Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် အရပ်ဝတ်ဖြင့်လာသော စစ်ကောင်စီတပ် ကားနှစ်စီးတိုက်ခိုက်ခံရ၊ အရာရှိအပါအဝင် လေးဦးသေ

“ကျွန်တော်တို့ သတင်းရတယ်ဆိုတာနဲ့ စကစတွေရဲ့ကားဟုတ်၊မဟုတ် အသေအချာစိစစ်ပြီး သေချာပြီဆိုမှ အခုလိုဆွဲလိုက်ပါ”ဟု FRF(CHU)၏တာဝန်ခံ ဗိုလ်ဒေါင်းမင်းက ပြောသည်။

Farmers Revolution Force FRF (CHU)
Farmers Revolution Force FRF (CHU)

မုံရွာ – မန္တလေးလမ်းပိုင်းတွင် အရပ်ဝတ်ဖြင့်မောင်းနှင်လာသော စစ်ကောင်စီတပ်မှ ကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Farmers Revolution Force FRF (CHU)က ယနေ့(ဇွန် ၇) ထုတ်ပြန်သည်။

စစ်ကိုင်းမြို့မှ မုံရွာ – မန္တလေး လမ်းမကြီးအတိုင်းထွက်ခွာလာသော အရပ်ဝတ်စစ်ကောင်စီတပ်သားများမောင်းနှင်လာသည် Prado အနက်ရောင် အရာရှိကားနှစ်စီးကို ယနေ့ နေ့လယ် ၂ နာရီခွဲခန့်က ချောင်းဦးနှင့် မြင်းမူမြို့ကြားတွင် Farmers Revolution Force FRF (CHU) တပ်ရင်း၊ မြောင်မြို့နယ်တော်လှန်ရေးတပ် (MRA)နှင့် ဗန္ဓုလညီနောင်တော်လှန်ရေးအင်အားစုများမှ ပူးပေါင်းပြီး ပဒေသာမိုင်းများဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုတွင် အရာရှိတစ်ဦး အပါအဝင် စစ်ကောင်စီတပ်သား စုစုပေါင်း​လေး
ဦး သေဆုံးပြီးသုံးဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း အတည်ပြုထုတ်ပြန်သည်။

“မိမိတို့တော်လှန်ရေး ရဲဘော်များမှာလည်း အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါသည်”ဟု FRF က အသိပေးသည်။

“ကျွန်တော်တို့ သတင်းရတယ်ဆိုတာနဲ့ စကစတွေရဲ့ကားဟုတ်၊မဟုတ် အသေအချာစိစစ်ပြီး သေချာပြီဆိုမှ အခုလိုဆွဲလိုက်ပါ”ဟု FRF(CHU)၏တာဝန်ခံ ဗိုလ်ဒေါင်းမင်းက ပြောသည်။

FRF(CHU) တပ်ရင်းသည် ပြောက်ကျားစစ်ဆင်ရေးများကို အရှိန်အဟုန်မြင့်လုပ်ဆောင်လျက်ရှိရာ ပြည်သူများ အထိအခိုက်မရှိစေရန် အထူးဂရုပြုဆောင်ရွက်လျှက်ရှိပြီး ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များ လှုပ်ရှားမှုကို သတိကြီးကြီးထား၍ ဂရုတစိုက်ရှောင်ရှားသွားလာကြပါရန် ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အရပ်ဘက်လူ့အဖွဲ့အစည်းဆိုတာဟာ လူ့အဖွဲ့အစည်း တရပ်လုံးရဲ့ ကောင်းကျိုးအတွက် လူ့အခွင့်အရေး စံတန်ဖိုးတွေကို တည်ဆောက်ရမှာလို့ ဒီနေ့ ထုတ်ပြန်တဲ့ သဘောထားကြေညာချက်မှာ ရှင်းပြထားပါတယ်။

သတင်း

FRF (CHU) တပ်ရင်းသည် ပြောက်ကျားစစ်ဆင်ရေးများကိုအရှိန်အဟုန်မြင့်လုပ်ဆောင်နေပြီးပြည်သူများအထိအခိုက်မရှိစေရန် အထူးဂရုပြုဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များ လှုပ်ရှားမှုကိုသတိကြီးကြီးထား၍ဂရုတစိုက်ရှောင်ရှားသွားလာကြပါရန် FRFက အသိပေးသည်။

သတင်း

သေနတ်ပစ်ခတ်ခံရပြီးနောက် ဆေးကုသမှုပြုလုပ်ဖို့ ပုဂံဘက်ခြမ်းကို သယ်ဆောင်ခဲ့ပေမယ့် အသက်သေဆုံးသွားပါတယ်။

သတင်း

နန်းထိုက်အောင်မြို့ပြစစ်ဆင်‌ရေး ရက်ပေါင်း ၆၀ အတွင်း ပစ်မှတ် ၉၁ခုအား တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၈၀ဦးထက်မနည်း သေဆုံးပြီး ၉၀ကျော် ပြင်းထန်ဒဏ်ရာများရရှိကြောင်း အဆိုပါစစ်ဆင်ရေးတာဝန်ခံက People's Springသို့ ပြော သည်။