close
Connect with us

Hi, what are you looking for?

သတင်း

အုတ်ဖိုမှာ စစ်ကောင်စီခန့် အုပ်ကြီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးကို သွားရောက်ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ Black Tiger အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီအုပ်ကြီးထွန်းသိန်းဆီကနေ သိမ်းဆည်းရရှိတဲ့ စစ်မှုထမ်းစာရွက်စာတမ်းတွေကို မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ - Black Tiger

စက်တင်ဘာ-၈၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးကို သွားရောက်ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ Black Tiger အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စက်တင်ဘာ ၆ ရက် ည ၇ နာရီခွဲက အုတ်ဖိုမြို့နယ်၊ ကန်သာယာကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးထွန်းသိန်းနှင့် ပျူစောထီးခေါင်းဆောင်လှရွှေဆိုသူတို့ အိမ်ရှေ့ထွက်စကားပြောနေစဥ် Black Tiger တပ်ဖွဲ့မှ ရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

“အုပ်ကြီးက ပျူခေါင်းဆောင်လှရွှေအိမ်ရှေ့မှာ နှစ်ယောက် စကားပြောနေတာကို ဝင်ပစ်တာ။ အုပ်ကြီးထွန်းသိိန်း ခေါင်းကို ကျည် ၃ ချက်မှန်ပြီး သေတယ်”လို့ ပစ်ခတ်မှုအခြေအနေကို Black Tiger တပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပစ်ခတ်ခံရတဲ့ အုပ်ကြီးထွန်းသိန်းဟာ နေရာမှာတင် သေဆုံးသွားပြီး ၎င်းထံမှ စစ်မှုထမ်းစာရွက်စာတမ်းတချို့နဲ့ အခြားစာရွက်စာတမ်းတွေ သိမ်းဆည်းရရှိခဲ့တာကြောင့် မီးရှို့ဖျက်ဆီး ရှင်းလင်းနိုင်ခဲ့တယ်လို့ အဲဒီတာဝန်ရှိသူက ဆက်ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ထွန်းသိန်းဆိုသူဟာ စစ်တပ်ရဲ့အမာခံထောက်တိုင်တစ်ဦးဖြစ်သလို ပြည်သူကို ဖိနှိပ်ဖို့ ပျူစောထီးတွေကို အမိန့်ပေး စေခိုင်းနေသူလည်း ဖြစ်တယ်လို့ Black Tiger တပ်ဖွဲ့က ဆိုပါတယ်။

ပစ်ခတ်ခံရပြီးတဲ့နောက်မှာ ပျူခေါင်းဆောင်လှရွှေဆိုသူဟာ ထွက်ပြေးလွတ်မြောက်သွားပြီး စစ်တပ်သို့ သွားရောက်သတင်းပို့ခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ကန်သာယာရွာမှ ပြန်မဆုတ်မီ လက် နက်ကြီးနဲ့ နှစ်ချက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်ကလည်း အုတ်ဖိုမြို့နယ်၊ ပြည်တော်သာကျေးရွာနေ ပျူစောထီအဖွဲ့ဝင်ပြည်စုံဆိုသူကို တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ မှ ရဲဘော်များက မင်းလှဆည်ဘောင်မှာ ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ တောင်ငူအနီးတွင် ယ​နေ့နံနက်ပိုင်းရစ်ခ်တာစကေး ၅ ဒဿမ၁ အဆင့်ငလျင်လှုပ်သွားပြီးတောင်ငူအပြင် ဖြူး၊ ရေတာရှည်၊အုတ်တွင်းမြို့နယ်များ၌ပါ သိသိသာလှုပ်ရှားသွားသည်။

သတင်း

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များကစက်တင်ဘာ ၂ရက်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲဝင် (၈)ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂)စစ်ဆင်ရေးနယ်မြေ သတင်းပြန်ကြားရေးဌာန တာဝန်ရှိသူက ပြောသည်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ လက်နက်ခဲယမ်းတွေ သွားရောက်သယ်ဆောင်တဲ့ ရဲဘော်တစ်ဦး သတင်း​​ပေး​ကြောင့် စစ်ကောင်စီတပ်က​စောင့်ကြိုပစ်ခတ်ဖမ်းဆီးခံရတာကြောင့် ကျဆုံးသွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ (၂၂)လက်အောက်ခံ ပဲခူးရိုးမရေတာရှည် YPDFမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတင်း

သြဂုတ်-၁၈၊၂၀၂၅။ကျော်ဇော/People’s Spring ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ပဲခူးရိုးမပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်မှာတပ်စွဲထားတဲ့ အထိုင်စခန်းတစ်ခုကို ပူးပေါင်းတပ်ဖွဲ့များနဲ့အတူ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းအချို့ရတဲ့အပြင် စစ်သုံ့ပန်းအချို့လည်းဖမ်းမိခဲ့တယ်လို့ ပြည်ခရိုင် တပ် ရင်း ၃၆၀၁ မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောပါတယ်။ သြဂုတ် ၁၅ ရက်နေ့မနက် ၅...