close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

9/11 အောက်မေ့မှု အခမ်းအနားမှာ အတူဆုံခဲ့တဲ့ ထရမ့်၊ ဟားရစ်နဲ့ ဘိုင်ဒန်

အမေရိကန်ရဲ့ လက်ရှိသမ္မတ၊ ရွေးကောက်ပွဲဝင်မယ့် သမ္မတလောင်း နှစ်ဦးတို့ဟာ 9/11 အကြမ်းဖက်မှု ဖြစ်ရပ်ဆိုးကြီးအတွက် ရှားရှားပါးပါး အခြေအနေအဖြစ် အတူရှိခဲ့ကြပါတယ်။

ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု ရွေးကောက်ပွဲဝင်မယ့် သမ္မတလောင်းလည်းဖြစ်၊ လက်ရှိ ဒုတိယ သမ္မတလည်းဖြစ်တဲ့ ကာမာလာ ဟားရစ်ဟာ ပြိုင်ဘက် ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်နဲ့အတူ နယူးယောက်မှာ 9/11 အောက်မေ့မှု အခမ်းအနားကို တက်ရောက်ခဲ့တာပါ။ သူတို့နှစ်ဦးနဲ့အတူ လက်ရှိ အမေရိကန် သမ္မတ ဘိုင်ဒန်၊ နယူးယောက် မြို့တော်ဝန်ဟောင်း မိုက်ကယ် ဘလွန်းဘာ့ဂ်၊ ထရမ့်ရဲ့ ဒုတိယ သမ္မတလောင်းအဖြစ် ရွေးချယ် ခံထားရသူ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်တို့လည်း 9/11 အကြမ်းဖက်မှုကြီးအတွင်း အနုကြမ်းစီးထားတဲ့ လေယာဉ်တွေနဲ့ ဝင်တိုက်ခံရပြီး ပြိုကျခဲ့တဲ့ ကမ္ဘာ့ကုန်သွယ်ရေး မျှော်စင် အဆောက်အအုံ နေရာမှာ အတူ ရှိနေခဲ့ကြတာ တွေ့ရပါတယ်။

ဟားရစ်နဲ့ ထရမ့်တို့ဟာ ရွေးကောက်ပွဲကြိုမှာ သူတို့နှစ်ဦးကြား ပထမဆုံး စကားစစ်ထိုးပွဲကို ဆင်နွှဲခဲ့ပြီးတဲ့နောက် နယူးယောက်မှာ ပြန်ဆုံခဲ့ကြတာပါ။ ထရမ့်နဲ့ ဘိုင်ဒန်တို့ လက်ဆွဲနှုတ်ဆက်ခဲ့ကြတာ တွေ့ရသလို ဟားရစ်ကလည်း ထရမ့်နဲ့ လက်ဆွဲ နှုတ်ဆက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရွေးကောက်ပွဲ ပြိုင်ဘက်တွေဟာ မီတာတချို့ခြား ရပ်ရင်း ဟားရစ်နဲ့ ထရမ့်ကြားမှာ ဘိုင်ဒန်နဲ့ ဘလွန်းဘာ့ဂ်တို့က နေရာယူရင်း သေဆုံးသူတွေအတွက် အောက်မေ့မှု အခမ်းအနားမှာ ပါဝင်ခဲ့ကြတာ တွေ့ရပါတယ်။

၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့က နယူးယောက်၊ ဝါရှင်တန်နဲ့ ဗားဂျီးနီးယားမှာရှိတဲ့ စစ်ရေး ပစ်မှတ်တွေကို အယ်လ်ကိုင်ဒါ အကြမ်းဖက်သမားတွေက အပိုင်စီးထားတဲ့ ခရီးသည် လေယာဉ်တွေကို အသုံးပြုပြီး အသေခံ ဝင်တိုက်စေခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေအတွင်း ခရီးသည်တွေရဲ့ ပုန်ကန်မှုကြောင့် ဝါရှင်တန်မှာရှိတဲ့ အိမ်ဖြူတော်၊ ဒါမှမဟုတ် လွှတ်တော် အဆောက်အအုံကို ပစ်မှတ်ထားခဲ့တဲ့ တိုက်ခိုက်မှုက မအောင်မြင်ဘဲ ပင်ဆယ်လ်ဗေးနီးယားမှာရှိတဲ့ ကွင်းပြင်တစ်ခုထဲ လေယာဉ် ပျက်ကျခဲ့ပါတယ်။

