အင်ကြင်း/People’s Spring
မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် အင်တာနက်ဖြတ်တောက်ခံထားရ၍ မိုးကုတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြည်သူများထံ စစ်သတင်းလွှာများ ဖြန့်ဝေပေးနေကြောင်း သတင်းရရှိသည်။
မိုးကုတ်မြို့၌ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရ၍ PDF စိုးမိုးနယ်မြေအတွင်းရှိ ပြည်သူများ တော်လှန်ရေးနှင့် ပတ်သက်သည့် ဖြစ်ပေါ်တိုးတက်မှုများအား အချိန်နှင့်တပြေးညီ သိရှိရန်လိုအပ်ကြောင်း၊ ထို့ကြောင့် သတင်းအချက်အလက်များ ပုံမှန်ရရှိနိုင်စေရန် အမျိုးသားညီညွတ်ရေးအစိုးရ၏ စီစဉ်ပံ့ပိုးမှုဖြင့် စစ်သတင်းလွှာအား အပတ်စဥ် ဖြန့်ဝေနေကြောင်း ပကဖအသံက ဖော်ပြသည်။

Public Service Announcement
လက်ရှိတွင် စစ်သတင်းလွှာကို အောက်တိုဘာလဆန်းမှစ၍ မိုးကုတ်မြို့နယ်ပြည်သူများထံ အပတ်စဉ် အစောင်ရေ နှစ်ရာခန့် စတင်ဖြန့်ဝေနေကြောင်း သိရသည်။
မိုးကုတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၄ ဇူလိုင်၂၄ရက်တွင် အပြီးသတ် သိမ်းယူထားသည်။
မိုးကုတ်မြို့သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ဆင်နွှဲနေသော စစ်ဆင်ရေးများတွင် တတိယမြောက် သိမ်းယူနိုင်ခဲ့သော မြို့ဖြစ်သည်။

















































