close
Connect with us

Hi, what are you looking for?

သတင်း

ရွေးကောက်ပွဲလုပ်မည်ဟုကြေညာပြီးနောက် စစ်ကောင်စီက ပြည်သူများသတ်ဖြတ်မှုပိုကျူးလွန်နေဟု NUG ပြော

အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲကျင်းပရန် ကြေညာပြီးနောက် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး နည်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိရာ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်သည့် ကျူးလွန်မှုများ ပိုမိုလုပ်ဆောင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားပြီး စစ်ကောင်စီ၏ လုပ်ရပ်ကို နိုင်ငံတကာက မျက်စိမှိတ်မနေရန် တိုက်တွန်းသည်။

မြောက်ဦးမြို့နယ် ဒိုင်းကျီရပ်ကွက်အား စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူများအား ဆွေးမျိုးများက ငိုကြွေးနေစဉ်။ ဓာတ်ပုံ - MUYA

စက်တင်ဘာ−၈၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲကျင်းပရန် ကြေညာပြီးနောက် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး နည်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိရာ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်သည့် ကျူးလွန်မှုများ ပိုမိုလုပ်ဆောင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားပြီး စစ်ကောင်စီ၏ လုပ်ရပ်ကို နိုင်ငံတကာက မျက်စိမှိတ်မနေရန် တိုက်တွန်းသည်။

စစ်ကောင်စီအနေဖြင့် ဆုံးရှုံးထားသည့် နယ်မြေများ ပြန်လည်ရရှိရေး လုပ်ဆောင်ရာတွင် ပြည်သူလူထု အစုလိုက်၊အပြုံလိုက် သေဆုံးထိခိုက်ဖြစ်ပေါ်စေသည့် လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းနှင့်ပတ်သက်၍ မေးမြန်းရာ ဦးနေဘုန်းလတ်က ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

“အဓိက ပြောချင်တာက နိုင်ငံတကာအနေနဲ့ စစ်အုပ်စုလုပ်ဖို့ ကြိုးစားနေတဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲတခုတည်းကိုပဲ ကြည့်နေတာမဟုတ်ဘဲဒီတရားမဝင်အတုအယောင်ရွေးကောက်ပွဲ လုပ်ဖို့ဆိုတဲ့ရည်ရွယ် ချက်နဲ့ပေါ့ ဩဂုတ်လကနေ စလို့ တောက်လျှောက် ပြည်သူလူထုအပေါ်မှာ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ စစ်ရာဇဝတ်မှုတွေ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ အများကြီး တိုးပြီးတော့ ဆထက်တံပိုးတိုးပြီး ကျူးလွန်လာတဲ့ကိစ္စတွေကို မျက်စိမှိတ်မနေဖို့ အင်မတန်မှ အရေးကြီးပါတယ်”ဟု ဦးနေဘုန်းလတ်က ပြောကြားသည်။

Public Service Announcement

Public Service Announcement

တရားမဝင်ရွေးကောက်ပွဲကျင်းပရန်ကြေညာပြီးချိန် စစ်အုပ်စု၏ အကြမ်း ဖက်မှုကိန်းဂဏန်းများ ပိုမိုမြင့်တက်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက အသိပေးထားသည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက စစ်အုပ်စု၏ အရပ်သားပြည်သူတွေအပေါ် ဘက်ပေါင်းစုံက လူ့အခွင့်အရေးချိုးဖောက်မှုများ၊ တိုက်ခိုက်မှုများ မှတ်တမ်းများကို အသိပေးလျက်ရှိရာ စစ်ကောင်စီက ၂၀၂၅ ဇန်နဝါရီမှ ဩဂုတ်အထိ လေကြောင်း တိုက်ခိုက်မှု အကြိမ်ပေါင်း ၃၃၀၀ကျော် ပြုလုပ်ခဲ့ရာ ဩဂုတ်လတွင် လေကြောင်းတိုက်ခိုက်မှု ၄၉၃ကြိမ် ပြည်သူသေဆုံးမှု ၂၇၈ဦးထိရှိခဲ့သည်ကို တွေ့ရသည်။

