Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချောင်းဦးတွင်စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့​သော​နေအိမ်၆၀ကို မုံရွာတကသကတစ်အိမ်​ထောင်လျှင်ကျပ်​လေး​သောင်းကူညီ

ပထမရွာတွင် အိမ်ခြေ (၄၁)အိမ်စာအတွက်ကျပ် ၁၆ သိန်း​ကျော်( ၁,၆၄၀,ဝ၀၀ )ကူညီထောက်ပံ့ခဲ့ပြီး ဒုတိယရွာတွင် အိမ်ခြေ (၁၉) အိမ်စာအတွက် ၇၆၀,၀၀၀ ပေးအပ်လှူဒါန်းကူညီပေးခဲ့ကြောင်း မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ပြောသည်။

(မုံရွာ တကသ ကစစ်​ဘေး မီး​ဘေးသင့်ပြည်သူများကို ကူညီစဥ် /အကြမ်းဖက်စစ်တပ်မီးရှို့ခဲ့​သော​နေအိမ်များ။ ဓါတ်ပုံ - မုံရွာတကသ)
(မုံရွာ တကသ ကစစ်​ဘေး မီး​ဘေးသင့်ပြည်သူများကို ကူညီစဥ် /အကြမ်းဖက်စစ်တပ်မီးရှို့ခဲ့​သော​နေအိမ်များ။ ဓါတ်ပုံ - မုံရွာတကသ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းခံရသော အိမ်ထောင်စုများအားတစ်အိမ်ထောင်လျှင် ကျပ်လေးသောင်းနှုန်းဖြင့်အိမ်ခြေ ၆၀ကို ကူညီထောက်ပံ့ခဲ့ကြောင်း မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက သတင်းထုတ်ပြန်သည်။

မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ကအလှူရှင်အဖွဲ့တစ်ဖွဲ့၏ ထောက်ပံ့ကူညီမှုဖြင့်ချောင်းဦးမြို့နယ်ရှိကျေးရွာ ၂ရွာမှစစ်ဘေးရှောင် ပြည်သူအချို့နှင့်တွေ့ဆုံခဲ့သည်။

မီးရှို့ခံခဲ့ရသော အိမ်ထောင်စုများထံသို့ တစ်အိမ်ထောင်လျင် (၄၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း အိမ်ခြေ ၆၀ စာ ထောက်ပံ့ကူညီခဲ့ကြောင်း မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ယ​နေ့ခုတ်ပြန်အသိပေးသည်။

ပထမရွာတွင် အိမ်ခြေ (၄၁)အိမ်စာအတွက်ကျပ် ၁၆ သိန်း​ကျော်( ၁,၆၄၀,ဝ၀၀ )ကူညီထောက်ပံ့ခဲ့ပြီး ဒုတိယရွာတွင် အိမ်ခြေ (၁၉) အိမ်စာအတွက် ၇၆၀,၀၀၀ ပေးအပ်လှူဒါန်းကူညီပေးခဲ့ကြောင်း မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ပြောသည်။

“ချောင်းဦးမြို့နယ်ထဲမှာဆိုရင် စကစ နဲ့ ပျူတွေနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို အကြမ်းဖက်ဖမ်းစီး သတ်ဖြတ်တာတွေ၊ နေအိမ်တွေကို မီးရှို့ဖျက်​ဆီးတာတွေကို ဒီနှစ်ကာလ အစောပိုင်းကာလကနေစပြီး ဒီနေ့ ဒီအချိန် အထိ ပြုလုပ်နေတာဖြစ်တယ်။ ပြည်သူတွေဟာလည်းအဲဒီဒုက္ခဆိုးတွေကို အကောင်းဆုံးခါးဆီးခံရင်းတော်လှန်ရေးကိုဆက်လုပ်နေကြတယ်ဖြစ်တယ်၊ကျနော်တို့ ပြည်သူတွေအနေနဲ့ ဒီလိုဒုက္ခသည်တွေကို အားပေးကူညီသင့်ပါတယ်။”ဟုမုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့က ပြောသည်။

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီး ၁၅ လတာကာလအတွင်း စစ်ကိုင်းတိုင်းရှိ ကျေးရွာများမှ နေအိမ် ၁၃,၈၀၀ ကျော်မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data for Myanmar က ဖော်ပြထားသည်။ ဧပြီလကုန်ပိုင်းအထိ အိမ်ခြေ ၇,၅၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး မေလတစ်လတည်းတင်စစ်တပ်က အိမ်ခြေ ၆,၃၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးတွင် နိုင်ငံတော်နှင့်ပြည်သူ့အကျိုးစီးပွားအတွက်တိုက် ပွဲဝင်ရင်း ကျဆုံးခဲ့ရသဖြင့် မိသားစုနှင့်ထပ်တူထပ်မျှ ဆို့နင့်ကြေကွဲဝမ်းနည်းရသည်ဟု အသိပေးသည်။

သတင်း

FRF (CHU) တပ်ရင်းသည် ပြောက်ကျားစစ်ဆင်ရေးများကိုအရှိန်အဟုန်မြင့်လုပ်ဆောင်နေပြီးပြည်သူများအထိအခိုက်မရှိစေရန် အထူးဂရုပြုဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များ လှုပ်ရှားမှုကိုသတိကြီးကြီးထား၍ဂရုတစိုက်ရှောင်ရှားသွားလာကြပါရန် FRFက အသိပေးသည်။

သတင်း

"ကျွန်တော်တို့ သတင်းရတယ်ဆိုတာနဲ့ စကစတွေရဲ့ကားဟုတ်၊မဟုတ် အသေအချာစိစစ်ပြီး သေချာပြီဆိုမှ အခုလိုဆွဲလိုက်ပါ"ဟု FRF(CHU)၏တာဝန်ခံ ဗိုလ်ဒေါင်းမင်းက ပြောသည်။

သတင်း

စုစုပေါင်း အိမ်​ခြေ၇၀ကျော်ရှိသည့်အနက် နေအိမ် ​လေးလုံးခန့်သာကျန်ပြီး ရွာလုံးကျွတ်နီးပါး ပျက်စီးသွားကြောင်း မုံရွာ - အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။