Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သောင်ရင်းမြစ်ရေ တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ရောက်နိုင်

မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ဒီကနေ့ မြဝတီမြို့က အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွါးခဲ့ပြီး ရပ်ကွက်နေပြည်သူတွေတချို့ဟာ စာသင်ကျောင်းတွေမှာ ယာယီခိုလှုံနေရတယ်လို့ သိရပါတယ်။

မုန်တိုင်းအရှိန်ကြောင့် ကရင်ပြည်နယ်အတွင်း မိုးဆက်တိုက်ရွာသွန်းခဲ့ပြီး သောင်ရင်းမြစ်ရေဟာ နောက် ၁ ရက်အတွင်း မြဝတီမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ မိုးဇလက သတင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ မေ ၂၁ ရက်ည ၆ နာရီခွဲအချိန်က မိုးဇလရဲ့တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ မြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၅ ပေခန့်မှာရောက်ရှိနေပြီး အဆိုပါမြစ်ရေဟာ နောက် ၁ ရက်အတွင်းမှာ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တာပါ။

ဒါကြောင့် မြဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ မိုးဇလက အကြံပြုထားပါတယ်။

မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ဒီကနေ့ မြဝတီမြို့က အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွါးခဲ့ပြီး ရပ်ကွက်နေပြည်သူတွေတချို့ဟာ စာသင်ကျောင်းတွေမှာ ယာယီခိုလှုံနေရတယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်က ဘားအံ မြဝတီ ကော့ကရိတ် ပိုင်ကျုံမြို့တွေမှာ မိုးရေချိန်လက်မ များပြားတယ်လို့ မိုးဇလက ဆိုထားပါတယ်။

မြဝတီမြို့ရဲ့တစ်ဖက်ခြမ်း ထိုင်းနိုင်ငံ တာ့ခရိုင် မဲဆောက် မဲလမတ် ဖုတ်ဖရ အုန်းဖျန်စတဲ့ မြို့နယ်တွေမှာလည်း ရေကြီးရေလျှံမှုတွေ မြေပြိုတာတွေဖြစ်နေတာဖြစ်ပါတယ်။

ဒီလို မိုးဆက်တိုက်ရွာသွန်းပြီး သောင်ရင်းမြစ်ရေထပ်တက်လာပါက မြစ်အနီးမှာ ယာယီခိုလှုံနေထိုင်ရတဲ့ စစ်ဘေးရှောင်တွေအတွက် အခက်ပိုမိုကြုံရနိုင်တယ်လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။

Click to comment

Leave a Reply

Your email address will not be published.

Facebook

You May Also Like

သတင်း

"သောင်ရင်းမြစ်ရဲ့ ထိုင်းဘက်ခြမ်း မှာနေတာ။ မြန်မာဘက်ခြမ်းနေရင် စိတ်မချရလို့ပေ့ါ။ မနေ့က တိုက်ပွဲဖြစ်တာ အမျိုးသမီးတစ်ယောက်သေသွားတယ်လေ”ဟု ကရင်အမျိုးသားမီဒီယာမှ ကိုမန်းမျိုးမြင့်က ပြောသည်။

သတင်း

သောင်ရင်းမြစ်ဘေးရှိ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်လည်း ရေကြီးရေလျှံမှုဖြစ်နေ၍ အဆိုပါမြို့အတွက် ထိုင်းအာဏာပိုင်များက သတိပေးထုတ်ပြန်ချက်များထုတ်ပြန်ထားသည်။ မိုးဇလ၏ယနေ့နံနက် ၇နာရီထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ် သုံလေအလွန်းကောင်းနေသည်ဟု ဆိုသည်။

သတင်း

သောင်ရင်းမြစ်ရေဟာ နောက် ၁ ရက်အတွင်း မြ၀တီမြို့ရဲ့စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တဲ့အတွက် မြ၀တီမြို့နယ်အတွင်းက မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းမှာ နေထိုင်တဲ့သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ မိုးဇလက သတိပေးထုတ်ပြန်ထားပါတယ်