်းအကူအညီမ​ပေးနိုင်ရန်ပါပိတ်ဆို့ထား​ကြောင်း အတွင်းရေးမှူး ဦးဗညားခွန်အောင်ကရင်နီပြည် ကြား ကာလအုပ်ချုပ်ရေးကောင်စီ (IEC )အတွင်းရေးမှူး ဦးဗညားခွန်အောင်က​ပြောသည်။

“စစ်ကောင်စီက အရင်ကတည်က လူမှုအဖွဲ့အစည်းတွေဖြစ်ဖြစ် UN လို အေဂျင်စီတွေကိုတောင်မှပိတ်ပင်တာရှိခဲ့တာပဲ။ အခု အခြေအနေ အရ စစ်ရေးပိုင်းမှာ ကရင်နီတပ်ပေါင်းစုက နယ်မြေအများစု ထိန်း ချုပ်ထားတာရှိတော့ စစ်ကောင်စီက နယ်မြေ ဖြတ်တောက်ပြီး ရိက္ခာပိတ်ဆို့တာတွေရှိခဲ့တယ်။ နောက်ပြီး အရင်တုန်းကထက် ကြပ်မတ်တာတွေ ပိုလုပ်တာရှိတယ်။ ရေဘေးမှာလည်း ဒီအတိုင်းပါပဲ။စစ်ကောင်စီက ပိတ်ဆို့မှုတွေဆက်လုပ်နေဦးမှာပါပဲ”

ဦးခွန်ဗညာ​အောင်၏ ​ပြောကြားချက်အ​ပေါ် လွိုင်​ကော်မြို့နယ်မှပြည်သူတစ်ဦးကလည်းထပ်မံအတည်ပြုသည်။

“ရေတက်နေတာ တစ်ပတ်နီးပါးရှိပြီ လုံးဝ ပြန်မကျဘူး။ မိုးကလည်း မတိတ်တော့ တရိပ်ရိပ်နဲ့ ပိုပိုတက်လာတယ်။ မင်းစု၊ နမ့်ကွတ်၊ ဒေါ့နိုးကူးရပ်ကွက်တွေဘက်မှာ အဆိုးဆုံးပဲ။ အခု မိန်းလမ်းတွေပေါ်မှာပါ ရေက ကျော်နေပြီ။ ကူညီကယ်
ဆယ်ရေးတွေ လာတာ တော်တော်နည်းတယ်။ စစ်ကောင်စီကလည်း ဘာမှကူညီပေးတာ မရှိဘူး”ဟု လွိုင်​ကော်မြို့နယ်မှပြည်သူတစ်ဦးက​ပြောသည်။

ထိုအပြင် စစ်​ကောင်စီက​ ကရင်နီပြည်နယ် ၊ရှမ်းပြည်​တောင်ပိုင်း​ရေကြီး​နေချိန်တွင် စက်တင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်တွင် ဖယ်ခုံ နှင့် ပင်​လောင်း​ဒေသကို ​လေ​ကြောင်းမှ ဗုံးကြဲပြီး စစ်​ကြောင်းထိုးရန်ပင်ကြိုးစား​နေသည်။

“အခုက တော်လှန်ရေးတပ်ဖွဲ့တွေ့က ကူညီရေး ကယ်ဆယ်ရေး ပြန်လည်ထူထောင်ရေး လုပ်နေတဲ့နေရာတွေကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာတွေရှိတယ်။ ဒါကဆီဆိုင်ဘက်ပေါ့။ ပြီးတော့ ပင်လောင်းဘက်မှာလည်းအဲဒီလိုမျိုးပဲ ဒီနေ့ ရှေ့တစ်နေ့ဆို တိုက်ပွဲဖြစ်ကြတယ်။ တောင်ပိုင်းပေါ့။ ရေဘေးသင့်တဲ့နေရာမှာပဲ။ လမ်းတွေပြိုတဲ့နေရာတွေမှာ ။ သူတို့(စစ်​ကောင်စီ)က ကူညီဖို့နေနေသာသာ ရေဘေးကသင့်ပါတယ်ဆို အဲဒီ့နေရာတွေကို တိုက်ပွဲဖော်ချင်နေတဲ့သဘောတွေ့နေရတယ်။”ဟု PNLA ​ပြန်ကြား​ရေးတာဝန်ခံ ခွန်ရိန်းယံကလည်း​ပြောသည်။

နေပြည်တော် PDF မှ တပ်ရင်းမှူး ဇင်ယော်က
“စစ်တပ်က စစ်ရေးအမြင်နဲ့ နိုင်ငံကို ထင်သ လိုလုပ်နေတာမို့ ပြည်သူတွေ ရေနစ်မြုပ်တာကိုပဲ သူတို့စစ်တပ်အတွက် စစ်ရေးအရအားသာလာမယ်လို့အမြင်ရှိနေတာပါ။ ပြည်သူတွေ ရေနစ်မြုပ် ဒုက္ခရောက်ရင် သူတို့စစ်တပ်ကိုမတော်လှန်နိုင်တော့ဘူး တော်လှန်ရေးအဖွဲ့တွေကို မထောက်ပံ့၊ မဝန်းရံနိုင်တော့ဘူးဆိုတဲ့ စစ်ရေးအရသူအားသာဖို့အမြင်နဲ့ပဲ အဆုံးထိ ဒုက္ခပေးနေတာ။ သူတို့ရဲ့ယုတ်မာမှုတွေကို အစွန်းဆုံးအထိ လုပ်လိမ့်မယ်။ ဒါကို ကျွန် တော်တို့အားလုံး ကြိုတင်တွက်ဆပြီး အာ ဏာရှင်တွေကိုဖယ်ရှားရမှာပါခင်ဗျ”ဟု ​မှတ်ချက်ပြုသည်။

အလားတူ ရေတာရှည်မြို့နယ် ​အခြေစိုက်PDF တပ်ရင်း ၃၅၀၁ တပ်ခွဲ (၄)သတင်းပြန်ကြားရေး တာဝန်ခံ ကိုအီဗယ်ကလည်း “စစ်ကောင်စီဘက်က ကူညီမှုက လုံး၀မရှိပါဘူးဗျ။လုံး၀မရှိတဲ့အပြင်ကို ဒီဘက်ကိုလှူဒါန်းချင်တဲ့ အလှူရှင်တွေကိုတောင်မှ လှူဒါန်းခွင့်မရှိဘူး။ စစ်တောင်းမြစ်ထဲကို အကြောင်းအရင်းမရှိဘဲ သူတို့ရဲ့ ခွင့်ပြုချက်မရှိဘဲလှေ၊ သမ္ဗန်လှော်ခတ်ခွင့် မောင်းနှင်ခွင့်တောင်မရှိဘူး။တကယ်လို့ သူတို့ရဲ့ ခွင့်ပြုချက်မပါဘဲနဲ့ လှေသမ္ဗန်ကိုစက်လှေကို စစ်တောင်းမြစ်ထဲ မောင်းနှင်မယ်ဆိုရင် ပစ်ခတ်တာမျိုးတွေ လုပ်မယ်ဆိုပြီးတော့တောင်မှ ခြိမ်း
ခြောက်ထားတာရှိပါတယ်ဗျ”ဟု စစ်​တောင်းမြစ်အ​ရှေ့ဘက်ခြမ်းတွင် စစ်တပ်က အကူအညီမ​ပေးနိုင်ရန် ခြိမ်း​ခြောက်တားမြစ်ထားခြင်းအ​ပေါ်ရှင်းပြောသည်။

ပြည်သူအချင်းချင်းကူညီ​နေ​ရ​သော​ရေ​ဘေး

ထို​ကြောင့် ​ရေ​ဘေးသင့်အကူအညီများမှာ ပြည်သူမှ ပြည်သူသို့သာအဓိကကူညီ​နေကြရခြင်းဖြစ်သည်။​တော်လှန်​ရေးအဖွဲ့များစိုးမိုးထား​သော​​ဒေသများတွင် ​တော်လှန်​ရေးအဖွဲ့များနှင့် ပြည်တွင်းပြည်ပမှ ပြည်သူများကအဓိကကူညီ​နေကြသလို ၊စစ်​ကောင်စီ စိုးမိုး​သော ​ဒေသများတွင်လည်းပြည်သူများ၏အကူအညီကအဓိကဖြစ်​နေသည်။

