Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နယ်မြေအတွင်း ဝင်ရောက်စွက်ဖက်နှောက်ယှက်တာတွေရပ်တန့်ဖို့ စစ်ကောင်စီတပ်ကို KNU သတိပေး

တပ်မဟာ ၂ ထုတ်ပြန်ချက်ထဲမှာ အထူးသဖြင့် စစ်ကောင်စီရဲ့ စကခ(၂၀) ဗိုလ်မှူးချုပ်ကိုကိုလွင်ဟာ ကေအဲန်ယူရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ ဝင်ရောက်စွက်ဖက်နှောင့်ယှက်မှုတွေကို ရပ်တန့်ဖို့ အထူးသတိပေးပြီး စစ်ကောင်စီအနေနဲ့ ဒီလိုလုပ်ရပ်မျိုးဆက်လက်လုပ်ဆောင်ပါက နောင်ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေကို တာဝန်ယူသွားမှာမဟုတ်ဘူးလို့ ပါရှိပါတယ်။

People's Spring
People's Spring

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တောအူး(တောင်ငူ)ခရိုင် တပ်မဟာ ၂ နယ်မြေအတွင်းမှာ ဒေသခံပြည်သူလူထုနဲ့ ကေအဲန်ယူအုပ်ချုပ်ရေးအပေါ် နည်းမျိုးစုံနဲ့ ဝင်ရောက်စွက်ဖက်နှောင့်ယှက်နေတဲ့ စစ်ကောင်စီတပ်အပေါ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၂ က သတိပေး ထုတ်ပြန်လိုက်ပါတယ်။

တပ်မဟာ ၂ ထိန်းချုပ်နယ်မြေ တောင်ငူခရိုင်ထဲမှာ စစ်ကောင်စီတပ်ဟာ သွားလာနေတဲ့ပြည်သူလူထုအပေါ် နှောင့်ယှက်ဟန့်တားပြီး စစ်ဆေးမှုတွေလုပ်ဆောင်နေတာကြောင့် ဒီလုပ်ဆောင်မှုအပေါ် ရပ်တန့်ဖို့၊ ကေအဲန်ယူရဲ့ အုပ်ချုပ်ရေးလုပ်ငန်းနဲ့ ဌာနဆိုင်ရာလုပ်ငန်းတွေကို စစ်ကောင်စီက ဝင်ရောက်စွက်ဖက်နှောင့်ယှက်တာတွေ မလုပ်ဖို့ KNLA တပ်မဟာ ၂ က အသိပေးထုတ်ပြန်ထားတာပါ။

“ဒေသခံပြည်သူလူထုရဲ့ကားကို​ချောဆွဲတယ် ခိုင်းစားတယ်။ ကေအဲန်ယူအမြဲလုပ်နေတဲ့ အုပ်ချုပ်ရေးလုပ်ငန်းမှန်သမျှကို အဟန့်အတား နည်းမျိုးစုံနဲ့လုပ်လာခဲ့တယ်။ ပြီးတော့လည်း ပြည်သူလူထုရဲ့ စားဝတ်နေရေး အသွားအလာအပေါ်မှာလည်း မှတ်ပုံတင်စစ်တယ်”လို့ KNLA တပ်မဟာ ၂ တပ်မဟာမှူးဖြစ်သူက ပြောပါတယ်။

တပ်မဟာ ၂ ထုတ်ပြန်ချက်ထဲမှာ အထူးသဖြင့် စစ်ကောင်စီရဲ့ စကခ(၂၀) ဗိုလ်မှူးချုပ်ကိုကိုလွင်ဟာ ကေအဲန်ယူရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ ဝင်ရောက်စွက်ဖက်နှောင့်ယှက်မှုတွေကို ရပ်တန့်ဖို့ အထူးသတိပေးပြီး စစ်ကောင်စီအနေနဲ့ ဒီလိုလုပ်ရပ်မျိုးဆက်လက်လုပ်ဆောင်ပါက နောင်ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေကို တာဝန်ယူသွားမှာမဟုတ်ဘူးလို့ ပါရှိပါတယ်။

“စစ်ရေးကတော့ သူတို့အပေါ်မှာပဲမူတည်တယ်။ သူတို့ထဲမှာ တာဝန်အများကြီးရှိတယ်။ တကယ်ကျနော်တို့တောင်းဆိုတဲ့အပေါ်မှာလည်း အမှန်တရားပဲတောင်းဆိုတာ” လို့ KNLA တပ်မဟာ ၂ တပ်မဟာမှူးက ဆိုပါတယ်။

လတ်တလော ကေအဲန်ယူ တောင်ငူခရိုင် တပ်မဟာ ၂ ထိန်းချုပ်နယ်မြေထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီး တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေမှာ လုံလောက်မှုမရှိလို့ အခက်အခဲတွေကြုံဆုံနေရတယ်လို့ တပ်မဟာမှူးရဲ့ ပြောကြားချက်အရ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"ဂျက်ဖိုက်တာနှစ်စီးနဲ့လာပစ်တာ။ဗုံးတွေလည်းချသွားတယ်။ အရပ်သားတွေ ဦးတည်ရာပြေးနေရတယ်" ဟု ဇွန် ၃ ရက်ညနေ လေးနာရီခန့်အခြေအနေကို ဒေသခံတစ်ဦးက People's Spring ထံ ဆက်သွယ်ပြောကြားသည်။

သတင်း

စစ်ကိုင်းခရိုင် တပ်ရင်း (၁) နှင့် မိုးကြိုးပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ဦးကျော်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း (၁) ကပြောသည်။

သတင်း

စစ်ကောင်စီဖက်မှ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

“တိုက်ပွဲက ဆယ်ဂဏန်းအထိရှိတာပဲ မေလတစ်လမှာ။ သူတို့ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတာ ၃၀ပတ်ဝန်းကျင်လောက်ရှိမယ်”ဟု ၎င်းက ဆိုသည်။