close
Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမြို့နယ်ရှိ စျေးများတွင် စစ်တပ် ထုတ်ကုန်မသုံးစွဲရေး လှုံ့ဆော်

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း ကျေးရွာ ၅ရွာရှိ စျေးများတွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ၊ လူထုစည်းရုံးရေးဆပ်ကော်မတီမှ လူငယ်များက စစ်တပ်ထုတ်ကုန် မသုံးစွဲရေး လှုံ့ဆော်မှုကို ယနေ့ (စက်တင်ဘာ ၁၁) နံနက် ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - DDMSC

သုည/People’s Spring

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း ကျေးရွာ ၅ရွာရှိ စျေးများတွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ၊ လူထုစည်းရုံးရေးဆပ်ကော်မတီမှ လူငယ်များက စစ်တပ်ထုတ်ကုန် မသုံးစွဲရေး လှုံ့ဆော်မှုကို ယနေ့ (စက်တင်ဘာ ၁၁) နံနက် ပြုလုပ်ခဲ့သည်။

လူငယ်များက စျေးအတွင်းရှိ လူစည်ကားရာ နေရာအချို့တွင် စစ်တပ်ထုတ်ကုန် Mytel မသုံးစွဲရေး အသိပေးစာများ လိုက်ကပ်ခဲ့ပြီး လှုံ့ဆော်မှုကို ​လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

” မိမိတို့ဝယ်ယူသုံးစွဲရာကနေ အကြမ်းဖက်စစ်ကောင်စီအတွက် စစ်အသုံးစရိတ် မဖြစ်စေနဲ့၊ မိမိတို့ဝယ်ယူသုံးစွဲနေခြင်းက အကြမ်းဖက် စစ်ကောင်စီအတွက် စစ်အသုံးစရိတ် ဖြစ်နေတယ်။ ဒါတွေကို လူထုသိအောင် လှုံ့ဆော်ခြင်း ဖြစ်တယ်”ဟု DDMSC က ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီထုတ်ကုန် အရက်ဘီယာများအပါအဝင် မည်သည့်ပစ္စည်းမျှ သယ်ယူပို့ဆောင်ရောင်းချခြင်း မပြုလုပ်ရန် ဒေသကာကွယ်ရေးအဖွဲ့များက တားမြစ်ထားသည်။

သတင်း

အဆိုပါ ဘီယာဖာများကို အများပြည်သူရှေ့တွင် ဖျက်ဆီးခဲ့ပြီး နောက်နောင်တွင်လည်း စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းများ ဖမ်းဆီးရမိပါက ဖျက်ဆီးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

သတင်း

ယနေ့(ဇွန် ၄ ရက်) နံနက် ၁၁နာရီခန့်က တားမြစ် ထုတ် ကုန်သယ်ဆောင်လာသည့် မော်တော်ယာဥ်ကို ဆောင်ကန်းလမ်းခွဲအနီး ဖယ်ခုံPDFတပ်ရင်း - ၂ ၊ KNDF တပ်ရင်း - ၃တို့က စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သတင်း

TNLA အနေဖြင့် စစ်ကောင်စီထုတ်ကုန်ပစ္စည်းများစာရင်းနှင့် ရောင်းချခြင်း မပြုလုပ်ရန်တားမြစ်စာကို မံစံကျေးရွာရှိ ဈေးဆိုင်တိုင်းတွင် ဖြန့်ဝေကပ်ထားပြီးဆိုင်ရှင်များကိုလည်း အသိပေးထားသည့်အပေါ် ဆက်လက်ရောင်းချနေ၍ အဆိုပါ စစ်ကောင်စီထုတ်ကုန်များကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

Facebook