ဩဂုတ်၁၄၊၂၀၂၅၊မေ/People’s Spring
စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်၊မုံရွာ-အရာတော်လမ်းပိုင်းကိုစစ် ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ၄ရက်တာ တိုက်ပွဲအတွင်းမှာ စစ်တပ်အရာရှိတွေအပါအဝင် ၄၀ ဦးခန့် သေဆုံးပြီး၂၀ ဦးခန့်ဒဏ်ရာ တွေရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ ဝင်တွေကပြောပါတယ်။
ဩဂုတ်လ၈ ရက်နေ့က စီးပွားရေးတက္ကသိုလ်က နေထွက်လာတဲ့ အင်အား ၁၅၀ ပါစစ်ကြောင်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့သလို ကျောက္ကာရွာစာသင် ကြောင်းကအထွက်မှာလည်း စောင့်ကြိုတိုက်ခိုက်ခဲ့ရာစစ်သား ၇ဦး ထိခိုက်ကျဆုံးခဲ့တယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ပါတယ်။
“ကျွန်တော်တို့ မြင်တာကတော့ မုံရွာအနေနဲ့ဆို ရန်သူအနေနဲ့ မြို့ပေါ် ကွက်ကွက်လေးပဲ စိုးမိုးနိုင်တာဆိုတော့ လမ်းပိုင်းစိုးမိုးမှုရချင်တာရော၊ ကုန်စည်စီးဆင်းမှုဖြတ်တောက်ချင်တာရောပါမယ်ဗျ”လို့စစ်တပ်စစ်ကြောင်းထိုးတဲ့ရည်ရွယ်ချက်အပေါ်မုံရွာမြို့နယ်ပအဖတာဝန်ရှိသူကပြောပါတယ်။

Public Service Announcement
အဲဒီနောက် စစ်တပ် တပ်ဖြန့်ထားတဲ့ ရေနံကုန်းလမ်းဆုံနဲ့ ရွှေဂူဖြူဘုရားအနီးတို့မှာလည်း ဒရုန်းနဲ့တိုက်ခိုက်ခဲ့သလို ဩဂုတ်လ ၁၁ ရက်နေ့ အထိလေးရက်ဆက်တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။တိုက်ပွဲတွေအတွင်းမှာ စစ်တပ်စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက စစ်တပ်ဆီကသိမ်းထားတဲ့ကားမိုင်းတွေနဲ့တိုက်ခဲ့သလို ၊ဒရုန်းတွေအသုံးပြုတိုက်ခိုက်ခဲ့ပါတယ် ။စစ်တပ်ကသံချပ်ကာ ယာဥ် တချို့ပါအသုံးပြုခဲ့ပေမယ့် ပြန်ဆုတ်ပြေးသွားတယ်လို့ ပြောပါတယ် ။

ဒီတိုက်ပွဲ တွေအတွင်းစစ် ကောင်စီတပ်က ဗိုလ်မှူး၁ဦး၊ဗိုလ်ကြီး၁ဦးအပါအဝင် ၂၀ဦးခန့် ဒဏ်ရာရခဲ့ပြီး ၄၀ဦး သေဆုံးကာ သေဆုံးသူအများစုဟာ ပြည်သူ့စစ် တွေဖြစ်တယ်လို့ မုံရွာမြို့နယ်၊ပအဖက ထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးအဖွဲ့တွေက စစ်တပ်စစ်ကြောင်းထံက စစ်ကြောင်းတစ်ခုရဲ့အင်အားနဲ့လက်နက်ခဲယမ်းအသေးစိပ်ပါဝင်တဲ့စာရင်းနဲ့ စစ်ကြောင်းထိုးမယ့်မြေပုံတွေကိုပါ သိမ်းဆည်းရရှိခဲ့ပါတယ်။ အင်အား ၅၂ ဦးပါ စစ်ကြောင်းမှာ စစ်မှုမထမ်းမနေရ စနစ်နဲ့စုဆောင်းထားတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်၄၅ ယောက်ပါဝင်နေတာတွေ့ရပါတယ်။
သြဂုတ်လ ၁၄ ရက်အထိ စစ်ကြောင်းဟာ မုံရွာမြို့မှ ကျောက္ကာရွှေဂူဖြူ ဘုရားပတ်ချာလည်အထိ အင်အား၄၀၀ ခန့်နဲ့တပ်ဖြန့်ထားပြီး ပြည်သူပိုင်ပစ္စည်း တွေကို ယူဆောင် မီးရှို့ဖျက်ဆီးတာ တွေပြုလုပ် နေတယ်လို့ သိရပါတယ်။