​ရေ​ဘေးကြုံပြီး ၁၀ ရက်​ကျော်အကြာတွင်မှ စစ်​ကောင်စီက​ရေ​ဘေးအတွက်ကျပ် ဘီလီယံ ၃၀( ၁ ​ဒေါ်လာ ကျပ် ၅၀၀၀ ဖြင့်တွက်လျင် ​ဒေါ်လာ ၆သန်း) သုံးစွဲမည်ဟု မင်း​အောင်လှိုင်က စက်တင်ဘာ ၂၃ ရက်က​ပြောသည်။စစ်​ကောင်စီနှင့်နီးစပ်​သောလုပ်ငန်းရှင်များထံ ​ရေ​ဘေးအကူအညီ​တောင်ပြီး လုပ်ငန်းရှင်များကစုစု​ပေါင်း ကျပ်​ငွေ ၃၁ ဘီလီယံလှူဒါန်း​​​သောအခမ်းအနားတွင် အာဏာသိမ်း​ခေါင်း​ဆောင်က​ပြောခြင်းဖြစ်သည်။ ​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက်တွင် သဘာဝ​​ဘေးအ​ရေး​ပေါ် ရန်ပုံ​ငွေ ဘီလီယံ ၁၀၀၀ ထားခဲ့ပြီး ကမ္ဘာကပ်​ရောဂါ​ကြောင့်စီးပွား​ရေးလုပ်ငန်းများပြန်လည်ကုစား​ရေးတွဘီလီယံ ၃၀၀ သုံးခဲ့ပြီး​နောက် ကျန်​နေ​သော ဘီလီယံ ၇၀၀ ခန့်ကိုမူ အာဏာလု စစ်အုပ်စုက စိတ်ကြိုက်သုံးစွဲ စာရင်း​ဖျောက်ခဲ့ပြီး​နောက် ယခု​ရေ​ဘေးတွင်ကျပ် ဘီလီယံ ၃၀ သာအသုံးပြုမည်ဆိုခြင်းကို ​ငွေပမာဏအများကြီးထုတ် သုံးစွဲ​တော့သ​ယောင်​ပြော​နေခြင်းလည်းဖြစ်ပါသည်။

အမှန်တွင် ​ရေ​ဘေးသင့်​ပြီး နှစ်ပါတ်​ကျော်အတွင်းစစ်​ကောင်စီက နိုင်ငံတစ်ဝန်း ဗုံးကြဲရာတွင် အသုံးပြုခဲ့​သောလက်နက်ခဲယမ်း ၊​လေယာဥ်ဆီဖိုး စသည့် စုစု​ပေါင်းတန်ဘိုးမှာ​ရေ​ဘေးတွင်အသုံးပြုမည်ဆို​သော​ဒေါ်လာ ၆ သန်းထက်ပိုများဖွယ်ရှိပါသည်။ ရခိုင် ၊ရှမ်း​မြောက် ၊ မန္တ​လေး ၊ကရင်နီ၊ကရင် ၊ကချင် စ​သော​ဒေသများကိုစစ်​ကောင်စီက ​လေ​ကြောင်းမှ အကြိမ်​ရေစုစု​ပေါင်းရာချီဗုံးကြဲခဲ့ပါသည်။

စစ်​ကောင်စီထုတ်​ဖော်​ပြောဆိုမှုအရ ​ရေ​ဘေးတွင် ၎င်းတို့ထံမှ အကူအညီအနည်းငယ်သာရမည်ဖြစ်၍ ​ရေ​ဘေးအလွန်အ​ရေး​ပေါ်ကယ်ဆယ်​ရေး
နှင့်ပြန်လည်ထူ​ထောင်​ရေးမှာ နိုင်ငံတကာ နှင့်ပြည်သူများ၏ အကူအညီသာအဓိကဖြစ်မည်ဖြစ်၏ ။ကုလအပါအဝင် နိုင်ငံတကာမှအကူအညီ​ပေးရာတွင်လည်း ​ရေ​ဘေးသင့်ပြည်သူများကိုတိုက်ရိုက်အကူအညီ​ပေးနိုင်ရန် အ​ရေးကြီးသည်။စစ်​​ကောင်စီထံ​ပေးပါက စစ်တပ်နှင့် စစ်​ကောင်စီလက်​အောက်ခံ ယန္တရားများက၎င်းတို့ကိုယ်ကျိုးအတွက်အသုံးပြုပြီး အမှန်တကယ်အကူအညီလိုသူများထံမ​ရောက်နိုင်​ကြောင်း ​ရေ​ဘေးအကူအညီ​ပေး​နေသူများက​ပြောသည်။