9/11 ဖြစ်စဉ်ဟာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အမေရိကန် မြေပေါ်မှာ အသေအပျောက် အများဆုံး တိုက်ခိုက်ခံရမှု ဖြစ်လာပြီး လူ ၃၀၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ပါတယ်။ အဲဒီနောက် အမေရိကန်ဟာ အယ်လ်ကိုင်ဒါတွေ ခိုအောင်းနေတဲ့ အာဖဂန် နစ္စတန်ကို စစ်ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခုနှစ် 9/11 အောက်မေ့မှု အခမ်းအနားမှာတော့ သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင် တချို့ဟာ ရွေးကောက်ပွဲဝင် သမ္မတဟောင်း နှစ်ဦးကို လိပ်မူပြီး နိုင်ငံရေး သတင်းစကား တချို့ ပေးပို့ခဲ့ပါတယ်။ အထူးသဖြင့် 9/11 ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေမှာ ဆော်ဒီအာရေးဘီးယားရဲ့ တရားဝင် ပါဝင်လာမှုကို တောင်းဆိုပေးဖို့ ကျန်ရစ်သူ မိသားစုတွေဖက်က ဖိအားပေးကြပါတယ်။ လေယာဉ် အပိုင်စီးခဲ့သူ ၁၉ ဦးထဲမှာ အများစုဟာ ဆော်ဒီနိုင်ငံသားတွေ ဖြစ်ကြပေမယ့်လည်း ဆော်ဒီ အစိုးရကတော့ အခုတိုက်ခိုက်မှုနဲ့ လုံးဝ မပတ်သက်ဘူးလို့ ငြင်းဆိုပြီး ခပ်ကင်းကင်း ရပ်တည်နေခဲ့ပါတယ်။

ဘိုင်ဒန်နဲ့ ဟားရစ်တို့ဟာ နယူးယောက်ရဲ့ အမြွှာမျှော်စင် တည်ရှိခဲ့ဖူးရာ ground zero နေရာအပြင် ဗာဂျီးနီးယားမှာရှိတဲ့ ပင်တဂွန် စစ်ဌာနချုပ်နဲ့ ပင်ဆယ်လ်ဗေးနီးယားမှာ လေယာဉ်ပျက်ကျခဲ့တဲ့ နေရာတွေဆီလည်း သီးခြား သွားရောက်ခဲ့ပါတယ်။ ပင်ဆယ်လ်ဗေးနီးယားမှာတော့ ခရီးစဉ်အမှတ် ၉၃ လေယာဉ် ပျက်ကျတဲ့ နေရာမှာ လွမ်းသူ့ပန်းစည်းတွေချရင်း ကျန်ရစ်သူ မိသားစုတွေကို ဘိုင်ဒန်နဲ့ ဟားရစ်တို့က တွေ့ဆုံ စကားပြောခဲ့ကြပါတယ်။ တစ်ဖက်မှာတော့ ထရမ့်နဲ့ ဗန့်စ်တို့ဟာ 9/11 ဖြစ်စဉ်မှာ ကယ်ဆယ်ရေးတွေ အစွမ်းကုန် ဆောင်ရွက်ခဲ့ရာ နယူးယောက်စီးတီး မီးသတ်ဌာန တစ်ခုဆီ သွားရောက်ခဲ့ပါတယ်။

9/11 ဖြစ်စဉ်ဟာ အမေရိကန်အပေါ် အကြီးအကျယ် ရိုက်ခတ်မှုတွေ ဖြစ်စေခဲ့ပြီး အဲဒီနောက်ပိုင်း အမေရိကန်ရဲ့ နိုင်ငံခြားရေး၊ ပြည်တွင်းလုံခြုံရေး မူဝါဒတွေမှာ ထင်ရှားတဲ့ အပြောင်းအလဲတွေ ရှိလာသလို အမေရိကန် နိုင်ငံသား အများစုဟာ ပြည်ပ အခြေစိုက် အစွန်းရောက် အဖွဲ့အစည်းတွေရဲ့ အန္တရာယ်အပေါ် ပိုပြီး အလေးထား စိုးရိမ်တဲ့ အတွေးအမြင်မျိုး ခိုအောင်းလာခဲ့ကြပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတတွေအတွက် ရည်ရွယ် တည်ဆောက်ထားတဲ့ စီးတော် ရဟတ်ယာဉ် အသစ်ကို ဂျိုးဘိုင်ဒန်က ပထမဆုံးအကြိမ် လိုက်ပါ စီးနင်းခဲ့ပါတယ်။

နိုင်ငံတကာ

ကာမာလာ ဟားရစ်ဟာ အမေရိကန်အတွက် အရမ်းမိုက်တဲ့ သမ္မတမျိုး ဖြစ်လာလိမ့်မယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က ထောက်ခံ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

ထင်ရှားမြင်သာနေပြီး ဖြစ်တဲ့အတိုင်း ကာမာလာ ဟားရစ်ဟာ ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် အမေရိကန် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိသွားပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဒေါ်နယ်လ်ထရမ့်သာ အမေရိကန်မှာ သမ္မတ ပြန်ဖြစ်လာခဲ့မယ်ဆိုရင် နျူကလီးယားလက်နက် ဖျက်သိမ်းရေး ဆွေးနွေးမှုတွေ ပြန်စဖို့ ကင်မ်ဂျုံအန်းက လိုလားနေတယ်လို့ မြောက်ကိုရီးယား ပြည်ပြေး သံအရာရှိ တစ်ဦးက ပြောပါတယ်။

Facebook