close
Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းမြို့နယ်တွင် ​မြေငလျင်လှုပ်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့အနီးတွင် အင်အားအသင့်အတင့်ရှိ​မြေငလျင် ငလျင်လှုပ်ခတ်သွားကြောင်း​ဒေသခံများက​ပြောသည်။

‌မိထက်/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့အနီးတွင် အင်အားအသင့်အတင့်ရှိ​မြေငလျင် ငလျင်လှုပ်ခတ်သွားကြောင်း​ဒေသခံများက​ပြောသည်။

ငလျင်ကြောင့် သပိတ်ကျင်းမြို့အပြင် အနီးပတ်ဝန်းကျင်မြို့များဖြစ်သော စဉ့်ကူးမြို့၊ မိုးကုတ်မြို့နှင့် မိုင် ၅၀ ကျော်အကွာရှိ မန္တလေးမြို့အထိ ငလျင်လှုပ်ရှားမှုရှိခဲ့ကြောင်း ဒေသခံများကပြောသည်။သို့​သော် ​မြေငလျင်ကြောင့် ထိခိုက်ပျက်စီးမှုရှိ၊မရှိကိုမူ မသိရှိရသေးပေ။

Public Service Announcement

Public Service Announcement

ငလျင်သည် အောက်တိုဘာ ၁၁ ရက် နံနက် ၁၁နာရီ ၁၁ မိနစ်ခန့်တွင် သပိတ်ကျင်းမြို့နယ်တ​စ်​နေရာကိုဗဟိုပြု၍ ​မြေ​အောက်အနက် ၁၀ ကီလိုမီတာ ( ၆ ဒသမ ၂ မိုင်​ကျော်) ရစ်ခ်တာစကေး ၅ဒဿမ ၈အဆင့် လှုပ်ရှားသွားခြင်းဖြစ်ကြောင်း ထိုင်းမိုးလေဝသက သတင်းထုတ်ပြန်သည်။

သို့​​သော် စစ်​ကောင်စီ လက်​အောက်ရှိ မိုး​လေဝသနှင့် ဇလ​​ဗေဒ ညွန်ကြားမှူ ဦးစီးဌာနကမူ သပိတ်ကျင်းမြို့၏ အနောက်တောင်ဘက် (၅) မိုင်ခန့်အကွာ၊ ​မြေအနက်(၁၀)ကီလိုမီတာကို ဗဟိုပြု ၍ အင်အားရစ်(ခ်)တာစကေး (၅.၃)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိ​ကြောင်းထုတ်ပြန်သည်။

ကမ္ဘာတဝန်းရှိ​မြေငလျင်လှုပ်ရှားမှုများကို​စောင့်ကြည့်​ဖော်ပြ​ပေး​နေ​သော USGS က​လည်းမြေငလျင်လှုပ်ခတ်သည်ကိုအတည်ပြုပြီး ရစ်ခ်တာစကေး ၄ ဒဿမ ၉ အဆင့်ရှိသည်ဟု​ဖော်ပြထားသည်။

ထို​ကြောင့်​မြေငလျင် လှုပ်ခတ်သည်ကို အတည်ပြုကြ​သော်လည်းပြင်းအားကိုတွက်ချက်​ဖော်ပြရာတွင်မတူညီကြ​ပေ။ သို့​​သော်​မြေငလျင် ဗဟိုပြုရာ​မြေအနက်မှာ ၁၀ ကီလိုမီတာတွင်ဖြစ်​ကြောင်းတူညီစွာထုတ်ပြန်ထားသည်။ထိုအပြင် ထိုင်းမိုး​ဇလကအဆိုပါ​မြေငလျင်မတိုင်ခင် သပိတ်ကျင်းမြို့နယ်မှာပင်ရစ်ခ်တာစကေး ၄ ဒဿမ ၅ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့​သေး​ကြောင်း​ဖော်ပြထားပြီး ၊စစ်​ကောင်စီ မိုးဇလ နှင့် USGS တို့ကမူ​ဖော်ပြထားခြင်းမရှိ​ပေ။

အောက်တိုဘာလလ ၅ရက် နံနက်ပိုင်းကမန္တလေးတိုင်း မြစ်သားမြို့တွင်လည်း အင်အားရစ်ခ်တာစကေး ၃ဒဿမ၇အဆင့် ငလျင်လှုပ်ခဲ့သည်။

သပိတ်ကျင်းမြို့နယ်သည် စစ်ကိုင်းပြတ်ရွေ့ဖြတ်သွားသည့်မြို့ဖြစ်ပြီး ရစ်ခ်တာစကေး ၅ အထက်နှင့် ၆အထက် ငလျင်အချို့ လှုပ်ရှားလေ့ရှိသည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလက ရစ်ခ်တာစကေး ၆ဒဿမ၈ အဆင့် ငလျင်လှုပ်ခဲ့ရာ ထိခိုက်ပျက်စီးမှု များပြားခဲ့သည်။ စစ်ကိုင်းပြတ်​ရွေ့သည် မြန်မာနိုင်ငံ​မြောင်ပိုင်း ဟူ​ကောင်းချိုင့်ဝှမ်းမှ ​တောင်ပိုင်း ကပ္ပလီပင်လယ်ပြင်ထဲအထိ ​တောင်​မြောက် ဖြတ်သန်းသွား​​သော​မြေငလျင်​ကြော ၊ထို​မြေငလျင်​ကြောတ​လျှောက် ငလျင်များမကြာခဏလှုပ်ခတ်​လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တ​လေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာအား ဆန်အိတ် အပိုင်း ၃၀၀ နှင့် ကျပ်သိန်း ၅၀၀ မတည်လှူဒါန်းပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့(အောက်တိုဘာ၉ရက်)တွင် သတင်းထုတ်ပြန်သည်။

သတင်း

မန္တလေးတိုင်းမြစ်သားမြို့၌ယနေ့(အောက်တိုဘာလ ၅ရက်) နံနက်ပိုင်း၌ ငလျင် လှုပ်သွားကြောင်း ​ဒေသခံများကပြောသည်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရွှေကျွန်းပင်ကျေးရွာအား စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာ ဒေသခံပြည်သူတစ်ဦးသေဆုံး၍ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် မူးယစ်ဆေးဝါးများအား သုံးစွဲခြင်း လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်းများ လုံးဝ မပြုလုပ်ရန် သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တားမြစ်လိုက်သည်။

Trending

Facebook