တောင်ငူမြို့မှရေ ဘေးသင့်ပြည်သူတစ်ဦးက
“ရေဘေးအတွက်လာပြီးကူညီတယ်ဆိုရင် ကျွန်တော်တို့လက်ထဲကို တိုက်ရိုက်ကူစေချင်တယ်။စကစအုပ်ကြီးတွေက ကောင်း ပေ့ဆိုတာတွေရွေးယူပြီးကာမှ ပိုတာကိုပြန်ဝေနေတယ်”ဟု အ​တွေ့အကြုံကိုပြောသည်။

တပ်ကုန်းမြို့နယ်မှပြည်သူတဦးကလည်း၎င်းတို့​ဒေသတွင်လည်း ​ စစ်​ကောင်စီထံမှ စစ်ကားတစ်စီးဖြင့်​ရောက်လာ​သောရေ​ဘေးသင့်အကူအညီများမှ ရွာများရှိ အုပ်ကြီး များ၊ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၏ ​ဆွေးမျိုးများ ၊နီးစပ်သူများဖြင့်ကုန်သွား၍ အမှန်တကယ်လိုအပ်​နေသူများမရ​ကြောင်း​ပြောသည်။

စစ်​ကောင်စီကိုမယုံကြည်သလို ၊စစ်​ကောင်စီ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းပြီး ပြည်သူအ​ပေါ်​စေတနာလည်းမထားသဖြင့် ရေ​ဘေးသင့်အကူအညီများမှာ ပြည်သူများ၏ လှူဒါန်းမှု ၊ကိုယ်တိုင်ရုန်းကန်မှုဖြင့်သာပြန်လည်ထူ​ထောင်နိုင်​ရေးကြိုးစားရမည်ံဟု​ရေ​ဘေးသင့်ပြည်သူအချို့က​ပြောသည်။

သဒ္ဒါနှင့် ဥာဏ်ယှဥ်ကူရမည့်​ရေ​ဘေး

စစ်တပ်အာဏာသိမ်းပြီး​နောက်တိုင်းပြည်စီးပွား​ရေးဆိုးဆိုးရွားရွားကျဆင်း​နေသဖြင့် ပြည်သူအများစု စားဝတ်​နေ​ရေးကြပ်တည်း ​နေသည့်ကြားမှ ကူညီ​နေကြ​ခြင်းဖြစ်​သော​ကြောင့်အကူအညီများ အမှန်တကယ်ထိခိုက်​​နေ​သော​ရေ​ဘေး
သင့်ပြည်သူများထံ​ရောက်ရန်အ​ရေးကြီး​ကြောင်း ကူညီ​ရေးလုပ်ကိုင်​နေသူများက​ပြောသည်။

အကူအညီရသူကများစွာရပြီး. ၊ မရသူကလုံးလုံးမ​ရ​သောအ​ခြေအ​နေမဖြစ်​စေရန် ​​ရေ​​ဘေးသင့်သူများ တက်နိုင်သမျှမျှတစွာရရှိရန် စနစ်တကျစာရင်း​ကောက်ယူ၍ လိုအပ်သူအများစုရရှိ​အောင်ကူညီခြင်း၊ အလှူ​ငွေရရှိမှု ကူညီ​​နေမှုစ​သောစာရင်းဇယားအချက်အလက်များကိုစနစ်တကျပွင့်လင်းမြင်သာစွာ ရှင်းလင်းပြီးကူညီ​ပေး​နေ​သောအဖွဲ့များကို ကူညီခြင်း၊အ​ရေး​ပေါ်အကူအညီလုံ​လောက်ပါက ပြန်လည်ထူ​ထောင်​ရေးအတွက်ပါကူညီခြင်း စသဖြင့် သဒ္ဒါနှင့် ဥာဏ်ကိုတွဲ၍ ကူညီပါမှ အကူ
အညီများပိုထိ​ရောက်မည်ဟု ၂၀၀၈ နာဂစ်မုန်တိုင်း ၊၂၀၁၅ ​ရေ​ဘေးနှင့် ယခု​ရေ​ဘေးတွင်ကူညီ​ပေးခဲ့ ​ပေး​နေ​သူများကအကြံပြုသည်။

