အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျောက်တော်မြို့ကို စစ်တပ်ဗုံးကြဲ ၃၃ ဦးသေဆုံး၊ ၄၀ ခန့်ဒဏ်ရာရ

AA ထိန်းချုပ်ထားသည့် ကျောက်တော်မြို့ လူစည်ကားသည့် နေရာများ ဗုံးကြဲခံရအပြီး ထိခိုက်၊ သေဆုံးမှု အများအပြား ရှိနေသည်။

အာရက္ခတပ်တော် AA ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို ယနေ့ (စက်တင်ဘာလ ၂၈ ရက်)၊ မွန်းလွဲ ၁၂ နာရီကျော်တွင် အာဏာသိမ်း စစ်တပ်က ဗုံးကြဲခဲ့ရာ အနည်းဆုံး လူ ၃၃ ဦး သေဆုံးပြီး  ၄၀ ဦးခန့် ဒဏ်ရာရရှိသွားကြောင်း သိရသည်။ 

ဂျက်တိုက်လေယာဉ်တစ်စီးက  ကျောက်တော်မြို့ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်နှင့် အိန္ဒိယစျေးဝန်းကျင်တို့ကို  ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံများ၊ စျေးရောင်း၊ စျေးဝယ်သူများ ထိခိုက်ဒဏ်ရာရရှိသွားကြခြင်းဖြစ်သည်။

လတ်တလောစာရင်းအရ သေဆုံးသူ ၃၃ ဦးနှင့် ဒဏ်ရာရရှိသူ ၃၆ ယောက်၏ စာရင်းကိုရရှိထားပြီး သေဆုံး ဒဏ်ရာရရှိသူအရေအတွက် ပိုတိုးလာနိုင်ကြောင်း လူမှုကူညီရေးသမား စာရေးဆရာဝေဟင်အောင်က ပြောသည်။

“ဒီထက် အသေအပျောက်များလာမယ်လို့ပြောတယ်။ စာရင်းက လုပ်နေဆဲကာလမှာတောင် ဒီလောက် တက်လာတယ်လို့ပြောတယ်။ မီးထဲမှာလည်း တချို့ပါသွားတယ်လို့ပြောတယ်။ မီးထဲမှာပါသွားတဲ့ စာရင်းကို မရနိုင်သေး”ဟု ၎င်းက ဆိုသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကစ္ဆပနဒီတံတားအနီးရှိ စျေးရောင်း၊ စျေးဝယ်သူများနှင့် စည်ကားသည့်  အိန္ဒိယစျေးအဝင်ဝကို ဗုံးကျရောက် ပေါက်ကွဲမှုကြောင့် ထိုသို့ အသေအပျောက်များခြင်းဟုလည်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

” လူစုနေတဲ့ နေရာကို ကွက်တိကျသလိုမျိုး ဖြစ်သွားတယ်။ တံတားပေါ်တစ်လုံးနဲ့ စျေးဝကို တစ်လုံးကျတာ။  တံတားလည်း ပျက်စီးသွားတယ်။ တံတားပေါ်က ဖြတ်သွား၊ ဖြတ်လာသွားနေကြသူတွေလည်း သေကြတယ်တဲ့” ဟု ၎င်းကဆိုသည်။

ထို့အပြင် ယနေ့ စက်တင်ဘာလ ၂၈ ရက်၊ နံနက် ၇ နာရီကျော်ကလည်း အဥ္ဇနပူရမြို့(မင်းပြား)နယ်၊ စွန်ရဲရွာကိုလည်း လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး နှစ်ဦးအပါအဝင် ဒေသခံ ကိုးဦး ဒဏ်ရာရရှိသွားသည်။

အလားတူ ယနေ့၊ နေ့လယ် ၁၂ နာရီ ၃၅ မိနစ်အချိန်ခန့်တွင်လည်း သံတွဲမြို့နယ် ငပလီကို  ဂျက်တိုက်လေယာဉ် တစ်စီးဖြင့် ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည်။ ထိုဗုံးကြဲမှုကြောင့် ထိခိုက်မှု အခြေအနေကို မသိရသေးပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles