Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပခုက္ကူမြို့နယ်နှင့် ပျူအဖွဲ့တစ်ဖွဲ့ကိုBCFကမိုင်းခွဲတိုက်ခိုက်

ပြည်သူများအနေဖြင့် ဒေသတွင်း PDFများ၏ ထုတ်ပြန်ချက်များအား အလေးအနက်ထားလိုက်နာပေးကြပါရန် Black cobra force pakokku (BCF) အဖွဲ့က တိုက်တွန်းထားသည်။

(စစ်ကိုင်းတိုင်းတွင်အကြမ်းဖက်စစ်တပ်ကပျူစောထီးများအားစစ်သင်တန်းသင်ကြားနေသည်ကိုတွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(စစ်ကိုင်းတိုင်းတွင်အကြမ်းဖက်စစ်တပ်ကပျူစောထီးများအားစစ်သင်တန်းသင်ကြားနေသည်ကိုတွေ့ရစဥ်။ ဓါတ်ပုံ-CJ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ပျူစောထီးခေါင်းဆောင်နှင့်အဖွဲ့အား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Black cobra force pakokku (BCF)အဖွဲ့က ပြောသည်။

ယမန်နေ့ ​(ဇွန်လ ၄ ရက်) မွန်းလွဲ ၂နာရီ၁၃မိနစ်ခန့်က မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ် လယ်ယာရွာနှင့် ကံလှရွာကြားတွင် ပျူစောထီးအဖွဲ့ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပျူခေါင်းဆောင်စန်းသော်ဦးဆောင်သည့်အဖွဲ့ဖြစ်ပြီးထိခိုက်မှုအခြေအနေကို ဆက်လက်စုံစမ်းကြောင်းပခုက္ကူအ​ခြေစိုက် Black cobra force pakokku (BCF) အဖွဲ့က ပြောသည်။

ပြည်သူများအနေဖြင့် ဒေသတွင်း PDFများ၏ ထုတ်ပြန်ချက်များအား အလေးအနက်ထားလိုက်နာပေးကြပါရန် Black cobra force pakokku (BCF) အဖွဲ့က တိုက်တွန်းထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ Black cobra force pakokku (BCF) အဖွဲ့က ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ထုတ်ပြန်ချက်များအား မလိုက်နာသည့် ပြည်သူများကြောင့် ၎င်းတို့အဖွဲ့အပါအဝင် Pdfအဖွဲ့ များ၏ ဖျက်သိမ်းလိုက်ရသည့် စစ်ဆင်ရေးများရှိကြောင်း၊ နောက်လာမည့်စစ်ဆင်ရေးများတွင်စည်းကမ်းမလိုက်နာသည့် ပြည်သူများအား လျစ်လျူရှုတော့မည်ဖြစ်ကြောင်း Black cobra force pakokku (BCF) အဖွဲ့ကသတိပေးထားသည်။

ယမန်နေ့က စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင်လည်း ခရီးသွားပြည်သူများအား သေနတ်ပြခြိမ်းခြောက်ငွေညှစ်နေသည့် ပျူစောထီးနှစ်ဦးအား သုတ်သင်ရှင်းလင်းခဲ့ကြောင်း Monywa Satan အဖွဲ့နှင့် မုံရွာ PDFတို့က သတင်းထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

စစ်ကောင်စီတပ်မှ အင်အား ၁၀၀ကျော်ပါဝင်သည့် အဖွဲ့သည် ဇွန်လ ၃ရက် ညနေပိုင်းက ညောင်ပင်တပ်စခန်းသို့ ရောက်ရှိပြီး ဇွန်လ ၄ရက်နံနက်၌ တုန်ဖုန်းကား (၃)စီးဖြင့် ထပ်မံစစ်ရေးလှုပ်ရှားလာစဉ် KIAက ​လေးကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

ပြည်သူများအ​နေဖြင့် စစ်​ကောင်စီတပ်များ ၊ရဲများ စ​သောစစ်​​ကောင်စီ​ထောက်တိုင်များနှင့်​ဝေး​ဝေး​နေရန် MPDF ကအသိ​ပေးသည်။

သတင်း

အိမ်ခြေ ၂၀၀ကျော်ရှိသည့် အဆိုပါရွာတွင် NLD ပါတီအားပေးသူနှင့် ပြည်ခိုင်ဖြိုးပါတီအားပေးသူ ထက်ဝက်ခန့်စီရှိရာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ပြည်ခိုင်ဖြိုးပါတီဝင်များကို သင်တန်းပေးပြီး လက်နက်တပ်ဆင် (ပျူစောထီးအဖြစ်ဖွဲ့စည်း) ပေးထားသည်ဟု ဆိုသည်။

သတင်း

တိုက်ခိုက်မှု​ကြောင့်စစ်ကောင်စီတပ်ဘက်က သေဆုံးမှုများနိုင်သည်ဟု ဧရာနဂါးညီနောင်ပြည်သူကာကွယ်ရေးပြောက်ကျားတပ်က ထုတ်ပြန်ထားသည်။တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ကသေနတ်ဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်းသိရသည်။