Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလဲ – ဂန့်ဂေါလမ်းတွင် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ကားတစ်စီးပျက်စီး

တိုက်ခိုက်ရာတွင် ရှေ့ထွက်မိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မိုင်းနှစ်လုံးပေါက်ကွဲပြီး စစ်ကောင်စီယာဥ်တန်းမှ ကားတစ်စီးပျက်စီးသွားကာ ငါးဦးထက်မနည်းထိခိုက်ဒဏ်ရာရသွားပြီး အသေအပျောက်မသိရသေးကြောင်း ထုတ်ပြန်သည်။

YPDF
YPDF

ဂန့်ဂေါမြို့ဘက်သို့ ဦးတည်ထွက်လာသော စစ်ကောင်စီတပ်ယာဥ်တန်းကို ပုလဲ – ဂန့်ဂေါလမ်းပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဇွန် ၆)ထုတ်ပြန်သည်။

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF (YRPA)) တပ်ရင်း (၁) ၊ တပ်ခွဲ (၂) မှ ရဲဘော်များနှင့် ကျေးရွာကာကွယ်ရေးပူးပေါင်းအဖွဲ့သည် ယမန်နေ့(ဇွန် ၅)ညနေပိုင်းက ဂန့်ဂေါမြို့သို့ ဦးတည်လာသော စစ်ကောင်စီယာဉ်တန်းကို ပုလဲ – ဂန့်ဂေါလမ်း မဲရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်ရာတွင် ရှေ့ထွက်မိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မိုင်းနှစ်လုံးပေါက်ကွဲပြီး စစ်ကောင်စီယာဥ်တန်းမှ ကားတစ်စီးပျက်စီးသွားကာ ငါးဦးထက်မနည်းထိခိုက်ဒဏ်ရာရသွားပြီး အသေအပျောက်မသိရသေးကြောင်း ထုတ်ပြန်သည်။

“သေဆုံးမှုအခြေအနေကိုတော့ မသိရသေးပါ။ ကားပေါ်ကနေ အော်ဟစ်ငြီးညူသံများ ကြားခဲ့ရသလို မိုင်းကွဲပြီး သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်မှုများလည်း ရှိခဲ့ပါသည်”ဟု YPDF(YRPA)က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ၎င်းတို့ယာဥ်တန်းဖြတ်သန်းသွားလာသည့် ကားလမ်းတစ်လျှောက် နေအိမ်များအား မီးရှို့ဖျက်ဆီးသွားပြီး ဒေသခံပြည်သူငါးဦးကိုလည်း ဖမ်းဆီးသွားကြောင်း အသိပေးသည်။

ပထဝီအနေအထားအရ အချက်အချာကျ အရေးပါသော ယောဒေသကို စစ်ကောင်စီတပ်က မြေပြင်၊ ဝေဟင်ပေါင်းကာ အကြီးအကျယ် ထိုးစစ်ဆင်လျှက်ရှိသည်။

ယမန်နေ့ ညနေပိုင်းက ဂန့်ဂေါမြို့သို့ ရောက်ရှိလာသော စစ်ကောင်စီတပ်ယာဥ်တန်းမှာ ယနေ့ နံနက်ပိုင်းတွင် လာရာလမ်းအတိုင်း နောက်ကြောင်း ပြန်လှည့်သွားကြောင်း သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ဘုန်းကြီးကျောင်း မီးလောင်သည်ကို ဒေသခံများက မီးငြှိမ်းသတ်မှုအ​ပေါ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးရိုက်နှက်ခြင်းဖြစ်သည်။

သတင်း

ဒဏ်ရာရရှိသွားတဲ့ စောသန်းလေးကို နီးစပ်ရာပြည်သူတွေက သထုံပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပြီး ဆေးဝါးကုသပေးခဲ့ပေမယ့် နောက်နေ့ ဇွန်လ (၃) ရက်နေ့ မနက်အစောပိုင်းမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သတင်း

စစ်ကောင်စီ တပ်စွဲထားသော ပြည်ခိုင်ဖြိုးရုံး၊ စခန်းလိုင်းခန်း၊ ဘောလုံးကွင်းဖ indoor စခန်းဘန်ကာများ ကင်းပုန်းရှိရာနေများ မြို့နယ်မှူးအိမ်ယာ နှင့်တခြားနေရာများသို့ အသီးသီး လက်နက်ကြီးများ ထိမှန် ကျရောက်ခဲ့သည်ဟု SPDFက ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် ဇွန်လ ၁ရက်မှစကာ လက်နက် ကြီးများဖြင့် နေ့စဉ် အဆက်မပြတ်ပစ်ခတ်နေကြောင်း၊ ထို့ကြောင့် ဝီယော်၊ သုံးအိမ်စု၊ ထုံးဘိုလေး၊ ထုံးဘိုကြီး ရွာများမှ ဒေသခံများ တိမ်းရှောင်နေရကြောင်း ဖော်ပြထားသည်။