Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မဘသနဲ့စစ်အုပ်စုဆန္ဒပြပွဲကို လူမှုကွန်ရက်မှာတင်သူ အမျိုးသမီးဖမ်းဆီးခံရ

ဒီဇင်ဘာလ ၂၁ ရက်က မဟာမုနိဘုရားကြီး ၊၄၅ တာကွင်းမှာ မဘသတွေ နဲ့ စစ်အုပ်စုလိုလားသူတွေက NUG ၊ PDF ကိုအကြမ်းဖက်လို့စွပ်စွဲပြီးဆန့်ကျင် ဆန္ဒပြကြတာပါ။

မဘသနဲ့စစ်အုပ်စုဆန္ဒပြပွဲကို လူမှုကွန်ရက်မှာတင်သူ အမျိုးသမီးဖမ်းဆီးခံရ
မဘသနဲ့စစ်အုပ်စုဆန္ဒပြပွဲကို လူမှုကွန်ရက်မှာတင်သူ အမျိုးသမီးဖမ်းဆီးခံရ

မန္တလေးမှာ မဘသ နဲ့ စစ်အုပ်စုကိုလိုလားသူတွေ ရဲ့ ဒီဇင်ဘာလ ၂၁ ရက်က စုရုံးဆန္ဒပြပွဲကို Tik Tok မှာ တင်ခဲ့တဲ့ အသက် ၂၀ အရွယ် အမျိုးသမီးကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ပါတယ်။

ဒီဇင်ဘာလ ၂၁ ရက်က မဟာမုနိဘုရားကြီး ၊၄၅ တာကွင်းမှာ မဘသတွေ နဲ့ စစ်အုပ်စုလိုလားသူတွေက NUG ၊ PDF ကိုအကြမ်းဖက်လို့စွပ်စွဲပြီးဆန့်ကျင် ဆန္ဒပြကြတာပါ။

အဲဒီဆန္ဒပြပွဲကို ” ဘုရားကြီးမှာ လာပြီးဟောင်နေလေရဲ့” ဆိုတဲ့စာရေးသားပြီး လူမှုကွန်ရက်မှာတင်တဲ့ အမျိုးသမီးကို စစ်ကောင်စီက မနေ့က ဒီဇင်ဘာလ ၂၂ ရက်မှာ ဖမ်းဆီးခဲ့တာပါ။

အမျိုးသမီးငယ်ကို အရပ်ဝတ် စစ်ကောင်စီတပ်သားတွေက ဖမ်းလာတဲ့ ရုပ်သံဖိုင်ကိုလည်း စစ်ကောင်စီလော်ဘီတွေက လူမှုကွန်ရက်မှာ ဖြန့်ဝေနေကြတာတွေ့ရပါတယ်။

အဲဒီအမျိုးသမီးငယ်ဟာ မဟာမုနိဘုရားကြီးနားက သင်္ကန်းတိုက်မှာ အလုပ်လုပ်ကိုင်သူဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာ တွေမှာ နေ့စဉ်ဖော်ပြချက်အရ စစ်အာဏာသိမ်းတာကို လူမှုကွန်ရက်မှာ ဆန့်ကျင်ရေးသားသူ ၂ ဦးထက်မနည်း နေ့တိုင်းဖမ်းဆီးခံနေရပါတယ်။

You May Also Like

သတင်း

မတရားထောင်ဒဏ်ချမှတ်ခံရမှု မတိုင်မီက ရွှေပြည်အေးရွာသား ၁၉ဦးအား သေနတ် ၅လက်ဖြင့် ပြန်လာရွေးရန် စစ်ကောင်စီအကြောင်းကြားမှုရှိခဲ့သည်။

သတင်း

ကျန်တဲ့သူတွေကတော့ လိုင်စင်မရှိဘဲ ကျောက်မျက်ရောင်းဝယ်တဲ့ပုဒ်မ ၅၁(ခ) ၊ပူးပေါင်းကြံစည်မှု ကျောက်မျက်ပုဒ်မ ၅၄ တို့နဲ့စွဲဆိုပြီး ထောင်ဒဏ်တွေချခံရတာပါ။

သတင်း

"အထူးသဖြင့် စစ်ကောင်စီက ကျင်းပပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တုံ့ပြန်မယ့်ကိစ္စဖြစ်တယ်"ဟု ယာယီသမ္မတက ပြောကြားသည်။

သတင်း

ကုမ္ပဏီများသည် စစ်အုပ်စုနှင့် လက်တွဲဖြုတ်ရန် မြန်မာလူထုက ကြီးမားသော ဖိအားပေးနေချိန် နွေဦးတော်လှန်ရေး ကာလအတွင်း ရိုးမဘဏ်ထံမှ IFCက နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။