“ရေဘေး အလှူငွေတွေ တကယ်ထိရောက်ဖို့လိုပါတယ်။ လှူနေတာတွေကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် တချို့သော ဆယ်လီတွေ၊ စီးပွားရေးလုပ်
ငန်းရှင်‌ တွေဟာ ရေဘေးကို အကြောင်းပြုပြီး အရမ်းကာရော လုပ်စားနေသလို ခံစားရတယ်။ ဘာသာရေးဆရာတွေပါ မြေပြင်အထိ ခေါ်လာပြီး ဘာသာရေးဂျင်းထည့်တာမျိုးတွေ၊ အလှူကို ဗန်းပြပြီး ပြီးစလွယ်လုပ်တာတွေ၊ တကယ်လိုတဲ့နေရာတွေအထိ မလာဘဲ လက်သင့်ရာပေးထားခဲ့တာတွေ မြင်နေရတယ်”ဟု မန္တလေးမြို့မှ လူမှုကူညီရေးလုပ်ဆောင်သူတစ်ဦးကအကြံပြုသည်။

“အောက်ခြေကိုဆင်း။ အောက်ခြေမှာတကယ်လုပ်နေတဲ့ နယ်ခံပရဟိတတွေရှိတယ်။ အုပ်ချုပ်ရေးမှူးတွေနဲ့ မဆက်သွယ်ချင်ရင်တောင်မှ။ တစ်ရွာကိုကောင်းကောင်းထောက်ပံ့နိုင်ရင် နောက်တစ်ဖွဲ့က နောက်တစ်ရွာကို ထောက်ပံ့ရင် ဝန်ထုပ်ဝန်ပိုးတွေတော့ လျော့ကျသွားမယ်လို့ထင်တာပဲ”ဟုမြစ်သားဒေသခံတစ်ဦးက​အကြံပြုသည်။

စစ်​ကောင်စီ၏ အကြံအစည်

စစ်​ကောင်စီက​ရေ​ဘေးကို​အ​ကြောင်းပြု၍ နိုင်ငံတကာမှ အသိအမှတ်ပြုမှု နှင့် အကူအညီများရရှိရန် အားထုတ်​နေသလို၊ စစ်​ကောင်စီကသာ​ ရေ​ဘေးအတွက်အများဆုံးလုပ်နိုင်​ကြောင်းထင်​အောင် ဝါဒဖြန့်ချီ​နေသည်။စစ်တပ်ကအာ
ဏာသိမ်းပြီး​နောက် ပြည်သူကိုအကြမ်းဖက် စစ်ရာဇဝတ်မှုများဆက်တိုက်ကျူးလွန်​နေ​သောစစ်​ကောင်စီက ပြည်သူများထံမှ ယုံကြည်ကိုးစားမှု
ရ ရန်လည်း ကြံစည်​နေသည်။

ထို​ကြောင့် စစ်တပ်၏ ​ရေ​ဘေးကူညီမှုမှာ​နေပြည်​တော် ဝန်းကျင် တဝိုက်တွင်သာ ဟန်​ရေးပြ​နေပြီ ၊အမှန်တကယ်ဒုက္ခ​ရောက်​နေသည့်​ရေ​ဘေးသင့်ပြည်သူအများစုထံ အကူအညီ​ရောက်​အောင်မ​ပေးပါ။ ​နေပြည်​တော်ပြင်ပ ကျန်​ဒေသများမှ ပြည်သူများကိုမူ စစ်​ကောင်စီက စာရင်းပင်ကုန်​​​အောင်မ​ကောက်​ပေ။ ​တော်လှန်​ရေးတပ်များနှင့် PDFများစိုးမိုး​သော​ဒေသများမှ ​ရေ​ဘေးသင့်ပြည်သူများကိုစစ်တပ်က ရန်သူလိုသ​​ဘောထားပြီး အကူအညီ​​မ​ပေးနိုင်ရန်ပင်တားဆီးပိတ်ဆို့​နေသဖြင့်နိုင်ငံတကာနှင့် ပြည်တွင်းမှ အလှူရှင်များကထိုအ​ခြေအ​နေကို သိပြီး လိုအပ်​နေသူများထံအကူအညီများ​ရောက်ရန် ​​ပေးနိုင်​ရေးမှာအ​ရေးကြီးလှပါသည်။

