close
Connect with us

Hi, what are you looking for?

သတင်း

ကျင်ဒွေးမြို့ကို စစ်တပ်ဗုံးကြဲလို့ တံတားလုပ်သား ၉ဦးသေဆုံး

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

(စစ်တပ် ဗုံးကြဲလို့ သေဆုံးသူ စာရင်းနဲ့ ပျက်စီးမှုတွေ။ ဓာတ်ပုံ - ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်)

ဧပြီ ၃၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်ဟာ ဧပြီ ၂၉ရက်မနက်မှာ ကျင်ဒွေးတံတားကို လေကြောင်း တိုက်ခိုက်ခဲ့တာပါ။

CPU/CPAရဲ့ ထုတ်ပြန်ချက်အရ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေထဲမှာ အမျိုးသမီး ၁ဦး၊ အမျိုးသား ၈ဦး ပါဝင်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ လေကြောင်းတိုက်ခိုက်မှုမှာ အရပ်သား သေဆုံးထိခိုက်တာတွေအပြင် စက်ယန္တရားတွေ ပျက်စီးမှု ရှိခဲ့တယ်လို့လည်း CPU/CPAက အသိပေးပါတယ်။ JCB စက်ကြီး (၁) စီး၊ Dayan ကား (၁) စီးနဲ့ KENBO R (၄) စီး တို့ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ပြည်သူတွေအနေနဲ့ နေအိမ်တွေ ၊ စျေးဆိုင်ခန်းတွေမျာ ဗုံးခိုကျင်းတွေ ကတုတ်ကျင်းတွေ အသင့်ထားရှိပြီး လေကြောင်းရန် သတိထားနေထိုင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

ချင်းတပ်ဖွဲ့ CPU/CPAဟာ မင်းတပ်၊ ကန်ပက်လက်၊ ကျင်ဒွေး၊ မတူပီ စတဲ့ ချင်းတောင်ပိုင်းဒေသတွေကို ၂၀၂၄ ကတည်းက မဟာမိတ်တွေနဲ့ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ထားတာပါ။

စစ်တပ်ကလည်း ကျင်ဒွေးအပါအဝင် ချင်းတောင်ပိုင်းကိုမြေပြင်ထိုးစစ် မဆင်နိုင်သေးတဲ့ အခြေအနေမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်လျက်ရှိလို့ အရပ်သားသေဆုံးတာ၊ နေအိမ်အဆောက်အအုံ ပျက်စီးတာတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။

ကျင်ဒွေးလေကြောင်းတိုက်ခိုက်ခံရမှု အခြေအနေနဲ့ပတ်သက်ပြီး CPU/CPA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းအောင်မင်းထံ ဆက်သွယ်ထားဆဲဖြစ်ပါတယ်။

လက်ရှိမှာ စစ်တပ်ဟာ ချင်းတောင်ပိုင်းနဲ့ မကွေး အစပ် ဆောမြို့နယ် ကျောက်ထုဒေသတွေမှာ စစ်ရေးလှုပ်ရှားတာတွေရှိနေပါတယ်။

လတ်တလော စစ်တပ် စစ်ကြောင်းရဲ့ စစ်ရေးလှုပ်ရှားမှုဟာ လတ်တလော အခြေအနေအရ မင်းတပ်မြို့ကို ဦးတည်တာ မဟုတ်ဘူးလို့ သုံးသပ်ရပေမယ့် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်ထားသလို အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်ကြောင်း CPU/CPA ပြောရေးဆိုခွင့်ရှိသူ အဖွဲ့ ဒုဥက္ကဋ္ဌ ဆလိုင်းအောင်မင်းက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြောထားပါတယ်။

မင်းတပ်ဒေသ ချင်းတော်လှန်ရေးတပ်မှူးအချို့နဲ့ ဒေသခံတွေကလည်း လက်ရှိမှာ စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းထက် လေကြောင်းရန်ကို သတိပြုဖို့ နှိုးဆော်ထားပါတယ်။

“ လေကြောင်းတိုက်ခိုက်မှုတွေကိုတော့ ချင်းနဲ့ ယောနယ်အားလုံး အရင်ထက် ပိုဂရုစိုက်ကြပါ။ ဗုံးခိုကျင်း မဖြစ်မနေ တူးကြပါ။ လေယာဉ် သတိပေးချက်ရတာနဲ့ ဗုံးခိုကျင်းထဲ ဝင်တက်တဲ့ အကျင့်လုပ်ထားရင် လေကြောင်းအန္တရာယ်က လွတ်ကင်းပါလိမ့်မယ်။ လေယာဉ်မကြောက်ချင်ယောင်ဆောင်တဲ့ ရောဂါကို ပြင်ကြပါ။ ကြောက်ကြောက် မကြောက်ကြောက် ကိုယ့်တာဝန်က ဗုံးခိုကျင်းထဲ ရောက်နေဖို့ လိုအပ်ပါတယ်။” လို့ CPU/CPA တပ်မှူးတဦးက လူမှုကွန်ရက်မှာ ရေးသားထားပြီး လေယာဉ်ကြောက်စရာ မလိုတော့တဲ့နေ့ ရောက်လာဖို့အတွက် တော်လှန်ရေး အောင်နိုင်မှသာဖြစ်မယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ လမ်းတံတားပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား၉ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။။

သတင်း

တိုက်ပွဲပြင်းထန်နေတဲ့ မြန်မာ-ထိုင်းနယ်စပ်မှာယ​နေ့မနက်ပိုင်းက ထိုင်းဘုရင့်လေတပ်က F-16 တိုက်လေယာဉ် ၂စင်းနဲ့ ကင်းလှည့်နေစဉ် အာဏာသိမ်း မြန်မာစစ်တပ်က နယ်စပ်အနီးကို တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထိုင်းလူမှုကွန်ရက်မှာ ရေးသားနေကြပါတယ်။

သတင်း

မြဝတီမြို့ပေါ်မှာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ မလိုအပ်ဘဲလက်နက်ကိုင်ဆောင်တာမလုပ်ဖို့ တားမြစ်ချက် အပါအဝင် စည်းကမ်းချက် ရှစ်ချက်ကို အာဏာသိမ်းစစ်တပ် က ထုတ်ပြန် တင်းကျပ်လိုက်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ဆီကသိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့ကို ထိန်းချုပ်နိုင်ဖို့အတွက် မြို့အတွင်းရှိနေတဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအနေနဲ့ မလိုအပ်ဘဲ လက်နက်ကိုင်ဆောင်ခြင်း မပြုဖို့ စစ်တပ်က ကန့်သတ်ထုတ်ပြန်လိုက်ပါတယ်။