Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

CRPHဥက္ကဌ ဦးအောင်ကြည်ညွန့် Internaltional IDEA အကြီးအကဲကို လက်ခံတွေ့ဆုံ

တွေ့ဆုံစဉ် လက်ရှိမြန်မာနိုင်ငံရေး အခြေအနေများ၊ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ပေါ်ပေါက်လာရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲမှုဖြစ်စဉ်ဆိုင်ရာကိစ္စရပ်များ၊ ဖက်ဒရယ် ဒီမိုကရေစီ ပဋိဉာဉ်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

CRPHဥက္ကဌ ဦးအောင်ကြည်ညွန့်, Internaltional IDEA အကြီးအကဲ
CRPHဥက္ကဌ ဦးအောင်ကြည်ညွန့်, Internaltional IDEA အကြီးအကဲ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့်သည် Internaltional IDEA(နိုင်ငံတကာ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲအထောက်အကူပြုဆိုင်ရာ အင်စတီကျု့) အစီအစဉ်အကြီးအကဲ မစ္စတာမားကပ်ဘရန့်ဒ်အား ယနေ့ လက်ခံတွေ့ဆုံကြောင်း သတင်းထုတ်ပြန် သည်။

တွေ့ဆုံစဉ် လက်ရှိမြန်မာနိုင်ငံရေး အခြေအနေများ၊ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ပေါ်ပေါက်လာရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲမှုဖြစ်စဉ်ဆိုင်ရာကိစ္စရပ်များ၊ ဖက်ဒရယ် ဒီမိုကရေစီ ပဋိဉာဉ်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ထို့အပြင် IDEA သည် လက်ရှိကြားကာလလွှတ်တော်လုပ်ငန်းစဉ်များအပေါ် ကူညီပံ့ပိုးမှုဆောင်ရာ ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

International IDEA သည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် နားလည်မှုစာချွန်လွှာ(MOU) သက်တမ်းတိုး ရေးထိုး၍ လွှတ်တော်ဖွံ့ဖြိုး‌‌ရေး အထောက်အကူပြုလုပ်ငန်းများကို စဉ်ဆက်မပြတ်ကူညီပံ့ပိုးနေသော မိတ်ဖက်အဖွဲ့အစည်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

News

ရခိုင်တိုင်းရင်းသားများသည် လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် စစ်ဘေးစစ်ဒဏ်ကို ခါးသီးစွာ ခံစားခဲ့ကြရပြီး ဒေသဖွံ့ဖြိုးမှုတို့ နောက်ကျခဲ့ရကာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူ ညီမျှမှုနှင့် လွတ်လပ်မှုတို့အတွက် တစ်မျိုးသားလုံးက စည်းလုံးစွာ ဖိနှိပ်မှုအမျိုးမျိုးကို ရဲရဲဝံ့ဝံ့ တွန်းလှန်ခဲ့ကြကြောင်း CRPH၏ သဝဏ်လွှာ၌ ဖော်ပြသည်။

News

KNU အဖွဲ့ဆိုလျင် ၎င်းငြိမ်းချမ်းရေးဖိတ်ခေါ်သည့် ဧပြီ ၂၂ရက်ကတည်းက စစ်ကောင်စီခေါင်းဆောင် ၏ ဖိတ်ခေါ်ချက်ကို လက်မခံကြောင်း တုံ့ပြန်ခဲ့ပြီး နောက်ပိုင်းတွင်လည်း ကြေညာချက်ထုတ်ပြန်ပြီး မတက်ရောက်နိုင်ကြောင်း တုံ့ပြန်ခဲ့သည်။

News

ဥပဒေစိုးမိုးမှု ပြန်လည်ရရှိရေး၊ နိုင်ငံရေးအကျဉ်းသား ၉၀၀၀ ကျော် ပြန်လည်လွတ်မြောက်ရေး၊ ပြည်သူ ၁၀၀ ကျော် သေဒဏ်ချမှတ်ခံထားရမှု ဖျက်သိမ်းပေးရေးစသည့် CRPH ၏ တောင်းဆို တိုက်တွန်းချက်များကို ထောက်ခံကြောင်း သဝဏ်လွှာ၌ ဖော်ပြသည်။

News

ပြည်သူ့ရဲတပ်ဖွဲ့ကို CDM ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်ဟောင်းများ၊ ပြည်သူ့ရဲတပ်ဖွဲ့ တွင် ဝင်ရောက်တာဝန်ထမ်းလိုသည့် ပြည်သူ့လုံခြုံရေးအဖွဲ့နှင့် ရပ်ရွာအတွင်း အကျင့်စာရိတ္တ ကောင်းမွန်သည့် ပြည်ထောင်စုသားများဖြင့် ဖွဲ့စည်းရမည်ဟု ဥပဒေ၌ ပါရှိသည်။