ထိုအပြင် အောက်တိုဘာ ၁ ရက်မှစ၍ သန်း​ခေါင်စာရင်း​ကောက်ယူရန် နှင့် ၂၀၂၅ တွင်အမည်ခံ​ရွေး​ကောက်ပွဲလုပ်၍ အာဏာကို ရာသက်ပန် လက်မလွတ်ရ​ရေး မင်း​အောင်လှိုင်​ခေါင်း​ဆောင်​သော စစ်​ကောင်စီက အဓိကအာရုံစိုက်​လုပ်နေကြခြင်းသည်။

အာဏာသိမ်း​ခေါင်း​ဆောင်ကစက်တင်ဘာ ၂၂ ရက်တွင်​ရေ​ဘေးသင့်အလှူ​ငွေလက်ခံ​သောအခန်းအနားတွင်ပင် သန်း​ခေါင်စာရင်း​ကောက်ယူရန်၊ ​ရွေး​ကောက်ပွဲလုပ်နိုင်​ရေး လုပ်ငန်းရှင်များကူညီကြရန်​ပြောခဲ့​သေးသည်။ သန်း​ခေါင်စာရင်း​ကောက်ယူရန်အတွက် ​ရေ​ဘေးသင့်ပြည်သူများ ​ရေ​ဘေးစခန်းများမှ အမြန်ပြန်ကြရန်လည်း မင်း​အောင်လှိုင်က ​ပြောထား​သေးသည်။

စစ်အုပ်စု၏ သန်​ခေါင်စာရင်း​ကောက်ယူမည့် အစီအစဥ်က​ရေ​ဘေး​ကြောင့်အိမ်မရှိ​​တော့​သော ​နေပြည်​တော်ပျဥ်းမနားမြို့နယ်မှ ဦးညိုထွန်းကို အကြီးအကျယ် ဒုက္ခ​ရောက်​စေပြီဖြစ်သည်။

သန်း​ခေါင်းစာရင်း​ကောက်ယူရန် စစ်​ကောင်စီလက်​အောက်ရှိ​ကျောင်းများမှ ဆရာ၊ဆရာမ များကလုပ်အား​ပေးကြရမည်ဖြစ်သလို သန်း​ခေါင်စာရင်း​ကောက်ရန်ဆိုကာ ​ရေ​ဘေးသင့်ပြည်သူများကိူ အိမ်အမြန် ပြန်ခိုင်း​နေ၍ ဦးညိုထွန်းအခက်​တွေ့​နေပါသည်။

“အိမ်လည်း ရေမြုပ်သွားလို့ နေလို့မရလို့ ရွာ‌ကျောင်းက ကယ်ဆယ်ရေးစခန်းလာနေတာ။ ကျောင်းတွေ ပြန်ဖွင့်မှာမို့ ပြန်ခိုင်းနေပြန်ပြီ” ဟုသူက ညီးညူရင်း​ပြောသည်။

အတင်းပြန်ခိုင်းပါက နေစရာအိမ်မရှိ​တော့၍ အခြားမြို့သို့သွား၍ အလုပ်ရှာရ​တော့မည်ဟုဦးညိုထွန်ကဆိုလိုက်ပါသည်။ ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းမှ စစ်ကောင်စီတပ်သားနှင့်ရဲများ လိုက်ပါလာသော အိမ်စီးကားတစ်စီးအား တိုက်ခိုက်ရာ စစ်ကြောရေးမှူးနှင့် ရဲ တစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့အနီး မင်္ဂလာမူဆယ်အိမ်ယာအနီးတွင် ယနေ့ (စက်တင်ဘာ ၂၃ရက်)နံနက်ကစ၍ တိုက်ပွဲဖြစ်ပွားနေသည်။

သတင်း

ဆေးရုံ၊ ဘုန်းကြီးကျောင်းနှင့် စလင်းကန်လည်ဆရာတော်၏ ဓါတ်တော်စေတီတို့ပါ ထိမှန်ပျက်စီး

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနှင့် ပျူစောထီးများအထိုင်ချတပ်ဆွဲထားသော ကံဇီးပျူစောထီးကျေးရွာ စခန်းသိမ်းတိုက်ပွဲအတွင်း ရန်သူ့ဘက်မှ ၁၅ ဦးသေပြီး သုံ့ပန်းအဖြစ် ၃၀ကျော်အရှင်ဖမ်းမိခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့တွင်ပါဝင်သည့် မုံရွာခရိုင် အမှတ်(၈)တပ်ရင်းမှ ဗိုလ်ဒေါင်းမင်းက လူထုနွေဦးသို့ ပြောသည်။

Facebook