လေကြောင်းတိုက်ခိုက်မှုအပါအဝင်စစ်အုပ်စုကပြည်သူများကို သတ်ဖြတ်မှု ကျူးလွန်ရာ၌ လူ ၅ဦးထက် သတ်ဖြတ်ခံရသည့် ဖြစ်စဉ် မှာ ယခုနှစ်အတွင်း ၁၀၅ကြိမ်ရှိခဲ့ရာ ဩဂုတ်လတွင် ၂၂ကြိမ် ထိရှိခဲ့သည်။

ဩဂုတ်လအတွင်း စစ်အုပ်စုကျူးလွန်ခဲ့သည့် အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှု များအတွင်း ပြည်သူ ၂၂၅ဦး သေဆုံးခဲ့ရဟုလည်း လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

စစ်အုပ်စုက တရားမဝင်ရွေးကောက်ပွဲအတွက် အားစိုက်ပြင်ဆင်နေပြီးတဖက်တွင်လည်း အကြမ်းဖက်မှုများ ပိုအရှိန်မြှင့် လုပ်ဆောင်နေသည်ကို ပြည်သူ သေဆုံးထိခိုက်နှင့် စစ်အုပ်စု၏ ကျူးလွန်မှု ကိန်းဂဏန်းများကို ကြည်ရှုံ သိရှိနိုင်ဟု ဝန်ကြီးဌာနက ဖော်ပြသည်။

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ်တွင် သြဂုတ် ၂၅ ရက်က စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးငယ်များ သေဆုံးကာ ဒဏ်ရာရရှိကာ နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)က စိုးရိမ်ပူပန်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ ပြင်းထန်လာခြင်းကြောင့် ကလေးသူငယ်များ ပိုမိုထိခိုက်လာကြောင်း၊ တိုက်ခိုက်မှုများကြောင့် ကြောက်ရွံ့မှု၊ နေရာရွှေ့ပြောင်းမှုနှင့် ဒုက္ခများကို ဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်း၊ ကလေးငယ်များသည် ၎င်းတို့၏နေအိမ်များနှင့် ရပ်ရွာများအပါအဝင် ၎င်းတို့လုံခြုံသည်ဟု ခံစားရမည့်နေရာများတွင် အသတ်ခံနေရကြောင်း UNICEFက ဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရွေးကောက်ပွဲမှာ ကိုယ်စားပြုပါတီရဲ့ ရလဒ်တွေ ညံ့ဖျင်းခဲ့တဲ့နောက် ဂျပန်ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာဟာ ရာထူးက နုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဒီကနေ့ (စက်တင်ဘာ ၇)မှာ "Our Ambassador Our Voice" စာသားဖြင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံကြောင်း အသီးသီး ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကောင်စီ၏၂၀၂၅ ရွေးကောက်ပွဲကိုအသိအမှတ်မပြုရန် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN)၏ ခေါင်းဆောင်များထံနိုင်ငံတကာအရပ်ဘက် အဖွဲ့အစည်း ၃၀၀ကျော်က စာပေးပို့၍ အရေးတကြီးတောင်းဆိုလိုက်သည်။

သတင်း

မွန်ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်စစ်ကျွန်သက်ဆိုးရှည်မည့်စစ်ကော် မရှင်၏ အတုအ ယောင်ရွေးကောက်ပွဲတွင်ပါဝင်ခြင်းမပြုဘဲ၎င်းရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်ရန် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် NMSP-AD/ RMA က ယနေ့ ထုတ်ပြန်ခဲ့ပြီး မွန်နိုင်ငံရေးပါတီများအနေဖြင့်လည်းအတု အယောင်ရွေးကောက်ပွဲအပေါ် မျှော်လင့်မနေဘဲ၊ မွန် ပြည်သူတစ်ရပ်လုံးနှင့်အတူဝိုင်းဝန်းဆန့်ကျင်ရန် တိုက်တွန်းထုတ်ပြန်သည်။