Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းနှစ်ခုဖြင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေ

တိုက်ပွဲများအတွင်းတွင် မဟာမိတ်တော်လှန်ရေးအင်အားစုများ စုပေါင်းတိုက်ခိုက်မှုကြောင့် ပြည်သူများ အားတက်ဖွယ် အောင်မြင်မှုများရှိခဲ့သလို တော်လှန်ရေးအင်အားစုများဖက်မှလည်း ရဲ​ဘော်တစ်ဦးကျဆုံး၊ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

(ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းရှိ ​ကျေးရွာတစ်ရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားခဲ့စဥ်။)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းနှစ်ခုဖြင့် ထိုးစစ်ဆင်နေပြီး ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားနေကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်များသည် မေလ ၁၇ရက်မှစတင်ကာ ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ဒေသတွင်း တိုက်ပွဲများအတွင်း အကြမ််းဖက်စစ်တပ်ဘက်မှ သေဆုံးမှုများရှိကြောင်း၊ တော်လှန်ရေးအင်အားစုများဖက်မှလည်း တစ် ဦးကျဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

(ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းရှိ ​ကျေးရွာတစ်ရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားခဲ့စဥ်။)

ထို့အပြင် အကြမ်းဖက်စစ်တပ်သည် ကျေးရွာများအား ဆက်တိုက် မီးရှို့ဖျက်ဆီးနေကြောင်း ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

Public Service Announcement

“စစ်ကြောင်းက နှစ်ကြောင်း၊ တစ်ကြောင်းက ရေဦးကနေဝင်လာတာ။ အင်အားကတော့ စစ်ကြောင်းနှစ်ခုပေါင်းရင် ၁၅၀လောက်ရှိမယ်။ ဒီပဲယင်းမြို့နယ်ထဲဝင်ကတည်း က အခုဆို ရွာခုနစ်ရွာလောက်ကို ဝင်ပြီးသွားပြီ။ မီးရှို့တာကတော့ဝင်တဲ့ ရွာတိုင်းနီးပါးမှာ ရှို့တယ်၊ ဘယ်နှစ်အိမ်လောက်ရှို့တယ်ဆိုတာတော့ အတည်ပြုလို့ မရသေးဘူး။ နောက်တစ်ကြောင်းကတော့ ဒီပဲယင်းကနေထွက်လာပြီး ခွင့်တောင်းရွာကိုဝင်တာ။ အဲဒီစစ်ကြောင်းကတော့ ခွင့်တောင်းရွာမှာ ပြည်သူအိမ်နှစ် အိမ်နဲ့ ကောက်ရိုးပုံ တစ်ပုံကို မီးရှို့ခဲ့တယ်။ အဲဒီကနေ ပင်စည်ရွာကို သွားတယ်။ အခုထိ ပင်စည်ရွာမှာ ရှိနေတုန်းပဲ”ဟု ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

မေလ ၁၉ ရက်ကလည်း ဒီပဲယင်းမြို့နယ် ပေါက်သာရွာမှ စစ်ဘေးရှောင်လာသည့် ပြည်သူများအား အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် သုံးချက်ပစ်ခတ်သည့်အတွက် စစ်ဘေးရှောင်ပြည်သူ အမျိုးသား ငါးဦး သေဆုံးခဲ့ရပြီး ​လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူ ​လေးဦးအနက် နှစ်ဦးမှာဒဏ်ရာပြင်းထန်ကြောင်း ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

၎င်းအကြမ်းဖက်အဖွဲ့အား ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရွှေဘိုခရိုင်တပ်ရင်း(၁၂)သည် အခြားသော မဟာမိတ် တပ်ရင်း တပ်ဖွဲ့များ၊ Local Squad များ၊ မြို့နယ်၊ ကျေးရွာ (ပကဖ)များနှင့်အတူ အကြမ်းဖက်စစ်ကြောင်းကို တွန်းလှန်တိုက်ခိုက်နေသည်။

(ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းရှိ ​ကျေးရွာတစ်ရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားခဲ့စဥ်။)

တိုက်ပွဲများအတွင်းတွင် မဟာမိတ်တော်လှန်ရေးအင်အားစုများ စုပေါင်းတိုက်ခိုက်မှုကြောင့် ပြည်သူများ အားတက်ဖွယ် အောင်မြင်မှုများရှိခဲ့သလို တော်လှန်ရေးအင်အားစုများဖက်မှလည်း ရဲ​ဘော်တစ်ဦးကျဆုံး၊ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရွှေဘိုခရိုင် တပ်ရင်း (၁၂)သည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးနှင့် ရဲဘော်များ၏ စစ်ဆင်ရေး လုံခြုံရေးများအတွက် စစ်ရေးသတင်းများကို အကန့်အသတ်ဖြင့်သာ ထုတ်ပြန်သွားမည်ဟု အသိပေးထားသည်။

Click to comment

Leave a Reply

Your email address will not be published.

Facebook

You May Also Like

သတင်း

PDF(မန္တလေး)မှ ရဲဘော်အာကာစိုး(ခ) မိစိုးသည်လည်း စစ်မြေပြင်၌ အာဇာနည်သူရဲကောင်းပီသစွာ အသက်ပေးသွားခဲ့ရကြောင်း၊ မြင့်မြတ်စွာ အသက်ပေးလှူခဲ့သော ရဲဘော်အာကာစိုးအား ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးမှ အစဉ်ဂုဏ်ယူအောက်မေ့နေမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

မေးမြန်းခန်း

စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုပများဆုံးခံရ​သော​ဒေသမှာစစ်ကိုင်းတိုင်းဖြစ်ပြီး ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ဧပြီလကုန်အထိ့ Data For Myanmar ပြုစုထား​သောစာရင်းအရ နိုင်ံတစ်ဝန်း​နေအိမ်​ပေါင်း ၁၁,၄၀၀ ​ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရ ရာတွင် စစ်ကိုင်းတိုင်းမှာ ၇၅၀၀ ​ကျော်ရှိခဲ့သည်။

သတင်း

နပတ DRONE တပ်ရင်းမှလည်း YRPA နှင့်အတူ ပူးပေါင်း ပါဝင် တိုက်ခိုက်ခဲ့ခြင်း၊ PDF တပ်ပေါင်းစုမှ နယ်မြေကျွမ်းကျင်ခြင်းနှင့် ပြောက်ကျားစစ်၏ သဘောသဘာ၀အရ ရဲဘော် ၁ ဦးသာ လက်နက်ကြီး ထိမှန်ဒဏ်ရာရခဲ့သည်ဟု အသိပေးထားသည်။

သတင်း

အကြမ်းဖက် စစ်တပ်၏ လုပ်ရပ်များကို လက်မခံတော့သည့် စစ်သားနှင့်ရဲများသည် စစ်တပ်ရှေ့ တန်းစခန်းများမှ ထွက်ပြေးကြပြီး နီစပ်ရာ ပြည်သူများမှတဆင့် ပြည်သူ့ရင်ခွင်သို့ဆက်သွယ်ကာ CDM လုပ်ပေးရန် ပြောဆိုမှုများကြောင့် ကသာမြို့နယ် ပြည်သူ့ရင်ခွင်သို့ ရောက်ရှိခိုလှုံလာသော CDM ရဲနှင့်စစ်သား ၆၁ဦးရှိလာပြီဟု ကသာ ပကဖက အသိပေးထားသည်။