close
Connect with us

Hi, what are you looking for?

သတင်း

ဘုရားသုံးဆူမြို့ သတ္တုမိုင်းလုပ်ကွက် ဗုံးကြဲခံရ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ရဲ့ မြောက်ဘက် မက္ကသာရွာအနီးရှိသတ္တုခဲမိုင်းလုပ်ကွက်ကို မနေ့ (ဧပြီ ၂၉ ရက်) က အာဏာသိမ်းစစ်တပ် ရဲ့လေတပ်က ဗုံးကြဲ တာကြောင့် ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတ္တုမိုင်းလုပ်ကွက် ဗုံးကြဲခံရပြီးနောက်တွေ့ရပုံ ( ဓာတ်ပုံ - ဒေသခံ )

ဧပြီ – ၃၀ ၊ ၂၀၂၆ ၊နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ရဲ့ မြောက်ဘက် မက္ကသာရွာအနီးရှိသတ္တုခဲမိုင်းလုပ်ကွက်ကို မနေ့ (ဧပြီ ၂၉ ရက်) က အာဏာသိမ်းစစ်တပ် ရဲ့လေတပ်က ဗုံးကြဲ တာကြောင့် ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

ထိုင်း – မြန်မာ နယ်စပ်မြို့ ဖြစ်တဲ့ ဘုရားသုံးဆူမြို့ ၊မက္ကသာရွာ အနီးက သတ္တုလုပ်ကွက် ကို မနေ့ နေ့ခင်း ၂ နာရီခန့်က လေယာဉ်နဲ့ ဗုံးကြဲသွားတာဖြစ်ပြီး သတ္တုလုပ်သားတွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရပေမယ့် သေဆုံး ၊ ဒဏ်ရာရသူဦးရေ အတိအကျ သိရဖို့ စုံစမ်းနေဆဲပါ။

ထိခိုက်ဒဏ်ရာရသူဦးရေဟာ ခန့်မှန်းခြေ ၁၀ ဦးထက်မနည်းရှိနေပြီး ၊ သေဆုံးသူတွေကတော့ ကိုယ် လက် အစိတ်အပိုင်းတွေ ပြတ်တောက်သွားတာကြောင့် ဦးရေ အတိအကျ သိရဖို့ ခက်ခဲနေတယ်လို့ ဒေသခံ တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

သတ္တုလုပ်ကွက်ရှိရာမက္ကသာ ရွာဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ပုံအရ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၊ တပ်မဟာ(၆) ထိန်းချုပ်နယ်မြေထဲမှာ တည်ရှိတာပါ။

အခုနှစ် မတ်လ ၃၁ ရက် ကလည်း မက္ကသာရွာအနီးကို ဒရုန်းနဲ့တိုက်ခိုက်လို့ အမျိုးသမီးနှစ်ဦးသေဆုံးပြီး ကလေးတစ်ဦး ထိခိုက် ခဲ့ပါသေးတယ်။

မက္ကသာကျေးရွာအနီးကသတ္တုခဲမိုင်းလုပ်ကွက်မှာတော့ တရုတ်နိုင်ငံသားတွေပါ ဝင်ရောက်လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။

“ အဲနားတဝိုက်က ပြည်သူတွေက မိုင်းကိုပဲမှီခိုနေရတာ၊ မိုးတွင်းဆို မိုင်းပိတ်ရင် အလုပ်ကမရှိ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

KNU တပ်မဟာ(၆) နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့အနီးဝန်းကျင်တဝိုက်မှာတိုက်ပွဲတွေဖြစ်ပွားတာမရှိပေမယ့် တပ်မဟာ(၆) နယ်မြေထဲကပဲ မြ၀တီမြို့တောင်ပိုင်း က မင်းလက်ပံ ၊ဖလူးဒေသတွေနဲ့ ဝေါ်လေဗျုဟာတွေမှာ KNU ပူးပေါင်းတပ်နဲ့ စစ်တပ်တို့ တိုက်ပွဲအပြင်း အထန် ဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်း - မြန်မာ နယ်စပ်အနီး မြဝတီမြို့တောင်ဘက်ခြမ်းမှာရှိတဲ့ ဝေါ်လေဗျုဟာစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလေတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အဲဒီဗျုဟာအနီးက ထီးသဲလယ်ရွာ တစ်ရွာလုံးနီးပါး ပျက်စီးသွားပြီလို့ ဒေသခံ အချို့ဆီကသိရပါတယ်။

သတင်း

ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးငူရွာကဈေးကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေဗုံးကြဲခဲ့တာ​ကြောင့် ဒဏ်ရာရသူတွေထဲက တစ်ဦး ထပ်မံသေဆုံးသွားပြီးစုစုပေါင်းသေဆုံးသူ ၁၈ဦး ရှိလာပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်က ပေါက်ကန်ဘူတာကျေးရွာမှာ အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရလို့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲက တူးရွင်းဘို့ ကျေးရွာကို မနေ့ ဖေဖော်ဝါရီလ ၁၇ ညပိုင်းလေတပ်ကနေ ဗုံးကြဲ တိုက်ခိုက်တာကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။